25.2

3.5K 540 33
                                    

အပိုင်း - ၂၅.၂

ဘာသာပြန်သူ - Emily

**

*ခရီးသွားခြင်း*က ဒုတိယမြောက် ကြည့်ရှုနှုန်းအမြင့်ဆုံးရှိုးတစ်ခုအဖြစ် ခုန်တက်သွားသည်။ ငါးနှစ်အတွင်းမှာ ရခဲ့တဲ့ အမြင့်ဆုံးကြည့်ရှုနှုန်းဖြစ်သည်။ အားလုံးကလည်း ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

ယွမ်ထျန်က ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ သူတို့ ဘယ်ထင်ပါ့မလဲ?

ယွမ်ထျန်က ညနေ2နာရီကျော်လောက်မှ နိုးလာခဲ့သည်။ အိပ်ရာကနေ ထလာပေမယ့် အိပ်ချင်မူးတူးဖြစ်နေသေးသည်။ သူမ မီးဖိုချောင်ထဲဝင်သွားကာ မနက်ကကျန်သေးတဲ့ ဆန်ပြုတ်ကို ပြန်နွှေးပြီးစားလိုက်သည်။

ယွမ်ထျန် ခေါင်းဗလာဖြင့် မီးဖိုချောင်ထဲမှာ ထိုင်နေပြီး ခဏကြာမှ အလုပ်ပြန်စလုပ်တော့သည်။ ဆိုင်ရဲ့ပန်းချီကားတွေနဲ့ အချို့အလှဆင်ပစ္စည်းတွေကို နေရာပြန်ချသည်။ အားလုံးပြီးတာနဲ့ လက်ဖက်ရည်ဆိုင်လေးက အသစ်လိုပြန်ဖြစ်သွားသည်။

ပထမအထပ်မှာ မနေ့ကထက် ပိုပြီး လူတွေများလာခဲ့သည်။ ရှုကျင်းကို အပြင်မှာရပ်ကာ လူတွေခေါ်ခိုင်းပေမဲ့ သူက အမူအရာမဲ့နေတဲ့မျက်နှာနဲ့ တံခါးမှာရပ်နေသည်။ ဧည့်သည်တွေကို ကြိုဆိုရမယ့်အစား ပါးစပ်ကို ခပ်တင်းတင်းပိတ်ထားသည်။ ချမ်းသာတဲ့သခင်လေးတွေက ဒီလိုအလုပ်မျိုးကို ဘယ်လုပ်နိုင်ပါ့မလဲလေ။

ယွမ်ထျန်ကတော့ ဒါကိုမြင်တော့ ရှုကျင်းဆီကိုလျှောက်သွားကာ သူ့ပခုံးကို ပုတ်လိုက်သည်။
"နင့် ပါးစပ်ကို ဖွင့်လိုက်လို့မရဘူးလား?"

ရှုကျင်းက မျက်မှောင်ကျုံ့ကာ ဘာမှပြန်မပြောပေ။ ထိုစဉ် နိုင်ငံခြားသားတစ်ယောက် သူမတို့အနားကို ရောက်လာသည်။ ယွမ်ထျန်က လက်ဖက်ရည်ဆိုင်ကိုလာလည်တဲ့ဧည့်သည်တစ်ယောက်လို့ တွေးလိုက်သည်။ အမှန်က အဲဒီလူက သူ့ပိုက်ဆံအိတ်ပျောက်သွားလို့ သူမတို့ဆီက 10ယူရိုချေးချင်လို့ လာသူဖြစ်သည်။

ရှုကျင်းက ပိုက်ဆံအိတ်ထုတ်လိုက်တာနဲ့ တစ်ဖက်လူက ရုတ်တရက်လုကာ ပြေးသွားသည်။ ရှုကျင်းရော ယွမ်ထျန်ရော ကြောင်သွားပြီးမှ ယွမ်ထျန်က ရှုကျင်းရဲ့လက်ကိုဆွဲပြီး

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now