66.2

3.2K 353 26
                                    

အပိုင်း - ၆၆.၂

ဘာသာပြန်သူ - Emily

**

သူက ယွမ်ထျန့်ကို ရုပ်ရှင်ကနေ မရရအောင် ကန်ထုတ်မယ့်ပုံပေါ်နေသည်။ ကျီဝမ်ကျန်းရဲ့အဖွဲ့က သာမန်မဟုတ်ပေ။ ကျီဝမ်ကျန်းက အဆင့်မြင့်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ကုမ္ပဏီရှယ်ယာတွေကိုလည်း ပိုင်ဆိုင်ပြီး သာမန်မဟုတ်တဲ့ အနေအထားတစ်ခုမှာရှိသည်။ သူ့အဖွဲ့ကလည်း အနုပညာလောကရဲ့ ထိပ်တန်းအဖွဲ့တစ်ခုထဲမှာ ပါဝင်သည်။  ရုပ်ရှင်ရဲ့ရင်းနှီးမြှုပ်နှံသူတွေကပါ ကျီဝမ်က်ျးနဲ့ တစ်ဖွဲ့တည်းဖြစ်သည်။

ချောင်ဆွေ့အန်း ယွမ်ထျန်ကို မစွန့်ပစ်ချင်။ ပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေနဲ့လည်း ရန်မများချင်ပေ။ ရင်းနှီးမြှုပ်နှံသူတွေကြောင့် ရုပ်ရှင်ကလည်း အချိန်ကြာသွားနိုင်သည်။ ပြီးတော့ ကျီဝမ်ကျန်းကိုလည်း သူ မစွန့်ပစ်နိုင်။ ကျီဝမ်ကျန်းက သူလိုချင်တဲ့ မင်းသားရဲ့သရုပ်ဆောင်မှုနဲ့ ကွက်တိပဲ။

ယွမ်ထျန်ကလည်း သူကိုယ်တိုင် စိတ်ကျေနပ်လို့ ရွေးချယ်ထားတဲ့ အဓိကမင်းသမီးတစ်ယောက်ပဲ။ ဒီအခြေနေကြီးက သူ့ကို စိတ်ရှုပ်ထွေးစေသည်။ ဘာတွေဖြစ်နေမှန်း သူမသိပေ။ ဒီတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သူ့လက်ထောက်ကို သွားရှာခိုင်းရတော့သည်။ အဲတော့မှ ရှိုးပွဲရိုက်ရင်း နှစ်ယောက်ကြားက အဖုအထစ်ကို သူ ရှာတွေ့သွားခဲ့ရသည်။

ကျီဝမ်ကျန်းလို မာနသခင်နဲ့ယွမ်ထျန်လို မဟုတ်မခံ နှစ်ယောက် မတည့်တာ မဆန်းပေ။

ချောင်ဆွေ့အန်းက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကျီဝမ်ကျန်းအဖွဲ့ရဲ့ ဖိအားကို အများကြီးခံနေရတာကြောင့် ကျီဝမ်ကျန်းကို တိုက်ရိုက်ပဲ ပြောရတော့သည်။
"ဘာကြောင့် ဒီလိုလုပ်တာလဲ?"

ကျီဝမ်ကျန်းက ဒါရိုက်တာကိုတော့ ယဉ်ကျေးနေသေးသည်။
"ယွမ်ထျန်က ဒီရုပ်ရှင်မှာ သရုပ်ဆောင်နိုင်မှာမဟုတ်ဘူး"

ယွမ်ထျန်က သရုပ်ဆောင်အရည်အချင်းမရှိဘူး။ သူနဲ့အတူ သရုပ်ဆောင်ဖို့အတွက်ပေါ့။

ကျီဝမ်ကျန်းရဲ့မျက်လုံးထဲမှာ ယွမ်ထျန်က လူတစ်ဖက်သားကို အနိုင်ကျင့်တတ်တဲ့ တကယ့်ဗီလိန်တစ်ယောက်ပဲ။ သူ ယွမ်ထျန့်ကို ကန်ထုတ်ပစ်ဖို့ ကြိုးစားခဲ့ပေမယ့် သူချည်းပဲ ရှုံးနိမ့်ခဲ့ရသည်။ ဒီတော့ ဒီရုပ်ရှင်မှာတော့ သူ အနိုင်ယူရလိမ့်မယ်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now