20.2

3.4K 507 17
                                    

အပိုင်း - ၂၀.၂

ဘာသာပြန်သူ - Emily

**

အခြားဧည့်သည်တွေကလည်း ကျိုးမန့်ကို ချွေတာတတ်ပြီး မသုံးဖြုန်းတတ်တဲ့သူလို့ မြင်သွားသည်။ ရှုကျင်းကတော့ ဘာစကားမှ ဝင်မပြောပေ။

ခဏလောက်စဉ်းစားပြီးတော့ ယွမ်ထျန်က

"အခုက ပူတဲ့ရာသီ။ ပြီးတော့ လူလည်းများတယ်။ ပြီးတော့ ဒီကလမ်းတွေကလည်း သိပ်မတူဘူး။ ပြီးတော့ လူတိုင်းကလည်း အဝတ်အိတ်နှစ်အိတ်နဲ့လေ။ မြေအောက်ရထားနဲ့သွားတာထက် ကားငှါးပြီးသွားရင် ပိုကောင်းမယ်။ အရမ်းလည်းဈေးမကြီးပါဘူး"

ကျိုးမန့်က အိမ်ရှင်မတွေလို စိစစ်တတ်တဲ့သူလို သရုပ်ဆောင်လိုက်ကာ

"အာ..အရမ်းကြီးဈေးမကြီးဘူးတဲ့လား? အဲဒါကရော ပိုက်ဆံမဟုတ်လို့လား? တက်စီငှါးရင် 200တောင်ကျမှာလေ။ မြေအောက်ရထားစီးရင် 30ပဲ ကျမှာ"

"အားလုံးပဲ ကျိုးမန့်ပြောသလိုပဲ လုပ်ကြရအောင် အချိန်မကုန်စေနဲ့ဦး"

ဧည့်သည်တစ်ယောက်ဖြစ်သည့် စီနီယာအဆိုတော်တစ်ယောက်က စပီကာနဲ့အော်လိုက်သည်။ ခဏလောက်တိတ်ဆိတ်နေပြီးမှ ယွမ်ထျန်က

"ဒါဆို ကျွန်မ ကားစောင့်နေလိုက်ဦးမယ်။ ရှင်တို့ မြေအောက်ရထားကနေ သွားကြလေ"

ကျိုးမန့်ကလည်း ဒါကိုပဲ အလိုရှိနေတာဖြစ်တာကြောင့် ချက်ချင်းပင် ချိုသာစွာပြုံးလိုက်ကာ

"ကောင်းပြီလေ"

တိုက်ရိုက်ထုတ်လွှင့်မှုက အတော်ကို စိတ်ဝင်စားစရာကောင်းသည်။

/ကျိုးကျဲကျဲက ပထမဆုံဂိမ်းမှာတင် နိုင်နေပြီ။ ကျစ် ကျစ်. ယွမ်ထျန်ကတော့ အရမ်းခါးသီးပြီး မုန်းနေတော့မှာပဲ/

/ကျိုးကျဲကျဲလို အသေးစိတ်ကျတဲ့ မိန်းကလေးကို ငါ မမြင်ဖူးသေးဘူး။ သူမက နောက်ခံနဲ့တက်လာတဲ့သူဆိုတာကို ငါမယုံဘူး။ သူမက ယွမ်ထျန်ထက် ပိုကောင်းပြီး ပိုတော်တယ်။ ယွမ်ထျန်က ဘယ်တော့မှ ပေါ်ပြူလာဖြစ်လာမဲ့သူမဟုတ်ဘူး/

/ကျိုးမန့်ကျဲက ငါ့တို့ရဲ့ role modelပဲ. ယွမ်ထျန်က အရမ်းကို မာနကြီးလွန်းတယ်။ သူမက စေတနာနဲ့ မထိုက်တန်ဘူး/

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now