30.2

3.4K 489 31
                                    

အပိုင်း - ၃၀.၂

ဘာသာပြန်သူ - Emily

**

ရှန်းရှဲ သူ့လက်ထဲက စာရွက်တွေကို တင်းတင်းဆုပ်လိုက်သည်။ သူ့ရဲ့ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေဆီကနေ အမေးတစ်ခုက ရုတ်ချည်းထွက်ကျလာသည်။

"မင်း ဘယ်အချိန်ကတည်းက စာ စရေးခဲ့တာလဲ?"

ယွမ်ထျန်က မပြောင်းလဲတဲ့မျက်နှာအမူအရာနဲ့ သူ့ကိုကြည့်လိုက်ကာ
"မေ့သွားပြီ"

ရှန်းရှဲကို ကြည့်ရတာ ဒေါသထွက်လာပုံပင်။ ဒါပေမဲ့ သူ ဘာကြောင့် ဒေါသထွက်ရလဲဆိုတာကို ယွမ်ထျန်နားမလည်ပေ။ အရင်တုန်းက သူ ဒီစာတွေကို တစ်လုံးတောင်မှ မဖတ်ခဲ့ဖူးဆိုတာကို သူမ နားလည်လိုက်သည်။

သူမက သူ့အနားမှာ ယင်ကောင်တစ်ကောင်လို့ လိုက်တွယ်ကပ်နေတာကြောင့် ရှန်းရှဲက သူမကို မုန်းနေမှာပဲလေ။ လက်ထပ်ပြီးသွားတော့ကော…ပိုပိုပြီး မုန်းသွားမှာပေါ့။

သူတို့တွေ မှားခဲ့ကြပြီး နောက်တစ်နေ့မနက်မှာ သူမက အိပ်ရာပေါ်မှာ လှဲနေရင်း အဝတ်အစားဝတ်နေသော သူ့ကိုကြည့်နေမိသည်။ သူက နီရဲနေတဲ့မျက်လုံးတွေနဲ့ ဘာစကားမှ မပြောပဲ သူမကိုကြည့်ကာ အိပ်ရာဘေးက ပိုက်ဆံအိတ်ကိုဖွင့်ပြီး ကဒ်တစ်ကဒ် ဆွဲထုတ်ကာ ပစ်ပေးသည်။

ဘဝကြီးက သူမအပေါ် အရမ်းရက်စက်တာပဲ. ယွမ်ထျန် ပင့်သက်ရှိုက်မိသွားသည်။ အခုချိန်ပြန်တွေးတော့ အားလုံးက မကောင်းခဲ့တဲ့အတိတ်တွေပဲ။

ယွမ်ထျန် ရှန်းရှဲကို တောင်းပန်စကားဆိုလိုက်သည်။
"ငါတောင်းပန်ပါတယ်။ ငါ နင့်ကို မကြိုက်ခဲ့သင့်ဘူး"

သူမ ဒီလိုပြောလိုက်တော့ ရှန်းရှဲပိုဒေါသထွက်လာသည်။ ဒါပေမဲ့ အကြောင်းအရင်းကို ယွမ်ထျန် မသိသလို စဉ်းလည်းမစဉ်းစားနိုင်ပေ။ သူ့တစ်ကိုယ်လုံးကတော့ ဒေါသကြောင် တုန်ရီနေပြီ။

အင်း သူတကယ်ကြီးကို တုန်နေတာ။ ဖြူလျော်နေတဲ့မျက်နှာ မျက်လုံးနီတွေနဲ့ မျက်ခုံးတွေတွန့်ချိုး၊ အံတွေကြိတ်ပြီးတော့ပေါ့။ ပြီးတော့ သူ့လက်ထဲက စာရွက်တွေကို ဆုပ်ထားတာကလည်း သွေးကြောကြီးတွေ တင်းနေအောင်ထွက်လို့။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now