14.2

3.7K 498 11
                                    

အပိုင်း - ၁၄.၂

ဘာသာပြန်သူ - Emily

**

အိပ်ရာမဝင်ခင် ယွမ်ထျန် သူငယ်ချင်းတွေစုထားသည့် gpထဲသို့ ဝင်ကြည့်လိုက်သည်။ အားလုံးက ကျစ်ရှောင်ကျိုရဲ့မွေးနေ့အတွက် ဆုတောင်းပေးထားကြသည်။

ညသန်းခေါင်မရောက်ခင် ကျစ်ရှောင်ကျိုက သရဖူလေးဆောင်းပြီး မျက်လုံးလေးမှိတ်ကာ ဆုတောင်းနေသည့်ပုံကို တင်လိုက်သည်။ အပေါ်မှာရေးထားသည့် ခေါင်းစဉ်ကတော့

(ကျွန်မကိုချစ်ပေးတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ မွေးနေ့ပွဲကို တက်ရောက်လာပေးတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ တကယ်ကို စိတ်လှုပ်ရှားပြီး ပျော်ရပါတယ်။ အားလုံးလည်း ကျွန်မလိုပဲ ပျော်ပါစေလို့ မျှော်လင့်ပါတယ်နော် heart heart heart)

သူမ ဈေးပေါနေတာ လုံလောက်ပြီလို့ ယွမ်ထျန်တွေးလိုက်သည်။ ထို့နောက် ထိုပို့စ်အောက်မှာ မှတ်ချက်သွားရေးလိုက်သည်။

"အစ်မရေ Pအနောက်က ဖယောင်းတိုင်က ကောက်နေသလိုပဲနော်"

တစ်မိနစ်ကြာပြီးနောက် ကျစ်ရှောင်ကျိုက ထိုကောမန့်ကို တိတ်တိတ်လေး ဖျက်ပစ်လိုက်တာကို တွေ့လိုက်ရသည်။

ယွမ်ထျန် ရယ်လိုက်ကာ ဖုန်းကို လက်မှာကိုင်ထားပြီး ကိုယ်ကို အိပ်ရာပေါ် တစ်ပတ်လှည့်လိုက်သည်။

**

ရုပ်ရှင်ရိုက်ကူးရေးအချိန်ဇယားက နှစ်ရဲ့ဒုတိယနှစ်ကုန်ပိုင်းမှာဖြစ်သည်။ ရုပ်ရှင်မရိုက်ကူးခင် အချိန်ရတုန်းမှာ ယွမ်ထျန် ကျစ်အိမ်တော်ကို ပြန်သွားကာ သူမနဲ့ရှန်းရှဲ ကွာရှင်းလိုက်တာကို မိဘတွေကို အသိပေးလိုက်သည်။ ကျစ်မားမားကတော့ ဒေါသတကြီး ဆူဆဲပစ်သည်။

ဒါပေမဲ့ သူမစကားတွေက ယွမ်ထျန်ရဲ့ဘယ်ဘက်နားကဝင်ပြီး ညာဘက်နားက ပြန်ဝင်သွားကြသည်။ နှစ်ကူးပြီး ဒုတိယလမှာတော့ ယွမ်ထျန် အဝတ်တွေကို မြန်မြန်ထုပ်ပိုးထားလိုက်သည်။ သူမ ရိုက်ကူးရေးလုပ်ဖို့ မစောင့်နိုင်တော့ပေ။

ရိုက်ကွင်းက ပေကျင်းမြို့ပြင်က ရုပ်ရှင်မြို့တော်မှာဖြစ်သည်။ ရိုက်ကူးရေး စဖို့ ရက်အနည်းငယ်လိုမှ ဇာတ်လမ်းရဲ့အဓိကမင်းသားက ချင်အန်းဆိုတာကို ယွမ်ထျန်သိလိုက်ရသည်။ အဓိကမင်းသမီးကတော့ အသက်30ပဲရှိသေးပေမဲ့ နိုင်ငံတကာမှာ ကျော်ကြားနေပြီဖြစ်သော မင်းသမီးလီတန်ပင်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now