15.2

3.6K 496 5
                                    

အပိုင်း - ၁၅.၂

ဘာသာပြန်သူ - Emily

**

ရုပ်ရှင်ကတော့ အချိန်ဇယားအတိုင်းပဲ ရိက်ကူးနေသည်။ ဒါပေမဲ့ အပြင်ကလူတွေကတော့ အဓိကမင်းသားမင်းသမီးကိုပင် မသိရသေးပေ။

ပွဲတော်ရက်ကတည်းက *အမည်မသိသော*ရုပ်ရှင်အတွက် ဘလော့တစ်ခုလုပ်ခဲ့ပေမဲ့ ဘာကိုမှ မတင်သေးပေ။ သို့သော်လည်း လီတုန်နဲ့ချင်အန်းရဲ့ နိုင်ငံတကာပရိသတ်တွေက သိနေကြပြီဖြစ်သည်။ ဒါပေမဲ့ သူတို့ကလည်း နှုတ်လုံကြသည်။

ပေကျင်းရဲ့အပြင်ဘက် ရုပ်ရှင်မြို့တော်မှာ 12ရက်သာရှိသေးပေမဲ့ ရေခဲအလွှာလေးတွေက ရေကန်တွေမှာ ဖုံးအုပ်နေကြပြီဖြစ်သည်။

အပြင်ထွက်တဲ့အခါ ယွမ်ထျန် သေချာဂရုစိုက်နေရသည်။ သူမ အအေးမိမှာကို ကြောက်သည်။ ဒါပေမဲ့ ကံကောင်းတာက တစ်ရက်မှ တစ်ခန်းပဲ ရိုက်ရတာကြောင့် သူမ ဟိုတယ်ကို မြန်မြန်ပြန်လာပြီး နားနိုင်သည်။

တစ်ညမှာတော့ အွန်လိုင်းပေါ်မှာ ပရိသတ်တွေ အုံကြွလာပြန်သည်။

/ဖာ့ခ်!! *အမည်မသိသော*ရဲ့ ဒုတိယမင်းသမီးက ယွမ်ထျန်တဲ့! ငါ ကြားခဲ့တာ!/

/ယွမ်ထျန် နောက်ဖေးပေါက်ကနေ ဝင်ခဲ့ပြန်ပြီလား?/

/ပုံမပြနိုင်ပဲနဲ့ လျှောက်မပြောနေနဲ့/

/တစ်နေ့တော့ ပိုစတာမှာတွေ့ရမှာပေါ့။ ဘယ်သူမှာ ပိုစတာကို ကြိုပြီးတင်ပေးချင်ကြလဲဟင်?/

မကြာခင်မှာပင် ယွမ်ထျန်နဲ့လီတုန်တို့ရိုက်ထားတဲ့ ပိုစတာတစ်ခုကို အကောင့်တစ်ခုကနေ ပို့စ်တင်လိုက်သည်။ ဒါကြောင့် ယွမ်ထျန် ရုပ်ရှင်ရိုက်နေတာက တကယ်ကို သေချာသွားလေသည်။

/သူမက ကန်ထုတ်ခံလိုက်ရပြီးပြီမဟုတ်လား? စတားအင်တာတိန်းမန့်က အဆင်ပြေရဲ့လား? အရူး! ကန်ထုတ်ခံရပြီးရင်လည်း ပြန်သွားလို့ရသေးတယ်လား?/

/ဟားဟားဟားဟားဟား ယွမ်ထျန်က နင်တို့မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ/

/ပရိသတ်တွေ ထွက်လာကြ/

/နင်တို့တွေ ယွမ်ထျန်ရဲ့နောက်ခံကို မေ့သွားကြပြီထင်တယ်။ ကျစ်မိသားစုရဲ့အငယ်ဆုံးသမီးလေးလေ။ အရမ်းတော်တဲ့ မင်းသမီးလေးလိုအစ်မတစ်ယောက်လည်း ရှိသေးတယ်။ ကမ္ဘာအင်တာတိန်းမန့်က ရှန်းရှဲရဲ့ ဇနီး ချင်မိသားစုပိုင်အင်တာတိန်းမန့်နဲ့လက်မှတ်ထိုးစာချုပ်ချုပ်ထားတာ။ ချင်ယွီနဲ့ရှန်းရှဲနဲ့ကလည်း သူငယ်ချင်းတွေပဲ။ အဲလိုနောက်ခံကြီးနဲ့လူက လိုချင်တာမှန်သမျှ ရပြီပေါ့ဟ။ ကျန်တဲ့သူတွေကတော့ ပြိုင်စရာတောင်မလိုတော့ပဲ ရှုံးနိမ့်သွားရမှာပဲ/

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now