79

1.3K 183 9
                                    

အပိုင်း - ၇၉

ဘာသာပြန်သူ - Emily

**

ဓာတ်လှေကားရဲ့မီးပဲ မှိန်နေလို့လားမသိ။ ချင်အန်းတစ်ယောက် သူ့အစ်ကိုရဲ့အရမ်းကိုတည်နေတဲ့ မျက်လုံးနဲ့မျက်နှာထားကို မမြင်ပဲ ဆက်ပြီးတော့ စကားတွေပြောနေသည်။

"အစ်ကိုရှန်းရှဲက ဘာဆိုပြီး အစ်ကိုပြောခဲ့တယ်မလား? ရှန်းရှဲက ဘယ်လောက်ပဲ ပြန်လက်ထပ်ချင်နေပါစေ ယွမ်ထျန်က လုံးဝလက်ခံမှာမဟုတ်ဘူးလို့ အစ်ကိုပြောခဲ့တယ်မလား?"

ချင်ယွီရဲ့မျက်လုံးတွေက ရေခဲတောင်ကြီးလို အေးခဲလာကာ ချင်အန်းကို ကြည့်လိုက်ပြီး
"မင်းအမေရဲ့လက်ထပ်ပွဲကို ငါတက်ပေးမယ်"

ချင်ယွီရဲ့သဘောထားကိုမြင်ရပြီးတော့ ချင်အန်း ချက်ချင်းကို ပါးစပ်ပိတ်လိုက်သည်။ ပြီးတော့ ခေါင်းလေးငုံ့ပြီး ချင်ယွီနောက်ကနေ တိတ်တိတ်လေးပဲ လိုက်သွားခဲ့သည်။

ယွမ်ထျန်ရဲ့အိမ်ခန်းအရှေ့ကိုရောက်တော့ ချင်အန်းက ပိတ်ထားတဲ့တံခါးကိုကြည့်ပြီး
"သူမကို နိုးလိုက်တော့. အိမ်ကိုတော့ ခေါ်မသွားနိုင်ဘူးနော်"

ချင်ယွီက မျက်ခုံးပင့်လိုက်ကာ
"ဘာလို့ မခေါ်နိုင်ရမှာလဲ?"

ချင်အန်း တိတ်တိတ်လေး အံ့သြသွားသည်။ ဒါက မကောင်းလောက်ဘူးဆိုတာကို သူ ပြောချင်ပေမဲ့ မပြောရဲပေ။ နောက်တစ်နေ့ ယွမ်ထျန်က သူ့အစ်ကိုအိပ်ရာပေါ်ရောက်နေတာကို သိပြီး သူ့အစ်ကိုကိုသတ်သွားမယ့် ပုံကိုသာ မြင်ယောင်ကြည့်လိုက်သည်။

"အစ်ကို လူတွေကို ဒီလိုမျိုး ဆက်ဆံလို့မရဘူးလေ"

ချင်ယွီက ယွမ်ထျန်တိုက်ခန်းဘေးက သူ့အခန်းကိုဖွင့်ကာ အထဲကိုဝင်ပြီး သူ့အိပ်ခန်းထဲသို့ သူမကို တိုက်ရိုက်သယ်သွားခဲ့သည်။ သူ့အခန်းရဲ့ပြင်ဆင်မှုက ပျင်းစရာကောင်းသည်။ သူက ယွမ်ထျန်ကို အိပ်ရာပေါ်တင်ပေးကာ ဖိနပ်တွေချွတ်ပေးလိုက်သည်။ ပြီးတော့ ခဏလောက်ရပ်ကြည့်နေပြီးမှ သူမကို စောင်ခြုံပေးလိုက်သည်။

ပြီးတော့ ရုတ်တရက်ကြီးချောင်းဆိုးလာကာ အခန်းထဲကနေ ထွက်သွားသည်။ မီးဖိုချောင်ထဲကိုသွားပြီး ရေနွေးလေးတစ်ခွက် ခပ်ထည့်လိုက်သည်။ ရေနွေးနွေးလေးကိုသောက်ပြီးတော့ လည်ချောင်းထဲက ယားယံမှုကို ဖြေသိမ့်လိုက်သည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Waar verhalen tot leven komen. Ontdek het nu