9.2(HNY❤)

3.8K 495 3
                                    

အပိုင်း - ၉.၂

ဘာသာပြန်သူ - Emily

**

ရှုကျင်းရဲ့မိန်းကလေးဖန်တွေက ထိုကောမန့်တွေကို ဒေါသထွက်လွန်းလို့ သေမတတ်ဖြစ်နေကြသည်။ ပြီးတော့ အရင်ကသူမကို မုန်းတဲ့လူတွေရော အခုမှစမုန်းတဲ့သူတွေကပါ ပြဿနာကို ပိုပိုတက်အောင်လုပ်ပေးနေကြသည်။

/နံပါတ်တစ်သရုပ်ဆောင်က နင်လိုချင်တိုင်း ကပ်လို့ရတဲ့သူမဟုတ်ဘူး/

/နာမည်ကြီးမင်းသားကိုမကပ်နဲ့။ နင်က နာမည်ကြီးမယ့်သူမဟုတ်ဘူး/

/လက်ထပ်ထားပြီးပြီဆိုရင်လည်း အေးအေးဆေးဆေးနေပေးပါ။ ငါတို့လူကို လာမထိနဲ့/

/နင့်အမေက နင့်ကို ဒီလိုမကပ်ရဘူးလို့ မသင်ပေးပဲ သေသွားတာလား/

ဒီလိုပြဿနာအသေးလေးတွေကတော့ သိပ်ပြီး စိတ်ဝင်စားစရာမရှိပေ။ ခဏလောက်နားပြီးနောက်မှာတော့ ဂိမ်းဆော့ရမည့်အချိန်ဖြစ်သည်။ ရှိုးပွဲကို လူကြည့်များစေဖို့အတွက် သူတို့က ရှုကျင်းနဲ့ယွမ်ထျန်ကို တစ်ဖွဲ့တည်းလုပ်ပေးလိုက်သည်။

ဂိမ်းက တကယ်ကို ရိုးရှင်းပါသည်။ တစ်ယောက် မဲဆွဲထားတာကို တစ်ယောက်ကခန့်မှန်းရမည်ဖြစ်သည်။ တစ်ယောက်က အမူအရာပြရမည့်အရာပင်။

သေချာစွာပင် ယွမ်ထျန်နဲ့ရှုကျင်းက ဂိမ်းဆော့နေပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်မှုမရှိပေ။ ရှုကျင်း သူမကို တကယ်ကို အထင်သေးသွားမယ်ဆိုတာကို သူမခန့်မှန်းနိုင်ပါသည်။

ယွမ်ထျန်ရဲ့မျက်လုံးတွေက အရင်နဲ့သိပ်မတူပဲ အနည်းငယ်ပြောင်းလဲသွားသည်။ ရှုကျင်းမျက်မှောင်ကျုံ့ကာ သူ့မျက်လုံးထဲက အမူအရာတွေကို မတွေ့နိုင်အောင် မျက်လုံးမှိတ်ထားလိုက်သည်။

ရှုကျင်းရဲ့စိတ်ထဲကနေ သူမကို ဆဲဆိုနေတာဖြစ်မယ်လို့ ယွမ်ထျန်က တွေးချလိုက်သည်။ ဒါဇင်ချီတဲ့ပဟေဋ္ဌိတွေရှိပေမဲ့ သူမတို့က တစ်ခုမှ မှန်အောင်မဖြေဆိုနိုင်ခဲ့ပေ။

ယွမ်ထျန် ရှက်သွားပေမဲ့ သူ့ကို တောင်းပန်စကားဆိုဖို့ အရှေ့ကို ခြေလှမ်းအနည်းငယ်တိုးလိုက်သည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now