87

978 136 4
                                    

အပိုင်း - ၈၇

ဘာသာပြန်သူ - Emily

**

ယွမ်ထျန် သူ့ကို အိမ်ထဲကနေ မောင်းထုတ်လိုက်သည်။ မနေ့ညက သူဖျားနေလို့သာ သနားပြီး သူမအိမ်ထဲ ခေါ်ထားခဲ့တာ။ မနက်စောစော ဒီလူက သူမကို ပြဿနာရှာပေးဦးမယ်ဆိုတာကို ဘယ်သိပါ့မလဲ။ ဒီအကြောင်းကို သူမနဲ့ချင်ယွီ ဘယ်လောက်ပဲရှင်းပြပြ လူတွေ မယုံလောက်တော့ဘူးဆိုတာကို သူမ ကောင်းကောင်းသိသည်။

ချင်ယွီက အဖျားငွေ့ငွေ့ကျန်နေသေးတာမို့ အရမ်းကြီးမလန်းဆန်းနေပေ။ သူ့ကုတ်ကို ယူယုံကာလေးပဲရှိသေး အိမ်ထဲကနေ တွန်းထုတ်ခံလိုက်ရသည်။ ဒါပေမဲ့ သူစလိုက်လို့ ရှက်နေတဲ့ သူမမျက်နှာကိုမြင်ရတော့ အရမ်ကိုကျေနပ်နေသည်။

အိမ်ပြန်ရောက်တော့ စွပ်ပြုတ်တစ်ခွက်ချက်သောက်ပြီး ဆေးသောက်လိုက်သည်။ သူ့အဖျားက အရှင်းမပျောက်သေးရကာ ခေါင်းက အုံကိုက်နေသေးသည်။ သူ စောင်ထဲဝင်ကွေးကာ အိပ်ပျော်သွားသည်။ သူ့ရဲ့သတင်းအစအနလေးကတော့ ချမ်းသာတဲ့အသိုင်းအဝိုင်းမှာ ပြန့်နေပြီဖြစ်သည်။

ချင်ယွီနဲ့ယွမ်ထျန်ကို မညားစေချင်တဲ့သူတွေကတော့ ဒါက အမှန်ဆိုရင်တောင် ချင်အိမ်တော်က ယွမ်ထျန်ကို လက်ခံပါ့မလားဆိုတာကို စောင့်ကြည့်နေကြသည်။ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဖြစ်သွားတဲ့အဖြစ်ပျက်က သူတို့နှစ်ယောက်က ချစ်သူတွေဆိုပြီး လူတွေကို ပိုမိုယုံကြည်သွားစေသည်။

ချင်မိသားစုကတော့ ဘာမှလည်း မတုံ့ပြန်ခဲ့ပေ။ ချင်အိမ်တော်က သူတို့ရဲ့အကြီးဆုံးသားရဲ့လက်ထပ်ပွဲကို ဂရုမစိုက်ဘူးလားဆိုပြီး လူတွေက ပြောနေကြသည်။ ဒါပေမဲ့ သူတို့ဘက်က တကယ်ကို ဘာမှမတုံ့ပြန်လာခဲ့ပေ။ ဒီတော့ ယွမ်ထျန်က ပိုမြင့်တဲ့အကိုင်းကို ကူးသွားပြီလို့ လူတွေက ဝေဖန်နေကြပြန်သည်။

ယွမ်ထျန်နဲ့ကျစ်အိမ်တော်က အစကတည်းက အဆင်မပြေဘူးဆိုတာကို လူတိုင်းသိကြသည်။ ဒါကြောင့် အသေးစိတ်နဲ့ပတ်သက်ပြီး ဘယ်သူမှလည်း ကျစ်ရှောင်ကျိုကို သွားမမေးရဲကြပေ။ ကျစ်ရှောင်ကျိုကလည်း မေးခွန်းသုံးခုကို မမေးဖို့ ကြိုပြောထားသည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now