12.2

3.9K 505 20
                                    

အပိုင်း - ၁၂.၂

ဘာသာပြန်သူ - Emily

**

ယွမ်ထျန် တိုက်ခန်းနားက ပတ်ပတ်လည်ကို လိုက်ရှာကြည့်တော့ နောက်ဆုံးမှာ ဆိုင်တစ်ဆိုင်ကို တွေ့သွားသည်။ ဆိုင်အရှေ့လမ်းဘေးခုံလေးမှာ ဝင်ထိုင်လိုက်ကာ သူမရဲ့မျက်နှာနီနီရဲရဲလေးကို ပွတ်သပ်နေလိုက်သည်။

ခဏလောက်ထိုင်ပြီးမှာ ဆိုင်ထဲကို ဝင်ကာ မစ်တီးကို ဝယ်လိုက်သည်။ မစ်တီးဝယ်နေရင်း သူမ ရင်းနှီးနေတဲ့ နောက်ကျောကို တွေ့လိုက်ရတော့ အံ့သြသွားပြီး ထိုလူနားကို လျှောက်သွားကာ ပုခုံးကို ရိုက်လိုက်သည်။

"ငါ့ကိုတောင် သတိမထားမိဘူးလား?"

ကောင်ငယ်လေးက ခေါင်းလှည့်လာသည်။ သူ့မျက်နှာက အအေးဒဏ်ကြောင့် ပါးလေးနှစ်ဖက်နဲ့ ပါးလေးက နီရဲနေသည်။

ဟွိုက်မော့က အနောက်ကို လှည့်လာကာ မျက်လုံးများမှေးကျဉ်းသည်အထိ ပြုံးပြလိုက်ပြီး

"အစ္မ"

ယွမ်ထျန် သူ့ကို အပေါ်အအောက် စကင်ဖတ်သလို ကြည့်လိုက်သည်။ သူ့ရဲ့ပါးပါးလေးပဲရှိတဲ့ အဝတ်အစားတွေကိုကြည့်လိုက် နီရဲနေတဲ့ မျက်နှာလေးကို ကြည့်လိုက်နဲ့ ထိုကောင်လေး ဖျားသွားမလားလို့တောင် တွေးပူမိသွားသည်။

ဒါက တကယ်ကို သနားစရာကောင်းသည်။ သူမ ငယ်ငယ်တုန်းကလည်း ဒီလိုပဲ နေခဲ့ရတာပဲ။ အရမ်းကို အေးနေခဲ့တာ…

"ညစာစားပြီးပြီလား?"

ယွမ်ထျန်ကအရင် စမေးလိုက်သည်။

"မစားရသေးဘူး"

သူ မစားရသေးမှန်းကို ယွမ်ထျန်လည်း ခန့်မှန်းမိလိုက်သည်။

ဟွိုက်မော့ကို ကြည့်ရင်း တစ်ချိန်က သူမကို ပြန်မြင်ယောင်မိလာသည်။ အရမ်းအေးပြီး ဆာလောင်နေခဲ့တာ..အချိန်တွေအကြာကြီးတိုင်အောင် အဝတ်ပါးပါးလေးနဲ့ အေးလွန်းလို့ မအိပ်နိုင်ခဲ့တာ… တကယ်ကို ဒုက္ခများခဲ့တာ။

"ကောင်းပြီ. ညစာအတူတူသွားစားကြစို့"

ဟွိုက်မော့ရဲ့နှုတ်ခမ်းထောင့်စွန်းတွေက ရေးရေးလေး ကော့တက်လာသည်။ သူ့ရဲ့မျက်တောင်လေးတွေက တဖျတ်ဖျတ်လှုပ်သွားသွားကာ သူ့မျက်လုံးထဲက အရိုးသားဆုံး အမူအရာတွေကို ဖုံးကွယ်လိုက်သည်။ မျက်နှာမှာ ဘာအမူအရာမှ မပေါ်စေပဲ

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now