7.1

3.8K 514 30
                                    

အပိုင်း - ၇.၁

ဘာသာပြန်သူ - Emily

**

နှစ်နာရီကြာအောင် အစည်းအဝေးလုပ်ပြီးနောက်မှာတော့ ဒါရိုက်တာတွေ တစ်ယောက်ပြီးတစ်ယောက် အစည်းအဝေးခန်းထဲကနေ ထွက်ချင်နေကြသည်။

အဓိကခုံမှာတော့ ရှန်းရှဲက အနက်ရောင်ဝတ်စုံအပြည့်နဲ့ထိုင်နေတာဖြစ်သည်။ သူ့မျက်နှာဖြူဖြူက အေးစက်မှုတွေနဲ့ လွှမ်းခြုံထားသည်။ သို့သော်လည်း သေသေချာချာကြည့်ရင် သူ့မျက်ထောင့်လေးတွေက ပြုံးနေတာကိုတွေ့ရလိမ့်မည်။

သူ့ရဲ့ရှည်သွယ်တဲ့လက်ချောင်းတွေက အနက်ရောင်ဘောပင်ကိုကိုင်ကာ ရေးချနေသည်။ အားလုံးက အသက်ရှူရပ်မတတ်သူ့ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်နေကြသည်။

သူ့ပါးစပ်က ထွက်လာသည့်စကားကတော့

"အစည်းဝေးပြီးပြီ"

လူတွေအားလုံး အစည်းအဝေးခန်းမထဲကနေ ထွက်သွားတော့ အတွင်းရေးမှူးရှုက ယွမ်ထျန်လာသွားတဲ့အကြောင်းကို သူ့ကိုပြောပြသည်။

ရှန်းရှဲက မျက်ခုံးတစ်ချက်ပင့်သွားကာ ပြုံးလိုက်ပြီး ပြန်မေးလိုက်သည်။

"သူမ ပြဿနာလာရှာပြန်တာလား?"

အတွင်းရေးမှူးရှုက ခဏလောက်တွေးလိုက်ပြီးမှ

"မဒမ်က ဘာပြဿနာကိုမှ ရှာမသွားပါဘူး။ သူမက ဆရာ့ကိုကိစ္စရှိလို့ လာရှာတာတဲ့"

ယွမ်ထျန်က သူ့ကို တစ်ခုခုကြောင့် မှီခိုချင်လို့ ဒါမှမဟုတ် ရန်ဖြစ်စရာရှိလို့လာရှာတယ်လို့ထင်သွားသည်။ ဒီတော့ ရှန်းရှဲနှာရှုတ်လိုက်ကာ အရမ်းကြီးတွေးမနေတော့ပေ။

အတွင်းရေးမှူးရှုရဲ့မျက်လုံးထဲကို ကြည့်ပြီး အဖြေရှာလိုက်သော်လည်း သူဘာမှမတွေ့ရပေ။ ကြည့်ရတာ ယွမ်ထျန်တကယ်ပဲ ဘာပြဿနာမှမရှာခဲ့ဘူးထင်သည်။ အရင်ကဆို သူ့နာမည်ကို တိုက်ရိုက်ခေါ်လို့ဆိုပြီး အခြားသူတွေနဲ့ပင် ပတ်ပြီးရန်ဖြစ်လိုက်သေးသည်။

ရှန်းရှဲ သူ့ဖုန်းကို ထုတ်လိုက်တော့ ယွမ်ထျန်ဆီက ခေါ်ဆိုထားတဲ့ ဖုန်းကောလ်များစွာကို တွေ့လိုက်ရသည်။ သူ ဒါတွေကို လျစ်လျူရှုလိုက်ကာ Wechat ကို ဖွင့်လိုက်တော့ ယွမ်ထျန်ပို့ထားသောစာတွေကို တွေ့လိုက်ရသည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now