7.2

3.8K 492 6
                                    

⛔Marry Christmas! 🎉
ခရစ်စမတ်ပရိုမိုးရှင်းအနေနဲ့ ယွမ်ထျန် အဆုံးထိ paid gpကို 2500 ကျပ်နဲ့ ဝယ်လို့ရပြီနော်. ဒီနေ့ တစ်ရက်တည်းပါဗျို့. ဒီထဲကနေ PDFတွေကိုလည်း လှူမှာပါရှင့်❤⛔

အပိုင်း - ၇.၂

ဘာသာပြန်သူ - Emily

**

အိမ်မှာရှိနေသည့် ယွမ်ထျန်ကတော့ ကျန်းလီလီကို ဖုန်းခေါ်ကာ ရှန်းရှဲသေပြီ ဆိုပြီး စကားလေးလုံးသာပြောလိုက်သည်။

ကျန်းလီလီက ခေတ္တကြောင်သွားကာ

"နင် အခု သူ့ကို မကြိုက်တော့ဘူးလား?"

ယွမ်ထျန်က သတိမေ့ရာကနေ ပြန်ထလာကတည်းက နည်းနည်းထူးဆန်းနေတာကို ကျန်းလီလီသတိထားမိသည်။ ဒါပေမဲ့ အရင်က ရှန်းရှဲ ယွမ်ထျန်ကို ပြောဆိုဆက်ဆံခဲ့တာတွေကိုတော့ ကျန်းလီလီမသိပေ။

အရင်အချိန်တွေတုန်းက ယွမ်ထျန်က ရှန်းရှဲကို အရမ်းအရမ်းစွဲလမ်းနေတာကိုကြည့်ပြီး သူမ သက်ပြင်းချခဲ့ရတဲ့အချိန်တွေတော့များခဲ့ပါသည်။ အဲဒီအချိန်တုန်းက ယွမ်ထျန်ရဲ့စိတ်ကိုကျန်းလီလီ မပြောင်းလဲနိုင်ခဲ့ပေ။

ယွမ်ထျန်က ဆိုဖာမှာခြေချိတ်ထိုင်ကာ ပန်းသီးကို တစ်ကိုက်ကိုက်လိုက်ပြီး

"ငါက ဘုရင်မလေ။ သူက ငါနဲ့မတန်ဘူး"

ကျန်းလီလီ တကယ်ကို ကြောင်အသွားရသည်။

"ဒါနဲ့ နင့်မှာ ပိုက်ဆံရော ရှိသေးရဲ့လား?"

ထိုစကားက ယွမ်ထျန်ကို ခဏလောက် တုန့်ဆိုင်းသွားစေသည်။ ပြီးမှသူမက

"ကိစ္စမရှိပါဘူး"

ယွမ်ထျန်က မေးခွန်းတစ်ခုထုတ်လိုက်သည်။

"နင်ပြောကြည့် ငါသာ သူ့ဆီနောက်တစ်ခေါက်သွားပြီး ပိုက်ဆံတောင်းရင် လူတွေငါ့ကို ဘယ်လိုပြောမယ်ထင်လဲ?"

ကျန်းလီလီ တိတ်ဆိတ်သွားသည်။ ကြည့်ရတာ ယွမ်ထျန်က ဒီနေ့ သူမ ရှန်းကော်ပိုရေးရှင်းမှာ ပြဿနာရှာခဲ့တာကို သေချာမသိသေးဘူးထင်သည်။

"ဝက်ဝံမလေး"

ယွမ်ထျန်ကပန်းသီးကို ခပ်ကြီးကြီးတစ်ကိုက်ထပ်ကိုက်ပြီး ဝါးစားနေသည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now