35

3.1K 445 37
                                    

အပိုင်း - ၃၅

ဘာသာပြန်သူ - Emily

**

*အမည်မသိသော*ကို ရုံတင်မပြခင်ကတည်းကပင် ပေ့ခ်ျတွေထောင်ကာ အားပေးသူတွေပြည့်နေကြပြီဖြစ်သည်။

/လက်မှတ်တွေက ကုန်ကုန်ပြီလား?/

/ယွမ်ထျန်ကတော့ ငါ့ကို ခံစားမှုအသစ်တစ်ခုကို ပေးစွမ်းမယ်ထင်တယ်/

/မပေါက်လောက်ဘူးနော်။ နှစ်တိုင်းလိုပဲ ကြည့်တဲ့သူများပေမဲ့ အရမ်းကြီးတော့ မပေါက်လောက်ဘူး/

/ကောင်းမွန်တဲ့မှတ်ချက်တွေက များနေတာပဲ။ ဝယ်ထားတာလားပဲနော်/

/ဒီလိုစကားတွေကို လူတွေယုံတယ်လို့ ထင်တောင်မထင်ထားဘူး။ ဒါတွေက အလုပ်အတွက် ပိုက်ဆံပေးဝယ်ထားတဲ့ပရိသတ်တွေဆိုတာကို လူတွေက မသိကြဘူးလား? ရုပ်ရှင်တွေက ဟိုးအစကနေ အခုထိ အတူတူတွေပဲ/

/ဟားဟားဟား အနုပညာလောကကနေ ယွမ်ထျန်ထွက်သွားမယ့်နေ့ကို စောင့်နေပါတယ်နော်/

တစ်ရက်ကြာပြီးနောက်မှာတော့ လက်မှတ်က 200မီလီယံရောင်းကုန်သွားတော့သည်။

/ဟားဟားဟား. တကယ့်ကို ဟာသပဲ/

/ငါ အုတ်ဂူတွေတူးပေးထားရမလား။ အခုချိန်မှာ နင်တို့ဖြစ်နေကြမဲ့ မျက်နှာတွေကို မြင်ချင်လိုက်တာ/

/တော်လောက်ပြီ။ ဒီရုပ်ရှင်ပေါက်သွားတယ်ဆိုရင်တောင် ယွမ်ထျန်ကြောင့်တော့ မဖြစ်နိုင်လောက်ဘူး/

ယွမ်ထျန်က အရမ်းကြီးပေါ်ပြူလာဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ပေ။ သုံးရက်လောက်ကြာပြီးနောက် *အမည်မသိသော*က အရမ်းကိုပေါက်သွားကာ ဝင်ငွေကလည်း ယွမ်500မီလီယံရှိသွားပြီ။ ဒါက ရာသီအစမှာတင် အရမ်းကောင်းနေတဲ့ အောင်မြင်မှုတစ်ခုပင်။

လက်မှတ်က အရမ်းရောင်းကောင်းကာ အပတ်တိုင်း ဝယ်ယူသူတွေက တိုးတိုးလာသည်။ ရုံရှင်ရုံတိုင်း လူတွေပြည့်နေတတ်သည်။

အရင်တုန်းက ယွမ်ထျန့်ကို မသိခဲ့ကြတဲ့သူတွေတောင် သူမရဲ့သရုပ်ဆောင်ကောင်းမှုကို အသိအမှတ်ပြုကာ သူမကို အင်တာနက်ပေါ်မှာ ရှာကြတော့သည်။ သုံးရက်အတွင်းမှာပင် ယွမ်ထျန်ရဲ့ စုစုပေါင်း weiboဖော်လိုဝါက 6မီလီယံသို့ ရောက်သွားခဲ့သည်။ ရုပ်ရှင်ပိုပြီး အောင်မြင်လာလေလေ ယွမ်ထျန်ရဲ့ သရုပ်ဆောင်စကေးကို ပိုပိုပြီး ချီးကျူးခံရလေလေပဲ။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now