29.1

3.6K 519 13
                                    

အပိုင်း - ၂၉.၁

ဘာသာပြန်သူ - Emily

**

ယွမ်ထျန်ကိုမုန်းတဲ့သူတွေရော သူမရဲ့ပရိတ်သတ်တွေပါ ဒါကို အတည်မပြုနိုင်ဖြစ်နေသည်။ ဒိုးနပ်တွေကတော့ တိတ်တိတ်လေးနေပြီး စောင့်ကြည့်နေကြသည်။

ကော်ဇောနီလျှောက်လမ်းကို ညနေ4နာရီမှာ တိုက်ရိုက်ထုတ်လွှင့်မှုစတင်လိုက်သည်။ ယွမ်ထျန်က ရှုကျင်းနဲ့အတူ ကော်ဇောနီလျှောက်လာသည်။ အခြားမင်းသားမင်းသမီးတွေက လက်ချင်းတွဲပြီးလျှောက်လာကြပေမဲ့ သူတို့နှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် နီးကပ်မှုတောင် ရှိမနေပေ။

ရှုကျင်းက အရပ်ရှည်ပြီး အချိုးကျတဲ့ကိုယ်ရှိသည်။ ခြေထောက်ရှည်တွေက ဖြောင့်တန်းနေကာ ပါဝါအပြည့်နဲ့။ အနက်ရောင်ဝတ်စုံကိုဆင်မြန်းထားပြီး ပြေပြစ်တဲ့မျက်ခုံးတွေက နှုတ်ခမ်းနီမလေးတွေကို အော်ဟစ်စေသည်။ သူက တရုတ်နိုင်ငံရဲ့တကယ့်မင်းသားလေးလိုလို။

ယွမ်ထျန်ကတော့ သေးသင့်တာသေး ရှိသင့်တာရှိသည့် ပုံပန်းလေး။ ဂါဝန်ချုပ်ရိုးတွေက သူမရဲ့ကောက်ကြောင်းကို လှပစွာပုံဖော်ပေးသည်။ လည်ပင်းသားလေးက ဖြူဖွေးနေကာ ညှပ်ရိုးတွေကလည်း ထင်းထွက်နေသေးသည်။ အသားအရေက နှင်းလိုဖြူစွတ်နေကာ လျော့ရဲရဲချထားသည့်ဆံပင်ကောက်ကောက် လိမ်လိမ်လေးတွေက ကျောနောက်မှာ ဖြာကျလျက်။ လက်ဖဝါးအရွယ်လောက် မျက်နှာလေးကလည်း တောက်ပနေကာ ချစ်စဖွယ်အတိ။

ဂါဝန်ရဲ့စိန်ပွင့်တွေက အလင်းပြန်နေသလို သူမလည်ပင်းက စိန်လည်ဆွဲကလည်း အားလုံးရဲ့စိတ်ကို ဖမ်းစားလိုက်သည်။ ကင်မရာမန်းတွေ အော်ကြပြီ။

"ယွမ်ထျန် ဘယ်ဘက်ကိုကြည့်ပါဦး"

"ယွမ်ထျန် ညာဘက် ညာဘက်"

ယွမ်ထျန်နဲ့ရှုကျင်းက နည်းနည်းနီးကပ်လိုက်ကာ group ပုံရိုက်လိုက်သည်။ ယွမ်ထျန်က ပြုံးထားကာ သူမရဲ့ ကိုယ်အနေအထားကလည်း မျက်နှာနဲ့ကွက်တိကျသည်။ ရှုကျင်းက တိတ်တဆိတ်သူမဘက်ကို ကိုယ်လည့်လိုက်သည်။ ကင်မရာမန်းက သဘောခွေ့သွားကာ

"ဒီလိုလေး ခဏ"

ဓာတ်ပုံရိုက်ပြီးသွားတော့ အခမ်းအနားမှူးက ရှုကျင်းကို အင်တာဗျူးနေသဖြင့် ယွမ်ထျန်က အထဲကိုဝင်သွားသည်။ အဆောက်အဦးထဲမှာ လူတွေများစွာရှိနေကာ လိုင်းသုံးခွင့်မပေးထားပေ။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now