98

1.3K 128 2
                                    

အပိုင်း - ၉၈

ဘာသာပြန်သူ - Emily

**

ယွမ်ထျန် သူမရဲ့နောက်ဆုံးအတန်းကိုကြည့်ဖို့ ကျောင်းဝက်ဘ်ဆိုဒ်ကို ဝင်လိုက်တော့ ချင်ယွီရဲ့နောက်ဆုံး 61ဆိုတာကြီးကိုမြင်ပြီး နေမကောင်းဖြစ်ချင်သွားသည်။

ယွမ်ထျန်က ငယ်ငယ်ကတည်းက ပြင်းပြင်းထန်ထန်မဖျားတတ်ပေမဲ့ အအေးမိလွယ်သည်။ ဒီတစ်ခါကတော့ ပထမဆုံးနှင်းကျတာကိုကြည့်ပြီး အပျော်လွန်ကာ ညဘက် အပြင်ထွက်လိုက်ခြင်းကြောင့် အဖျားဝင်သွားတာဖြစ်သည်။ ဆေးသောက်ပြီးတာတောင် မကောင်းသေးတာကြောင့် တစ်ခုခုတော့မှားနေပြီလို့ သတိပြုမိသွားသည်။

ခေါင်းမူးလွန်းပြီး ဖုန်းတောင်မကြည့်နိုင်တော့ပေ။ ချင်ယွီလည်း သူမဆီကနေ ဘာဖုန်းခေါ်ဆိုမှုမှမရတာကြာတော့ စိတ်ပူလာသည်။ ယွမ်ထျန်က စောင်ကြားမှာ 2ရက်လုံးလုံး အိပ်နေသည်။ သူမအိမ်တံခါး လော့ခ်ဖွင့်ခံလိုက်ရတယ်ဆိုတာကိုတောင် မသိပေ။

အိပ်ခန်းတံခါးကိုဖွင့်ပြီး အိပ်ရာအလယ်မှာအိပ်နေတဲ့ ကောင်မလေးကိုမြင်မှ ချင်ယွီ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်ခဲ့သည်။ သူ စောင်အနားလေးကိုလှန်ကြည့်လိုက်တော့ ယွမ်ထျန်က ဖျော့တော့နေတဲ့ မျက်နှာလေးနဲ့ အိပ်ပျော်နေသည်။

သူမရဲ့နဖူးကို လက်နဲ့စမ်းပြီးတော့ သူ့မျက်ခုံးတွေက တွန့်ချိုးသွားကာ မျက်နှာအမူအရာက အေးစက်လာပြီး ယွမ်ထျန်ကို စောင်ထဲက ဆွဲထုတ်လိုက်သည်။ ကောင်မလေးက မနိုးလာသေးတာတောင် စောင်ကို ဆုတ်ကိုင်ထားပြီး အိပ်ရာကနေထွက်သွားဖို့ ငြင်းဆန်နေသည်။

"မင်း ဖျားနေပြီ"

ပြီးတော့ ကိုယ့်ဘာသာကိုယ်ပဲပြန်ရယ်လိုက်ကာ
"အခု မင်းက ကိုယ်ပြောတာကို နားလည်တယ်လား"

သူ အားနဲ့စောင်ကိုဖြုတ်ချလိုက်ကာ အိမ်တံခါးကိုခြေနဲ့ကန်ဖွင့်ပြီး အောက်ထပ်ကို သယ်ချလာခဲ့သည်။ သူ့ကိုမြင်တော့ ဒရိုင်ဘာက ပြာပြာသလဲဖြင့်
"ဆေးရုံကိုသွားမှာလား ဆရာ?"

"အိမ်တော်ဟောင်းကိုပဲ မောင်း။ မိသားစုဆရာဝန်ကို တစ်ခါတည်းခေါ်ထား"

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now