38.1

2.8K 404 13
                                    

အပိုင်း - ၃၈.၁

ဘာသာပြန်သူ - Emily

**

ယွမ်ထျန်ပို့ပေးလိုက်တဲ့ အသံမက်ဆေ့ကို ရှန်းရှဲ ပြန်နားထောင်နေတကာ ဒါဇင်မကတော့ပေ။ သူက ဆိုဖာကိုမှီထားကာ သူ့လက်ချောင်းတွေက မက်ဆေ့ကို တစ်ခါပြီးတစ်ခါနှိပ်နေသည်။ ကျစ်ရှောင်ကျိုရဲ့အသံက အိပ်ရာပေါ်က လူနာတစ်ယောက်ရဲ့ အသံနဲ့တူမနေပေ။

ကျစ်ရှောင်ကျိုရဲ့ အသံက ခါတိုင်းလိုမျိုး နူးညံ့မနေပေ။ အဲဒါအပြင် သူမရဲ့စကားလုံးတွေကလည်း ခါးသက်လွန်းသည်။ ရှန်းရှဲရဲ့မျက်နှာက အသံဖိုင်ကိုနားထောင်ပြီးသွားတော့လည်း ဘာအမူအရာမှ မပြောင်းလဲသွားသေးပေ။ အခုတလော ယွမ်ထျန်ကို လိုက်စုံစမ်းနေရာကနေ ရလာတဲ့ သတင်းတွေကို ငုံ့ဖတ်လိုက်ကာ သူ့နှုတ်ခမ်းထောင့်စွန်းတွေက မြင့်တက်လာသည်။

အခုတလော သူ ကျစ်ရှောင်ကျိုကိုလည်း သတိထားပြီးဆက်ဆံဖြစ်သည်။ ပြီးတော့ သူမရဲ့သူ့အပေါ် လိမ်ညာမှုတွေကို သတိပြုမိသည်။ ဒါပေမဲ့ သူမမျှော်လင့်မိတာက ကျစ်ရှောင်ကျိုက အစကတည်းက သူ့အပေါ်ကို လှည့်စားနေခဲ့တယ်ဆိုတာကိုပင်။

ယွမ်ထျန်က သူ့ကို စာသင်ခန်းအရှေ့မှာ ပထမဆုံးတားလိုက်တဲ့ အချိန်ကို သူ မှတ်မိသွားသည်။ ကောင်မလေးမှာက တောက်ပနေတဲ့ အနက်ရောင်မျက်လုံးတွေရှိသည်။ သူမက အဝေးကြီးကနေ ပြေးလာရတာကြောင့် အသက်အလုအယက်ရှူနေပြီး ပါးလေးတွေကလည်း နီရဲနေသည်။

ရှန်းရှဲရဲ့အမြဲတမ်းအေးစက်နေတဲ့ မျက်လုံးတွေက အခုတော့ ရဲရဲနီနေကာ သူဘာဖြစ်နေလဲဆိုတာကို ဘယ်သူမှ ရှင်းရှင်းလင်းလင်းမသိပေ။ သူ ယွမ်ထျန်ကို စာပြန်ဖို့ ကြိုးသားလိုက်သည်။ ဒါပေမဲ့ အနီရောင်စာကြောင်းကြီးက ယွမ်ထျန်မှသူ့အား သူငယ်ချင်းအဖြစ်မှ ပယ်လိုက်ကြောင်းကို ပြောနေသည်။

သူ ချက်ချင်းကို ထရပ်လိုက်ကာ ဆိုဖာပေါ်က ဂျက်ကက်ကို ယူလိုက်သည်။ ပြီးတော့ သူ့မျက်လုံးတွေက အပြင်က မဲမှောင်နေပြီဖြစ်သော ကောင်းကင်ကိုကြည့်လိုက်သည်။ သူ ကားသော့ကိုယူကာ အောက်ထပ်ကို ဆင်းလာခဲ့သည်။ ကားထဲရောက်မှ သူ့လက်တွေ တုန်နေတာကို သတိထားမိသည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Место, где живут истории. Откройте их для себя