2

5.3K 582 7
                                    

အပိုင်း - ၂

ဘာသာပြန်သူ - Emily

**

ယွမ်ထျန်ကလည်း ရှန်းရှဲလိုက် လူစားမျိုးပင်ဖြစ်သည်။

သူနဲ့သူမ နှစ်ယောက်စလုံးက တစ်ညတာ အတူတူအိပ်ဖို့အတွက် တွန်းအားပေးခံရပေမဲ့ နှစ်ယောက်စလုံးရဲ့နှလုံးသားထဲမှာတော့ ပျော်ရွှင်မှုသေးသေးလေးတွေ ရှိနေခဲ့ကြသည်။

လက်ထပ်ပြီးနောက်မှာ သူမက ရှန်းရှဲနဲ့ မော်ဒယ်စုံတွဲဖြစ်ဖို့ကို ရူးရူးမိုက်မိုက်နဲ့ စိတ်ကူးယဉ်ခဲ့သည်။ သူမရဲ့တုံးအဆုံး အရာကတော့ ရှန်းရှဲကို အရမ်းလှပတဲ့အချစ်ဆိုတဲ့အရာကို ပေးခဲ့မိတာကြောင့်ပင်။

လက်တွေ့အချိန်မှာတော့ သူမနားရွက်ကို သူမပြန်ဆွဲကာ *အိပ်မက်ကနေ နိုးထစမ်း!!* လို့ အကျယ်ကြီးအော်မိမည်ပင်။

ရှန်းရှဲက ရှန်းမိသားစုရဲ့အကြီးဆုံးသားဖြစ်တဲ့အပြင် ပထမဆုံး မြေးဦးလေးဖြစ်သည်။ ငယ်စဉ်ကတည်းက လူအုပ်ထဲက အလှဆုံးဆိုသည့် အမျိုးသမီးတွေကို မြင်ဖူးခဲ့သည်။ သူ့မှာကတော့ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်သည့် အေးစက်ပြီး ကြည့်ကောင်းသော မျက်နှာရှိသည်။

ကောလိပ်ကနေ ဘွဲ့ရပြီးတော့ အခြားညီတွေနဲ့အတူ ယှဉ်ပြိုင်ခဲ့ကာ အောင်မြင်မှုတွေ ရယူခဲ့တာကြောင့် အကြီးအကဲတွေရဲ့နှစ်သက်မှုကို ခံခဲ့ရသူဖြစ်သည်။

လက်ထပ်စဦးတုန်းက ယွမ်ထျန်က သူ့အရှေ့မှာ မောက်မာသလိုလိုနဲ့ နေခဲ့သည်။ အချိန်တွေကြာလာတော့ သူမက သူ့ကို ချစ်မိသွားသည့်အပြင် သူ့အရှေ့မှာ ဟန်ဆောင်ဖို့ကိုပါ ပျင်းရိသွားခဲ့သည်။

ရှန်းရှဲကတော့ အမြဲတမ်းအေးစက်ပြီး သူမကို အခြားသူတွေလိုပဲ ဆက်ဆံခဲ့သည်။

"မင်းက ငါ့ဇနီးဆိုပေမဲ့ ငါနဲ့ဘာမှမဆိုင်ဘူး"

လို့တောင် သူက ပြောခဲ့သည်။

"သေရေးရှင်ရေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူး"

လို့လည်း သူပြောခဲ့သည်။

အဲဒီအချိန်တုန်းက ယွမ်ထျန်က ဂရုမစိုက်ခဲ့ပေ။ သူမက အရေထူလွန်းလှသည်။ အကြိမ်ကြိမ်ကြိုးစားပြီး အကြိမ်ကြိမ်ရှုံးခဲ့မှ သူက သူမကို လုံးဝမကြိုက်ဘူးဆိုတာကို သိခဲ့ရသည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now