16.2

3.9K 547 43
                                    

အပိုင်း - ၁၆.၂

ဘာသာပြန်သူ - Emily

**

သူမ အံကြိတ်လိုက်ကာ လျှိုယီလဲ့ကို ပြောလိုက်သည်။

"အဲဒါက ဟွိုက်အိမ်တော်က သခင်ငယ်လေးပဲ"

လျှိုယီလဲ့ ရူးချင်သွားသည်။

"သူမက ဘယ်လိုလုပ်ပြီး ဟွိုက်သခင်လေးနဲ့ သိသွားရပြန်တာလဲ?"

"အဲဒါက အရေးမကြီးဘူး။ တကယ် အရေးကြီးတာက ငါတို့ ဒီလိုဆက်လုပ်လို့ မဖြစ်တော့ဘူး။ သူတို့တွေ ဒီဗီဒီယိုကို ဖြန့်ကြလိမ့်မယ်"

လျှိုယီလဲ့ လက်မလျော့ချင်ပေမဲ့ သူမမှာ ရွေးချယ်စရာမရှိပေ။

အခုကစပြီး သူမ ယွမ်ထျန်ကို တွေ့ရင် ယဉ်ယဉ်ကျေးကျေးဆက်ဆံရမည်။ ဒါပေမဲ့ ဟွိုက်သခင်လေးက ဒီကိစ္စမှာ ပါဝင်လာပြီး သူမကို ဖျက်ဆီးချင်နေတယ်ဆိုတဲ့ အတွေးက သူမကို ဝမ်းနည်းစေတယ်။

တစ်ယောက်ယောက်က သူမကို ကူညီနေတယ်ဆိုတာကို ယွမ်ထျန် မသိပေ။ ရိုက်ကူးရေးလုပ်နေတုန်း ဟွိုက်မော့ဆီကနေ စာတစ်စောင်ကို သူမ လက်ခံရလိုက်သည်။

(အစ်မ ဒီတစ်ပတ်တနင်္ဂနွေ အားလား? အစ်မကို ညစာဖိတ်ကျွေးချင်လို့)

အခုတလော ယွမ်ထျန်မှာ အားလပ်ချိန်သိပ်မရှိပေ။ ဒါရိုက်တာကို ခွင့်တောင်းပြီးလည်း ထွက်မသွားချင်ပေ။ သူမကြောင့် ရိုက်ကူးရေး နှောင့်နှေးသွားမှာကို စိုးရိမ်နေသည်။ သူမ ယဉ်ကျေးတဲ့အသုံးနှုန်းကိုပဲ ရွေးသုံးပြီး စာပြန်လိုက်သည်။

(အစ်မက အခု ရုပ်ရှင်ရိုက်နေတာလေ။ ဒီလိုလုပ်ပါလား။ အစ်မ ရိုက်ကူးရေးပြီးသွားရင် မင်းရဲ့ကျောင်းကို လာလည်မယ်လေ။ ရတယ်မလား?)

(အိုခေ ဒါဆို ကျောင်းကိုလာမယ့်နေ့ကို စောင့်နေမယ်နော်)

ယွမ်ထျန် သူ့ကို နောက်ထပ် စာမပြန်တော့ပေ။ ထို့နောက် တိတ်တဆိတ်နေ့တွေကို ရေတွက်လိုက်သည်။ အဲဒီကလေးက မေတ္တာငတ်နေရှာတာ တကယ်သနားဖို့ကောင်းတယ်။

ယွမ်ထျန် ဖုန်းကို လက်ကနေ ချလိုက်တာနဲ့ ဒါရိုက်တာက သူမကို ဒီနေ့အတွက် ရိုက်ကူးဖို့ လှမ်းခေါ်လိုက်သည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now