14.1

3.6K 484 13
                                    

အပိုင်း - ၁၄.၁

ဘာသာပြန်သူ - Emily

**

ချောင်ဆွေ့အန်းရိုက်တဲ့ ရုပ်ရှင်ရဲ့နာမည်ကို *အမည်မသိသော*လို့ ပေးထားသည်။ အကြောင်းက ဇာတ်ကားရဲ့ မင်းသားနဲ့မင်းသမီးကို ဖုံးကွယ်ထားယုံသာမက ပါဝင်သူတွေအားလုံးကိုရော ဇာတ်ကားနာမည်ကိုရော ဇာတ်လမ်းဇာတ်ကွက်တွေကိုရော ဖုံးကွယ်ထားသောကြောင့်ဖြစ်သည်။

တစ်ဖက်မှာ ယွမ်ထျန်ကတော့ ရုပ်ရှင်ရဲ့ဒုတိယမင်းသမီးဇာတ်ကောင်ကို ရသွားတော့ အတော်ကို ကံကောင်းနေတယ်လို့ ခံစားလိုက်ရသည်။

ကျန်းလီလီက ဂျပန်စားသောက်ဆိုင်မှာ ထိုင်နေပေမဲ့ ဒါက အစစ်အမှန်မဟုတ်ဘူးလို့ သူမတွေးနေသေးသည်။

"ဝက်ဝံပေါက်လေး ငါ တကယ်ကို ငိုချင်လာပြီ။ ငါနင်နဲ့ စတွေ့ကတည်းက ဒီလောက်ထိ နင် ကံမကောင်းသေးဘူးနော်"

ယွမ်ထျန်ကိုယ်တိုင်ကလည်း ကိုယ့်ဘာသာကိုယ် မယုံနိုင်ဖြစ်နေသေးသည်။ သူမဘဝရဲ့အစပိုင်းတွေက တကယ်ကို ကံဆိုးမှုတွေနဲ့ ပြည့်နှက်နေတာဖြစ်သည်။

ကျန်းလီလီက ရုတ်တရက် သူမလက်တွေနဲ့ ယွမ်ထျန်ရဲ့ ပါးနှစ်ဖက်ကို ဖိကိုင်လိုက်ကာ သူမနဲ့မျက်လုံးချင်းဆုံစေသည်။ ထို့နောက် ယွမ်ထျန်ကို မျက်လုံးပြူးထွက်မတတ်ကြည့်ကာ

"နင် မမြင်လို့နော် သိလား။ ဒါရိုက်တာရဲ့လက်ထောက်က လျှိုယီလဲ့ကို ပြန်ဖို့ပြောလိုက်တုန်းက သူမရဲ့မျက်နှာအမူအရာက ဘယ်လိုတောင်ဖြစ်သွားလဲဆိုရင် ရုပ်ဆိုးမကတောင် အစ်မခေါ်ရမလိုပဲ ဟားဟားဟား"

"ဒါကို ကြည့်ပြီး ပြောရမယ်ဆိုရင် နင့်ရဲ့ကံကောင်းမှုလေးတွေက ရောက်လာပြီနော်။ ငါတို့ရဲ့ဝက်ဝံပေါက်လေးရဲ့ အနာဂတ်ကတော့ လုံးဝကို လင်းလက်တောက်ပလာတော့မယ် ထင်တယ်နော်"

ထိုစကားကိုကြားတော့ ယွမ်ထျန်ပျော်သွားသည်။ သူမ ကျန်းလီလီရဲ့လက်တွေကို ပြန်ကိုင်လိုက်ကာ

"လီလီ ငါ ပြောင်းလဲတော့မယ်လို့ ထင်တယ်"

ကျန်းလီလီက ခေါင်းညိမ့်ပြကာ

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now