5.1

3.9K 539 14
                                    

အပိုင်း - ၅.၁

ဘာသာပြန်သူ - Emily

**

တစ်နာရီကြာပြီးနောက်မှာတော့ ဒီကိစ္စက ပရိသတ်တွေကြားမှာ တော်တော်ကို ဆူသွားသည်။

/ယွမ်ထျန်က ရှိုးမှာ ထွန်စက်ကြီးကို မောင်းသွားတာဟ. ငါတကယ် အူတက်နေပြီ။ ဒါရိုက်တာရဲ့မျက်နှာကိုကြည့်ပါဦး။ သူ့ပုံစံက ရန်သူတွေကို မြင်လိုက်ရသလိုပဲ/

အဲဒီပို့စ်အောက်မှာတော့ ကောမန့်တွေက တစ်ခုပြီးတစ်ခု တက်လာသည်။

/ယွမ်ထျန်က ထွန်စက်မောင်းတယ်? နင်ဘာဟာသတွေပြောနေလဲဆိုတာကို ကိုယ့်ဘာသာကိုယ် သိရဲ့လား??/

/နင့်အမေသေရင် မြေမြှုပ်ပေးဖို့အတွက် သူမကို မမေးနိုင်ဘူးမလား? ယွမ်ထျန်က ဒါကို လုပ်နိုင်လို့လား? သူမက ဒီအတိုင်း ဟန်ဆောင်တာကလွဲရင် ဘာမှလုပ်တတ်တာမဟုတ်ဘူး။ ငါ ယွမ်ထျန် ဘွဲ့မရခင်တက်ခဲ့တဲ့ကျောင်းကို စုံစမ်းပြီးပြီ။ သူမက ဒီအတိုင်း အလှပြပန်းအိုးသက်သက်ပဲ/

/အဲဒါက မှန်တယ်။ ငါ့အိမ်က ရှောင်ပိုင်ရွာမှာလေ/

ထိုကောမန့်အောက်မှာ ဝါးထားသည့်ပုံကိုလည်း ပြထားလေသည်။ ဒီတော့ ယွမ်ထျန်ကို မုန်းသည့်ဖန်တွေက တစ်ခါ မန့်ပြန်သည်။

/ဒါက ဘယ်လိုဖြစ်နိုင်တာလဲ? ထွန်စက်ကို မောင်းဖို့ဆိုတာကြီးက ရယ်ရတယ်မလား?/

/ကြည့်ကောင်းလိုက်တာ. သူမက တောက်ပကြီး လှပကျော့ရှင်းနေတာပဲ။ သူမက တကယ်ကို အလှလေးပဲ/

/ဟေး ငါ အိမ်ထဲကနေပြီး သူမ ဆိုင်တံခါးမှီပြီး ဘန်းကိတ်စားနေတာကို တွေ့လိုက်တယ်။ အလုတ်ကြီးကြီးကိုက်ပေမဲ့ သူမဝါးနေတဲ့ပုံလေးက နူးညံ့ပြီး ချစ်စရာကောင်းတယ်ဟ/

အင်တာနက်တစ်ခွင်မှာ ယွမ်ထျန်ရဲ့အကြောင်းက အရမ်းကို ပျံ့နှံ့မြန်လာကာ သူမရဲ့ antifanတွေလည်း ဘာပြောရမှန်းမသိဖြစ်သွားကြသည်။

ဒါရိုက်တာကတော့ ယွမ်ထျန်ရဲ့လုပ်ရပ်ကြောင့် ခေါင်းရှုပ်သွားသည်။ အနောက်မှာ ချန်ထားခဲ့ခြင်းခံရတဲ့ ချင်အန်းကတော့ ယွန်ထျန်ကို မွန်းစတားမလို့ ခေါ်နေသည်။ ယွမ်ထျန် သူတက်သည့်ကျောင်းကို ပြောင်းလာသည့်နေ့ကတည်းက ယွမ်ထျန်က အခြားသူတွေနဲ့မတူပဲ ထူးခြားတယ်ဆိုတာကို သူသတိထားမိသည်။ အခုလည်း အတူတူပဲလေ။ ဟွန့်!

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now