59+60

2.7K 418 28
                                    

အပိုင်း - ၅၉

ဘာသာပြန်သူ - Emily

**

အင်တာဗျူးသူမေးတာကို ဘာမှပြန်ဖြေရှင်းခြင်းမရှိပဲ *ကျွန်မက မိဘမဲ့ပါ* ဆိုတဲ့ စကားတစ်ခွန်းက လူတိုင်းကို အံ့အားသင့်သွားစေသည်။

ဒီစကားက သူမမိဘတွေ သေသွားပြီလို့ ဆိုလိုလိုက်တာမဟုတ်လား?

ထိုဗီဒီယိုအတိုလေးကို အင်တာနက်ပေါ်တင်လိုက်တာနဲ့ လူအများရဲ့ဒေါသက ပိုပြီးအုံကြီးလာခဲ့သည်။

/သူမက ရူးနေတာလား? သူမရဲ့မိဘတွေကို သေစေချင်နေတာလား? သူမက နှလုံးသားမရှိဘူးလား?/

/ယွမ်ထျန်က သူမကိုယ်သူမ နာမည်အကြီးဆုံးလူလို့ ထင်နေတာလား? ပြောစရာစကားတောင်မဲ့တယ်။ သူမရဲ့တကယ့်စိတ်ရင်းက အရမ်းကိုကြောက်စရာကောင်းတာပဲ/

/အစက သူမ ရှင်းပြပြီးတော့ တောင်းပန်မယ်ထင်တာ. အဲလိုဆို ငါလည်း သူမကို ခွင့်လွှတ်ပေးမလို့ပါပဲ။ ဒါပေမဲ့ အခုတော့ သူမကို ပိုမုန်းမိသွားပြီ/

/ဒါကိုပြောထုတ်လိုက်တာ ယွမ်ထျန် နည်းနည်းမှကို စိတ်မကောင်းမဖြစ်ဘူးလားမသိ။ ဒီလောက်ထိ လူမဆန်တဲ့သူက ဘယ်လိုလုပ်ပြီးအနုပညာလောကထဲမှာရှိနေရတာလဲ? ကလေးတွေတော့ အတုယူမှားတော့မှာပဲ/

ကမ္ဘာပေါ်မှာ ယွမ်ထျန်လိုပဲ မိဘတွေရဲ့အချစ်မခံရတဲ့သူတွေ အများကြီးရှိသည်။ အချို့လူတွေကတော့ မိဘဖြစ်ဖို့ကိုတောင် မထိုက်တန်ကြချေ။ ဒီတော့ ယွမ်ထျန့်ဘက်ကနေတဲ့သူတွေလည်း ရှိသည်။

/ယွမ်ထျန်ရဲ့မိဘတွေက အရမ်းလွန်လို့ဖြစ်မှာပေါ့။ ငါ့မိဘတွေလိုမျိုးလေ။ သူတို့က ငါ့အစ်ကိုကိုပဲ အရမ်းကောင်းပေးမယ်။ အထက်တန်းဂျူနီယာနှစ်တုန်းကဆိုရင် ငါ့ကို ကျောင်းထွက်ပြီးတော့ ငါ့အစ်ကိုကျောင်းတက်ရအောင် အလုပ်ထွက်လုပ်ပါလားတဲ့. ဒါကြောင့် ငါအလုပ်ထွက်လုပ်ပြီး သူ့အတွက် အိမ်တစ်လုံးဝယ်ပေးလိုက်ရတယ်/

ကံမကောင်းစွာနဲ့ပဲ အဲဒီပို့စ်လေးက လူတွေရဲ့စိတ်ကို မပြောင်းလဲနိုင်ခဲ့။

/ယွမ်ထျန်က ဒီလိုမျိုး နာမည်ကြီးမှုနဲ့မထိုက်တန်ဘူး/

ကျစ်ရှောင်ကျိုလည်း အင်တာနက်ပေါ်မှာ ရှိနေခဲံသည်။ သူမက အခုအခြေနေကို ဘယ်လိုဆိုးဝါးသွားအောင် လုပ်ရမလဲဆိုတာကို ကြံနေသည်။ အင်တာနက်ပေါ်မှာ ယွမ်ထျန် လူမုန်းခံနေရတာကို မြင်ရတာ သူမ ဝမ်းသာပီတိဂွမ်းဆီထိ ဖြစ်နေသည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now