72

1.7K 289 6
                                    

အပိုင်း - ၇၂

ဘာသာပြန်သူ - Emily

**

အင်တာဗျူးမစခင် ယွမ်ထျန်က အင်တာဗျူးသူကို အရင်နှုတ်ဆက်လိုက်သည်။

ဂရုစိုက်ရမယ့်လူက ယွမ်ထျန်ဆိုတာကို သိရတော့ အင်တာဗျူးသူက ယွမ်ထျန့်အကြောင်းကို တစ်ချက်ရှာဖတ်ခဲ့သေးသည်။ ယွမ်ထျန်က ကွာရှင်းထားပြီးသားဆိုတာကို သိလိုက်ရတော့ သူ အံ့သြသွားခဲ့ရသေးသည်။

အသက်ငယ်ငယ်နဲ့ကောင်မလေးက ကွာရှင်းဖူးတဲ့အပြင် သူမရဲ့ခင်ပွန်းဟောင်းကလည်း တကယ့်အရှိန်အဝါကြီးတဲ့ လူတစ်ယောက်ဖြစ်သည်။

အင်တာဗျူးသူခမျာ ယွမ်ထျန့်အကြောင်းတွေကိုဖတ်ပြီး ယွမ်ထျန့်အပေါ် အမြင်ကောင်းရှိလာသည်။ အင်တာဗျူးတဲ့သူက အရမ်းချောတာကြောင့် ဖန်အချို့က သူ့ကို မင်းသားလုပ်စေချင်ကြသည်။ သူက မင်းသားမလုပ်ပေမဲ့လည်း သူ့အလုပ်မှာတော့ အရမ်းကိုကျော်ကြားပါသည်။

အင်တာဗျူးစတာနဲ့ သူက ပြင်ဆင်ထားတဲ့မေးခွန်းတွေကို စမေးတော့သည်။ ယွမ်ထျန်ရဲ့အဖြေတွေက သူထင်ထားတာထက်ကို ပိုပြီးတော့ကောင်းနေသည်။ သူမက ဥာဏ်ကောင်းတဲ့ပုံပဲ။

အချို့စတားတွေလိုမျိုး ပြင်ဆင်ထားတဲ့အဖြေကနေမဟုတ်ပဲ အခြားမေးခွန်းတွေမေးရင် တွေဝေသွားတာတို့ ကြောင်သွားတာတို့မရှိပေ။ ဒီလိုပုံစံနဲ့ဆိုရင် ဖန်တွေကတော့ သူတို့အိုင်ဒေါလ်ကို အရမ်းချစ်စရာကောင်းတယ်လို့ မြင်ကြတော့မည်။

အင်တာဗျူးက တစ်နာရီခွဲနီးပါးကြာသွားသည်။ ပြီးဆုံးခါနီးမှာ အင်တာဗျူးသူက အခုချိန်မှာ ရေးပန်းအစားဆုံး အကြောင်းအရာတစ်ခုကို မေးလိုက်သည်။

"နောက်ဆုံးမေးခွန်းကတော့ ဖန်တွေဆီကနေ မေးထားတာလေးပါ။ မစ်ယွမ်အနေနဲ့ အချစ်အကြောင်းတွေးထားတာလေးတွေ ရှိပါသလားဗျ"

သူတွေးခဲ့တာကတော့ ယွမ်ထျန်က ရှက်ကိုးရှက်ကန်းလေးနဲ့ အဖြေကိုပေးလိမ့်မယ်လို့ပေါ့။ ဒါပေမဲ့ သူမက တည့်တိုးကြီးပဲပြန်ဖြေသည်။

"မရှိပါဘူး"

ဒါ အမှန်ပဲလေ။ အခုချိန်မှာ ငါလေး ပိုက်ပိုက်တွေ အများကြီးရှာရဦးမှာ။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now