12.1

4K 553 13
                                    

အပိုင်း - ၁၂.၁

ဘာသာပြန်သူ - Emily

**

ထိုရသစုံရှိုးက ကြည့်ရှုနှုန်းသိပ်မများတာကြောင့် တနင်္လာနေ့ ည နာရီမှာသာ တင်လေ့ရှိသည်။ အစစချင်းမှာ ကြည့်ရှုနှုန်းက အရမ်းနည်းနေတာကြောင့် အဖွဲ့ကို ဖျက်သိမ်းလိုက်ရမှာကို ဒါရိုက်တာက စိုးရိမ်နေတာဖြစ်သည်။

သူက ဧည့်သည်တွေကို အရမ်းကို ကြင်နာနေလို့များ ကြည့်ရှုနှုန်းမတက်တာလားဆိုပြီးတော့လည်း တွေးနေလိုက်သေးသည်။ တကယ်ပါပဲ!

ဒါပေမဲ့ ပရိသတ်တွေက သူ့ကို အရမ်းကိုရက်စက်လွန်းလို့ အပြစ်တင်နေကြတာဖြစ်သည်။

ဒါရိုက်တာက အယ်ဒီတာရဲ့အခန်းထဲမှာ ထိုင်နေပြီး ဆေးလိပ်သောက်နေတာဖြစ်သည်။

ရုတ်တရက်…

ကြည့်ရှုနှုန်းပြမျဉ်းက အထက်ကို မြင့်တက်သွားတော့ ဒါရိုက်တာ ခမျာ ဆေးလိပ်မီးခိုးကြားကနေ မျက်လုံးတွေ ပြူးနေရသည်။

သူ့ရင်ဘတ်ကို လက်တစ်ဖက်နဲ့ဖိထားပြီး တစ်ဖက်မှာထိုင်နေသော ပရိုဂျူဆာကို ကြည့်လိုက်ကာ

"မင်း ကြည့်ရှုသူများအောင် ပိုက်ဆံသုံးခဲ့တာလား?"

"သုံးစရာလား?"

ပရိုဂျူဆာရဲ့မျက်နှာက အစကတည်းက မဲမှောင်နေပေမဲ့ အခုတော့ နည်းနည်း ကြည်သာလာသည်။

ဒါရိုက်တာကြီးက ပရိုဂျူဆာကိုကြည့်ပြီး စူးစမ်းနေပေမဲ့ ပရိုဂျူဆာလိုလူက သူ့အတွက်သူပဲ ပိုက်ဆံသုံးတတ်မှန်းကို သူသိသည်။ ကြည့်ရှုနှုန်းမြင့်ဖို့အတွက် သူက ပိုက်ဆံသုံးစရာလား?

ဒါပေမဲ့လည်း မြင့်တက်နေဆဲဖြစ်သော မျဉ်းကြောင်းကို သူ မယုံနိုင်ဖြစ်နေသေးသည်။ ကြည့်ရှုနှုန်းက 0.4 ကနေ ရုတ်တရက် 1.0သို့ ရောက်သွားသည်။

ဒီမှာ ဘာတွေဖြစ်နေတာလဲ?

ထိုအချိန်မှာ ပရိုဂရမ်မာတစ်ယောက်က ရှိုးက လူကြိုက်များပြီး ပေါ်ပြူလာဖြစ်နေပြီလို့ သူတို့ကို လာပြောသည်။

"ဒါရိုက်တာ ကျွန်တော်တို့ ရှိုးက ပေါက်သွားပြီဗျ!"

ဒါရိုက်တာကတော့ မှင်သက်နေတုန်းပင်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now