75

2.3K 282 11
                                    

အပိုင်း - ၇၅

ဘာသာပြန်သူ - Emily

**

ချင်ယွီက ရယ်လိုက်ကာ အစမရှိအဆုံးမရှိနဲ့ စကားပြောလာသည်။

"ရှန်းရှဲက ဒီနေ့ ဘလိုင်းဒိတ်သွားတယ်။ မင်း ကံကောင်းတာပဲ မဟုတ်ရင် သူ့ရဲ့ဘလိုင်းဒိတ်ကို တွေ့နေရဦးမယ်"

ယွမ်ထျန် တကယ်ကို ဂရုမစိုက်ပါ။ ဒါပေမဲ့ သူမနှလုံးသားလေးကတော့ နည်းနည်းစပ်စုချင်နေသေးသည်။ အဓိကဇာတ်လိုက်ရဲ့နှလုံးသားထဲကို ဘယ်အလှလေးက ဝင်သွားလဲဆိုတာကို သိချင်တာပေါ့နော်။

သူမက ဒီအတိုင်းသိချင်တဲ့ပုံစံလေးဖြင့်
"ဘယ်မိသားစုကလဲ? အသက်ဘယ်လောက်လဲ? ကြည့်ကောင်းလား?"

သူမသိချင်နေတယ်ဆိုတာကို တွေ့လိုက်ရတော့ ချင်ယွီ သုန်မှုန်သွားသည်။
"ကိုယ် မသိဘူး"

ယွမ်ထျန်လည်း သူနဲ့ပြောစရာမရှိတော့ပေ။

အခန်းထဲမှာ အလင်းရောင်က မှိန်မှိန်လေးသာထွန်းထားသည်။ မီးအိမ်မှိန်မှိန်လေးထွန်းထားတဲ့ အိပ်ခန်းထဲမှာ လူနှစ်ယောက်ရှိနေပေမဲ့ လေထုကတော့ တစ်မျိုးဖြစ်နေသည်။ ချင်ယွီ သူမကို စိုက်ကြည့်နေတာကြောင့် ယွမ်ထျန် နေရခက်နေသည်။ ဒါပေမဲ့ ချင်ယွီကတော့ နေရခက်တာဘာညာ ဘာမှဖြစ်ပုံမရပေ။

"ငါ့ကို အထဲကိုဆွဲသွင်းပြီး ဘာလုပ်ချင်တာလဲ?"

ဒီလူက နေမကောင်းလို့ အိပ်ရာထဲလှဲနေရတဲ့သူလို့ ငါ့ကိုလာမပြောနဲ့နော်။ အခုနက ငါ့လက်မောင်းကို ဆွဲလိုက်တဲ့အားက လူနာတစ်ယောက်ရဲ့အားမှမဟုတ်တာ။

ယွမ်ထျန် သူ့ကိုအပေါ်အအောက်ကြည့်ပြီး မေးလိုက်ပေမဲ့ သူက ဘာမှလုပ်ချင်ပုံမရပဲ ဝှီးချဲလ်ပေါ်မှာပဲ ထိုင်နေသည်။ ထိုအချိန် သူမမျက်လုံးထဲမှာ မြင်လာမိတာက စကားလုံးငါးလုံးပဲ *မစွမ်းဆောင်နိုင်ဘူး!*

ချင်ယွီက သူမအကြည့်ကို နားလည်ပြီးတော့ မယုံနိုင်ဖြစ်ကာ
"အဲလိုမဟုတ်ဘူး"

ယွမ်ထျန် သူနဲ့စကားဆက်မပြောချင်တော့တာကြောင့် လှည့်ထွက်လာခဲ့သည်။ ချင်ယွီက သူမကို မတားပေ။ ဒါပေမဲ့ အိပ်ခန်းတခါးက ကုဒ်နဲ့ဖွင့်မှရတာမို့ သူမ မဖွင့်နိုင်။ အကြိမ်အနည်းငယ်ကြိုးစားကြည့်ပြီး ယွမ်ထျန် အရှုံးပေးလိုက်တော့သည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now