15.1

3.9K 543 39
                                    

အပိုင်း - ၁၅.၁

ဘာသာပြန်သူ - Emily

**

ရှန်းရှဲမူးနေတာဖြစ်သည်။ သူ အရက်တွေအများကြီးသောက်ခဲ့ပြီး မသက်မသာဖြစ်နေသည်။

သူ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်နေကာ သူ့ရဲ့အမြဲတမ်းအေးစက်နေတဲ့ မျက်နှာဖြူဖြူက အခုတော့ အရက်ဒဏ်ကြောင့် နီရဲနေကာ ရီဝေနေသည်။ မျက်ခုံးတွေကလည်း ထိလုမတတ်ကျုံ့ထားကာ လက်တစ်ဖက်ကို သုံးပြီး နက်ခ်တိုင်ကို ဖြေချလိုက်သည်။

အေးခဲသွားစေနိုင်သည့် လေသံဖြင့် နာနီအား အမိန့်ပေးလိုက်သည်။

"အမူးပြေစွပ်ပြုတ်တစ်ခွက် ပြင်ခဲ့ပေး"

"အာ..ဟုတ်ကဲ့"

ရှန်းရှဲ သူ အရက်သောက်တိုင်း ခေါင်းကိုက်တတ်သည်။ အရက်များများသောက်လေ ခေါင်းပိုကိုက်လေပဲ။ ဧည့်ခန်းထဲက တီဗွီက အချိန်ပြည့် ဖွင့်ထားပုံရသည်။ ရှန်းရှဲ တစ်ချက်ကြည့်လိုက်တော့ တီဗွီဖန်သားပြင်ပေါ်မှာ လှပသည့် ပုံရိပ်လေးက မျက်ရည်တွေရွှဲစိုနေသည်။ မျက်ဝန်းတွေက မျက်ရည်စတွေနဲ့ ရစ်ဝိုင်းနေကာ သူ့ကို တည့်တည့်စိုက်ကြည့်နေသလိုလို။ ရုတ်တရက် ရှန်းရှဲ ရင်ဘတ်က မသက်မသာဖြစ်လာကာ တင်းကြပ်လာသည်။

နာနီက အမူးပြေစွပ်ပြုတ်ပြင်ဆင်ကာ ရှန်းရှဲအတွက် ယူလာပေးသည်။

"စားပွဲပေါ်မှာ ချထားခဲ့"

သူ ယွမ်ထျန်ကို ဘယ်အချိန်စတွေ့ခဲ့တယ်ဆိုတာကို ရှန်းရှဲ မမှတ်မိပေ။

အဲဒီအချိန်တုန်းက ကျစ်ရှောင်ကျိုက သူ့ဆီကိုပြေးလာကာ သူမရဲ့ပျောက်ဆုံးသွားတဲ့ညီမလေးကို ပြန်ရှာတွေ့ပြီလို့ ပြောလာခဲ့သည်။ အဲဒီတုန်းက သူ လုံးဝ စိတ်မဝင်စားခဲ့ပေ။

နောက်တစ်နေ့ သူ ကျောင်းသွားဖို့ ကျစ်ရှောင်ကျိုကို သွားခေါ်တုန်းက လှေကားမှာ ကျောင်းယူနီဖောင်းကို မသပ်မရပ်ဝတ်ထားသော ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ အဲဒီကောင်မလေးက သူမလက်တွေကို ဆော့ကစားနေသည်။

အဲဒီအချိန်တုန်းက သူ့ရဲ့ပထမဆုံးအမြင်နဲ့ဆိုရင် ယွမ်ထျန်က လုံးဝကို မင်းသမီးဖြစ်မည့် ရုပ်မဟုတ်ပေ။ သူ ယွမ်ထျန်ကို လုံးဝကို စိတ်မဝင်စားခဲ့ဖူးသလို သူမအတွက် အချိန်ကုန်မခံခဲ့ဖူးပေ။ ဒါပေမဲ့လည်း သူမအကြောင်းကို ကျစ်ရှောင်ကျိုဆီကနေ အမြဲတမ်းကြားသိခဲ့ရသည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now