extra
1.5K 124 4
Extra
ဘာသာပြန်သူ - Emily
**
အတန်းမစခင် ကျောင်းသားကျောင်းသူတွေရဲ့ စကားတွေကို ယွမ်ထျန် နားထောင်နေလိုက်သည်။
"ဘာလို့ ဒီအတန်းမှာ လူတွေအရမ်းများနေရတာလဲ?"
"နင် မသိဘူးလား? ဆရာစစ်ရှို့က အရမ်းခန့်ညားတာလေ။ သူက ဘယ်အတန်းကိုမှ မယူတဲ့ ပရော်ဖက်ဆာလေ။ ဒီစာသင်နှစ်မှာတော့ သူက ဒီအတန်းရဲ့ဆရာတဲ့"
"ခန့်ညားတာက ဘာလဲ? အေးစက်တဲ့ ရေခဲတုံးဆို ပိုမှန်မယ်။ သူက ဟိုးအရင်တုန်းကတော့ အစားထိုးဆရာတစ်ယောက်ပါပဲ။ နင်သိလား လူ60မှာ 30ကျော်က သူ့လက်ချက်မိဖူးတယ်။ အရမ်းကြောက်ဖို့ကောင်းတယ်ဟ"
သူတို့ပြောနေတာကို နားထောင်ရင်း လူမမြင်ရသေးတဲ့ ဆရာက ကြောက်စရာကောင်းမယ်လို့ တွေးနေမိသည်။ နေပါဦး အခုခေတ်ကောလိပ်တွေမှာလည်း ကြောက်စရာကောင်းတဲ့ ဆရာတွေ ရှိနေပြီလား?
8နာခွဲကျတော့ ချင်ယွီက တည်ကြည်နေတဲ့ မျက်နှာထားနဲ့ စာသင်ခန်းထဲဝင်လာခဲ့သည်။ ကျောင်းသားကျောင်းသူတွေကတော့ ချောမောနဲ့မျက်နှာနဲ့မလိုက်ဖက်တဲ့ သူ့အကြည့်ကိုမြင်ပြီး လည်ပင်းပွတ်နေကြသည်။
ယွမ်ထျန်တစ်ယောက်ပဲ သူ့ကိုမကြောက်တာဖြစ်သည်။ ဒါပေမဲ့ သူမလည်း စက္ကန့်အနည်းငယ်လောက် အေးခဲသွားခဲ့သည်။ သတိပြန်ဝင်လာပြီးမှ
"အခုခေတ်ဆရာတွေက ဘယ်လိုတွေတောင် လုပ်စားနေကြတာလဲ?"
သူမစကားကို ကြားသွားတော့ ချင်ယွီက ရယ်လိုက်သည်။ သူ စားပွဲခုံကို လက်နဲ့တောက်လိုက်ကာ
"ဆောရီး အရမ်းကြီးမလန့်ကြပါနဲ့ဦး။ ငါက သင်ခန်းစာနည်းနည်းပေးဖို့အတွက်ပဲ ဝင်လာတာပါ"
ယွမ်ထျန် သူ့ကို wechatကနေ စာပို့လိုက်သည်။
/နင် ဘာလာလုပ်တာလဲ?/
အစားထိုးတစ်ယောက်နေရာကိုလေ။ အရူးကောင်။
ချင်ယွီက စာကိုကြည့်ပြီး ပြန်ဖြေလိုက်သည်။
/မင်း ဒေါသထွက်နေပြီလား? ရပါတယ်ကွာ/
*****
စာရေးသူမှာပြောစရာရှိပါတယ် : မစ္စတာယွီက သူ့ဇနီးလေးကို အရမ်းကိုသဝန်တိုတတ်တာပဲ
Extra
ဘာသာပြန်သူ - Emily
**
/နင် ဘာလာလုပ်တာလဲ?/
*****
ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now