26.1

3.1K 475 8
                                    

အပိုင်း - ၂၆.၁

ဘာသာပြန်သူ - Emily

**

ကျစ်မားမားကိုယ်ဝန်ဆောင်တုန်းက အရမ်းကိုခက်ခဲခဲ့သည်။ ပထမတစ်ယောက်ကိုမွေးတုန်းက အဆင်ပြေပေမဲ့ ဒုတိယတစ်ယောက်ကို မွေးတော့မှ သွေးတွေအရမ်းထွက်လာကာ အသက်အန္တရာယ်နဲ့ အရမ်းနီးကပ်သွားခဲ့သည်။ ယွမ်ထျန် အသက်သုံးနှစ်အရွယ် အိမ်ကနေ ပျောက်သွားတော့ သူမရဲ့ယောက္ခမက သူမကို အချိန်အတော်တာ အေးစက်စက်ဆက်ဆံကာ အပြစ်တင်ခဲ့သည်။ ကျစ်မားမားက အိမ်တော်မှာ ပြောရေးဆိုခွင့်မရှိတော့ပေ။

ဒီအကြောင်းကြောင့် သူမက ယွမ်ထျန်ကို အကြောင်းအရင်းမရှိပဲ ပိုမုန်းလာခဲ့သည်။ *ဘာကြောင့် အဲဒီကလေးမက အိမ်မှာနာနာခံခံနဲ့ မနေနိုင်ရတာလဲ? ဘာကြောင့် စကားနားမထောင်ရတာလဲ*

ကျစ်မားမားက သူမရဲ့သမီးကြီးကိုပဲ ပိုချစ်ခဲ့သည်။ ကျစ်ရှောင်ကျိုက စိတ်ထားလှတဲ့အပြင် သူမသင်ပြပေးတာတွေကိုလည်း နာခံပြီးလိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်လာခဲ့သည်။ ဒါပေမဲ့ အရိုးအားနည်းတာကြောင့် ခဏခဏခွဲခန်းဝင်ရသည်။ ဒါကြောင့်ပဲ သူမက သမီးကြီးကို ပိုချစ်ပြီး ပိုသနားခဲ့ရတာဖြစ်သည်။

*

ယွမ်ထျန်က ရှန်းရှဲနဲ့ဖုန်းပြောခဲ့တာကို ကြားလိုက်ရတော့ ကျစ်မားမား ဒေါသထွက်လွန်းလို့ လက်တွေတောင် တုန်ရီနေသည်။

အရင်ကယွမ်ထျန်ဆိုရင် ဝမ်းနည်းနေနိုင်ပေမဲ့ သူမ ကျစ်မိသားစုဆီကနေ ထွက်လာကတည်းက ကျစ်မိသားစုနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေ မရှိတော့တာဖြစ်သည်။ သူတို့တွေ သူမကို ဖိအားပေးလို့ မရဘူး။

ကိုယ့်ဘဝကို ကိုယ်သာစီရင်ရမှာပဲ…

"ကျေးဇူးပြုပြီးပြန်ပါတော်"

ယွမ်ထျန်က တံခါးဖွင့်ပေးလိုက်သည်။

"ကြည့်ရတာ အရမ်းဒေါသထွက်ပေုံပဲ။ ဒီတော့ အရင်ထွက်သွားလိုက်ပါ။ စိတ်ညစ်ခံမနေပါနဲ့တော့. ဟုတ်ပြီလား?"

ကျစ်မားမားရဲ့မှတ်ဥာဏ်ထဲမှာ ယွမ်ထျန်က စကားအများကြီးပြောတတ်တဲ့သူမဟုတ်ပေ။ သူမက အမြဲတမ်းတိတ်ဆိတ်နေကာ တည်ရှိမှုကို ချုံ့ထားတတ်သူဖြစ်သည်။ ဒါပေမဲ့ ယွမ်ထျန်က သူမကို တာဝန်မကျေပွန်တဲ့ မိခင်တစ်ယောက်ကိုကြည့်သလို ကြည့်နေတာကို သူမ ခံစားမိသည်။ ရှက်ရွံ့မှုကြောင့် သူမ မျက်နှာကြီးနီရဲလာသည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒जहाँ कहानियाँ रहती हैं। अभी खोजें