94

1K 124 3
                                    

အပိုင်း - ၉၄

ဘာသာပြန်သူ - Emily

**

ချင်ယွီ တကယ်လုပ်နိုင်တယ်လို့ ယွမ်ထျန်တွေးလိုက်သည်။ ဒီကောင်က ဘဝအကြောင်းနဲ့ အချစ်အကြောင်းကို မျက်နှာအရောင်တစ်ချက်မပြောင်းပဲ ပြောနိုင်သည်။ ယွမ်ထျန် သူ့ကို တွေတွေလေးကြည့်ကာ ရှင်းရှင်းလင်းလင်းပြောလိုက်သည်။

"နင် မလုပ်နိုင်ဘူး"

"အတူတူအိပ်တာက လွယ်တာမဟုတ်ဘူး"

"နင် အဲလိုလုပ်လို့မရဘူး။ အခြားသူတွေနဲ့လုပ်ရင်တော့ နင် 5000ရချင်ရမှာပေါ့"

ချင်ယွီက စိတ်မဆိုးပဲ
"ဒါဆို ကိုယ် မင်းကို 2000ပေးရမလား?"

ယွမ်ထျန်လည်း သူ့စကားကို စိတ်အနှောင့်အယှက်မဖြစ်
"အားလုံး ပြန်ပေးပြီး ထွက်သွားတော့"

ချင်ယွီက ဆိုဖာပေါ် မှီချလိုက်ကာ
"ပိုက်ဆံက ကိုယ့်လက်ထဲရောက်ပြီးပြီဆိုတော့ ပြန်ရဖို့ လွယ်တယ်များမှတ်နေလား?"

"ငါ ပိုက်ဆံပြန်မယူတော့ဘူး။ ထွက်သွားတော့"
ယွမ်ထျန် ခေါင်းကိုက်နေပြီ။

ချင်ယွီက သက်ပြင်းချလိုက်ကာ
"အဆင်မပြေဘူးလေ။ ကိုယ်တို့က အလုပ်လုပ်နေတာဆိုတော့ ဝယ်သူက ကောင်းကောင်းဆက်ဆံရမယ်လေ"

သူက တစ်ဖန်ထရပ်လိုက်ပြန်ကာ ခါးပတ်ကြိုးကိုဖြုတ်ပြီး ဘေးမှာထားလိုက်သည်။ ပြီးတော့ ရှပ်အင်္ကျီအပေါ်နှစ်လုံးကို ဖြုတ်ကာ
"ကိုယ် ဒါကြီးကိုမဝတ်ထားနိုင်တော့ဘူး။ သံပူကြီးကပ်ထားသလိုပဲ။ ယောက်ျားတစ်ယောက်ကို ဆဲရေးတယ်ဆိုတာက မကောင်းဘူးနော်"

ဒီကောင် ဘာတွေပြောနေတာလဲဟ?

သူ့ပုံစံက ဂန်းစတားတစ်ယောက်လိုဖြစ်နေတာကြောင့် သူမ သူ့ကိုလက်မထောင်ပြလိုက်ချင်နေသည်။ တကယ့်ကို အံ့သြစရာပဲ။

သူမ နှာခေါင်းရှုံ့လိုက်ကာ
"ငါ့ပစ္စည်းတွေကိုတော့ မထိနဲ့နော်။ အဲဒါတွေက နင်ပိုင်တာမဟုတ်ဘူး"

သူမပြောပြီးသွားတော့ သူက ကုတ်နဲ့ခါးပတ်ကို သူ့လက်မောင်းကိုပစ်တင်လိုက်ကာ
"အခု ကိုယ့်ကို မင်းရဲ့ရွှေကိုယ်တော်ဖြစ်ခွင့်ပေးလိုက်လေ။ မင်း ဘဲတစ်ကောင်လို အော်ချင်တယ်ဆိုရင်လည်း ဒီအစ်ကိုလေးက မင်းကို မရပ်မနားလူးလိမ့်နေအောင် လုပ်ပေးမယ်လေ ဘယ်လိုလဲ?"

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now