32

3.5K 504 26
                                    

အပိုင်း - ၃၂

ဘာသာပြန်သူ - Emily

**
ဟွိုက်ကျားမိသားစုကို မြို့တော်က လူအားလုံးနီးပါးသိကြသည်။ ဒါပေမဲ့ ဘယ်သူမှလည်း သူ့အကြောင်းကို နက်နက်နဲနဲမသိသလို အင်တာနက်အပေါ်မှာလည်း သူတို့အကြောင်းတွေ မရှိပေ။ သူတို့အကြောင်း ပို့စ်တစ်ခုလောက် တင်ကြည့်ပါလား။ တင်တာနဲ့ ချက်ချင်းကို ဖျက်ချမှာပဲ။

ဟွိုက်ကျားလို့ ပြောလိုက်တော့ အင်တာနက်သုံးသူတွေလည်း ပါးစပ်ပိတ်သွားသည်။ အခုချိန်မှာ ဟွိုက်ကျားမိသားစုမှာ ကျန်တာဆိုလို့ အရွယ်ရောက်ပြီးသား သခင်လေးပင်။ အင်တာနက်ပေါ်မှာ အဲဒီသခင်လေးရဲ့ ဓာတ်ပုံတစ်ပုံတစ်မြီးလေးကိုပင် မတင်ထားကြပေ။

/ဟွိုက်ကျားမိသားစုက သခင်လေးက မြို့တော်တက္ကသိုလ်မှာ ဆေးကျောင်းတက်နေတယ်ဆိုတာကိုတော့ ငါသိတယ်။ ကျန်တာကိုတော့မသိဘူး။ ပြီးတော့ အင်တာနက်ပေါ်ကို အရမ်းကြီးလည်း မတင်ရဲဘူး/

ဟွိုက်မော့ရဲ့ တကယ့်နာမည်အရင်းက ဟွိုက်ချီဂူဖြစ်သည်။ ချီကသူ့အမေရဲ့ နောက်ဆုံးနာမည်ဖြစ်သည်။ နောက်ပိုင်း သူ့မိဘတွေက ရှေ့ဆက်နောက်ဆက် သေဆုံးသွားကြသည်။ ရုတ်တရက်ကြီး မိဘနှစ်ပါးသေဆုံးသွားတော့ ဝေ့မော့က သူ့နာမည်ကို ပြောင်းလိုက်တာဖြစ်သည်။

/ယွမ်ထျန်က ဟွိုက်ကျားမိသားစုနဲ့ ရင်းနှီးလို့လား? သူမက တကယ်ကြီးကို သိတာလား?/

/အမလေး သူမကို သခင်လေးဟွိုက်ချီဂူလို လူမျိုးကိုတော့ မပေးပါနဲ့နော်။ ဒါနဲ့ သူမနဲ့ ဟွိုက်ကျားက အရင်က တွေ့ဖူးလို့လား? သူတို့နှစ်ယောက်စလုံးက အနုပညာလောကထဲကများလား?/

/နင်သာဆိုရင် 80မီလီယံတန်လည်ဆွဲကို ငှါးပါ့မလားဟဲ့/

/ငါလည်း သူ့ကို သိချင်လိုက်တာနော်/

/ယွမ်ထျန်ရဲ့ဘဝက အရမ်းကိုကောင်းတာပဲ။ အစကတော့ ရှန်းရှဲ. အခု ကွာရှင်းပြီးသွားတော့ ပိုပြီးတော့ နောက်ခံတောင့်တဲ့ ဟွိုက်ချီဂူတဲ့။ သူမက ဘဝမှာ အနိုင်ရသူပဲ/

/ငါ ဟွိုက်မိသားစုပုံကို မြင်ဖူးချင်လိုက်တာ/

ပုံတွေကို ဘယ်သူမှ ရှာမတွေ့ကြပေ။ ဟွိုက်ရဲ့နောက်ခံကြောင့် ဘယ်သူကမှလည်း နက်နက်နဲနဲ မတူးဖော်ရဲကြပေ။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Unde poveștirile trăiesc. Descoperă acum