22.2

3.8K 532 13
                                    

အပိုင်း - ၂၂.၂

ဘာသာပြန်သူ - Emily

**

မတ်လအကုန်မှာတော့ ယွမ်ထျန်ရိုက်ကူးထားတဲ့ *အမည်မသိသော*ရဲ့ ပထမဆုံး ဗီဒီယိုအတိုလေးကို တရားဝင်အကောင့်ကနေတစ်ဆင့်တင်ပေးလိုက်သည်။ ပြီးတော့ ရုပ်ရှင်ကို ဂျွန်လအကုန်မှာ ရုံတင်ပြသမယ်ဆိုပြီးတော့လည်း တစ်ခါတည်း အသိပေးလိုက်သည်။

ထိုtrailerလေးက 24နာရီအတွင်းမှာ ကြည့်ရှုသူ 50မီလီယံရခဲ့သည်။ ဒါရိုက်တာရဲ့နာမည်ကလည်း ရှာဖွေမှု အမြင့်ဆုံးကိုရောက်သွားခဲ့သည်။ ယွမ်ထျန်ကလည်း weiboမှာ trailerလေးကို ပြန်ရှယ်ထားပြီး စာရေးနည်းနည်းရေးကာ ပို့စ်တင်ပေးလိုက်သည်။

/*ဟယ်လို ငါက ချာချာပါ*/

ချင်အန်းရဲ့စိတ်က ဘယ်လိုဖြစ်နေမှန်းမသိပေမဲ့ ချင်အန်းက သူမပို့စ်ကို ပြန်ရှယ်ထားကာ
*/ဟယ်လို ချာချာ. ဒါရိုက်တာချောင်က ဒီမှာစောင့်နေတယ်!/ ဆိုပြီး ပြန်တင်ထားသည်။

ယွမ်ထျန်က ဖုန်းကို မျက်ခုံးတွေတွန့်ချိုးကာ စိုက်ကြည့်နေလိုက်သည်။

ချင်အန်းစုတ် နောက်ဆုံးအခန်းမှာ ငါ့ကို သေလောက်အောင် ရိုက်ခဲ့တာကို မေ့သွားပြီလား?

ချင်အန်းက သူလိုချင်တာမှန်သမျှကို လုပ်နိုင်သူဖြစ်သည်။ အဲဒီ ပို့စ်က သူ့ဖန်တွေကို ကြောင်အသွားစေသည်။

/ချင်အန်းဖြစ်ဖြစ် ချင်ယွီဖြစ်ဖြစ် ယွမ်ထျန်နဲ့တွဲနေတယ်ဆိုတာ သေချာတယ်။ အရာအားလုံးက တောက်ပနေတာပဲ။ ငါတော့ ယွမ်အန်းကာပယ်ကို သဘောကျတယ်/

/ငါ့ရဲ့ပထမဆုံးကြိုက်မိတဲ့ အတွဲပဲ။ မနက်ဖြန်ကျရင် လက်ထပ်လိုက်ကြပါတော့နော်/

/တကယ့်အတွဲတွေထင်တယ်။ အရမ်းမိုက်တာပဲ!/

/ဝက်ဝံမလေးရဲ့ကောင်လေးသာဆိုရင် သူမကို ကောင်းကောင်းမွန်မွန်ဆက်ဆံနေသမျှ သဘောတူမှာပဲ။ ဟီးဟီး/

ပထမဆုံး ဗီဒီယိုအပိုင်းတိုလေးက စက္ကန့်90သာ ကြာသည်။ ယွမ်ထျန်က စက္ကန့်20လောက်ပါလိုက်ရသဖြင့် သူမ ပြုံးမိသွားသည်။ ဖြစ်နိုင်ရင် လမ်းပေါ်ထွက်ပြီးတော့ကို အော်ပစ်လိုက်ချင်တာ။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Wo Geschichten leben. Entdecke jetzt