3.2

4.4K 555 6
                                    

ဒီဘာသာပြန်လေးကို အဆုံးထိpaid gpမှာ 3000ကျပ်နဲ့ ဖတ်နိုင်ပြီနော်. ongoing ပါ။ နေ့တိုင်uးpပါတယ်နော်.

အပိုင်း - ၃.၂

ဘာသာပြန်သူ - Emily

**

ဒါရိုက်တာက လူတိုင်းရဲ့အရှေ့မှာ သူမရဲ့အပြုံးကို မဖုံးနိုင်မဖိနိုင် ဖြစ်နေသည်။

"ယွမ်ထျန် မင်းရဲ့သရုပ်ဆောင်ချက်က အရမ်းကောင်းတာပဲ"

ယွမ်ထျန်ကလည်း ပျော်ရွှင်နေသည့် အပြုံးလေးဖြင့် ပြန်ပြုံးပြလိုက်ကာ

"ကျေးဇူးတင်ပါတယ် ဒါရိုက်တာ"

သူ့လက်ထောက်နဲ့အတူ အနားမှာရပ်နေသည့် ရှုကျင်းက မျက်မှောင်ကျုံ့ထားသည်။ ထိုခဏမှာ မဖြစ်နိုင်ဘူးဆိုတာကိုသိပေမဲ့ သူ ယွမ်ထျန်ရဲ့သရုပ်ဆောင်ချက်မှာ ညှို့ခံလိုက်ရတယ်ဆိုတာကို သူဝန်မခံချင်ပေ။ သူပြောရမယ့် စာသားတွေကိုတောင် မေ့လုနီးပါးဖြစ်သွားခဲ့ရသည်။

ရှုကျင်း ခဏလောက် တွေဝေနေပြီးနောက် သူ့ခြေထောက်တွေက သူ့အမိန့်တွေကို မနာခံပဲ ယွမ်ထျန်ရှိရာနေရာသို့ တန်းတန်းမတ်မတ်လျှောက်သွားနေသည်။

ယွမ်ထျန်က မိတ်ကပ်ပြန်ဖျက်လိုက်ပြီး အဝတ်အစားပြန်လဲလိုက်ပြီဖြစ်သည်။ သူမရဲ့မျက်နှာမှာ မျက်လုံးဝိုင်းဝိုင်းတစ်စုံက လှပစွာထင်းထွက်နေသည်။

ကျန်းလီလီ သူမအတွက် ဝယ်လာပေးခဲ့သည့် မစ်တီးတစ်ခွက်ကို ကိုင်ကာ တံခါးပေါက်က လိုက်ကာကို ဖွင့်ပြီး ထွက်လိုက်ကာ သူမပုံစံက ရှုကျင်းထံ ဝင်ပြေးသလိုဖြစ်သွားသည်။ သူမလက်ထဲက မစ်တီးတစ်ချို့က ရှုကျင်းရဲ့ ဂျာကင်ကို စင်သွားသလို တစ်ချို့ကလည်း သူ့မေးကို ပေသွားစေသည်။

ရှုကျင်းရဲ့နဖူးမှာ အစိမ်းနုရောင်သွေးပြန်ကြောတွေတောင် ထင်လာသည်။ သခင်ငယ်လေးရဲ့ ဒေါသတွေထွက်ပေါ်လာကာ

"ယွမ်ထျန် မင်း မျက်လုံးတွေ ကန်းနေတာလား?"

ယွမ်ထျန်က အရမ်းကို ဖြူစင်လွန်းပုံနဲ့ ပြန်ဖြေသည်။

"ဟင့်အင့်"

ရှုကျင်း နေမကောင်းဖြစ်ချင်သလိုပါ ခံစားလိုက်ရသည်။ သူ ဘာလို့ ယွမ်ထျန်နဲ့စကားပြောမယ်ဆိုပြီး လာရတာလဲ? သောက်ရမ်းဆိုးတဲ့ကံပဲ!

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now