95

1K 119 4
                                    

အပိုင်း - ၉၅

ဘာသာပြန်သူ - Emily

**

စာမေးပွဲအခန်းထဲမဝင်ခင် စစ်ဆေးရေးအခန်းဝင်ရသေးသည်။ ယွမ်ထျန်က သူမနေရာမှာဝင်ထိုင်ကာ ပြတင်းပေါက်အပြင်ကို ငေးကြည့်နေသည်။ မနက် 9နာရီကျတော့ စာမေးပွဲစသည်။

တရုတ်မေးခွန်းလာတော့ မရေးခင် ခေါင်းစဉ်တွေကိုအရင်ကြည့်ပြီး သူမ စိတ်သက်သာရာရသွားသည်။ ပြီးမှ စာရွက်ယူကာ ရေးချတော့သည်။ တရုတ်စာအတွက် အချိန်က နှစ်နာရီခွဲဖြစ်သည်။ ယွမ်ထျန်က အချိန်ပြည့်ဖို့ 10မိနစ်အလိုမှာ ဖြေလို့ပြီးသွားခဲ့သည်။

မေးခွန်းလွှာအပ်ပြီးတော့ သူမနေရာမှာပဲ ခဏလောက်ဆက်ထိုင်နေပြီးမှ ပစ္စည်းတွေသိမ်းကာ အပြင်ကိုထွက်ခဲ့သည်။ ဂျွန်လဆိုတော့ နေက အရမ်းပူနေကာ အပြင်ဘက်ကနေ တိုက်ခတ်လာတဲ့လေကတောင် ပူပြင်းနေသည်။

ယွမ်ထျန်က အခြားသူတွေကို မအံ့သြသွားစေချင်တာကြောင့် maskတပ်ထားသည်။ ဂိတ်ပေါက်မှာ မိဘတွေက လည်ပင်းရှည်ပြီးစောင့်နေကြသည်။ အချို့ကလည်း စာပြားတွေကိုင်ကာ စောင့်နေသည်။

ချင်ယွီက သူမကို ဝင်ပေါက်မှာ စောင့်နေမယ်လို့ သူမမထင်ထားပေ။ သူကသစ်ပင်အရိပ်မှာ ရပ်နေကာ သူမကိုမြင်တော့ သူမအနားရောက်လာသည်။

"ဗိုက်ဆာနေပြီလား?"

သူက သူမရဲ့စာမေးပွဲအကြောင်း မမေးခဲ့ပေ။
"အင်း ငါ ဗိုက်ဆာနေပြီ"

သူမရဲ့ဆံပင်တွေကလည်း ပြေကျနေပြီး သူမပုံစံက နည်းနည်းပင်ပန်းနေပုံရသည်။

"ကားထဲဝင်ရအောင်။ ကိုယ့်ပိုက်ဆံကိုယ်သုံးပြီး မင်းကို အစားသောက်ကောင်းကောင်းလေး ဝယ်ကျွေးမယ်"

"…"

နေက အရမ်းပူလွန်းတာကြောင့် ယွမ်ထျန် မျက်လုံးမဖွင့်နိုင်လောက်အောင်ကိုဖြစ်သည်။ နဖူးမှာလည်း ချွေးတွေစီးကျနေပြီ။ သူမ ချင်ယွီကို ပြန်ပြီးတောင် ရန်မတွေ့နိုင်ပဲ ကားထဲဝင်လိုက်သည်။

ချင်ယွီက သူမကို အနီးအနားက ကိုယ်ပိုင်စားသောက်ဆိုင်လေးကို ခေါ်ဆောင်သွားသည်။ ဆိုင်လေးက ဝါးတောထဲမှာ တစ်သီးတစ်သန့်လေးဖြစ်ကာ တိတ်ဆိတ်ငြိမ်းချမ်းလှသည်။ ဆိုင်က အဖွဲ့ဝင်ထားသူတွေအတွက် သီးသန့်ဖွင့်ထားတာဖြစ်သည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now