4.2

4K 527 7
                                    

အပိုင်း - ၄.၂

ဘာသာပြန်သူ - Emily

**

ဒါရိုက်တာကလည်း သူမကို ပိုက်ဆံပေးမည်မဟုတ်မှန်းကို သူမသိသည်။

"မစ်ယွမ်က ဗိုက်ဆာနေတာလား? ကျွန်တော်တို့ဆီက ပိုက်ဆံချေးလို့မရတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ရှိုးပြီးသွားရင်တော့ ဆယ်ဆပြန်ပေးရမယ်နော်"

ရိုက်ကူးရေးအဖွဲ့က တကယ်ကို ညာတာမှုမရှိတာပဲ။

ယွမ်ထျန်က ခဏလောက်တိတ်ဆိတ်သွားပြီးမှ

"ကျွန်မရဲ့ပိုက်ဆံတွေကို လိုချင်တယ်လား? အိပ်မက်ပဲမက်နေလိုက်"

ဒီရှိုးအတွက် သူမပိုက်ဆံကို အကုန်ခံရမယ်တဲ့လား? စဉ်းစားလေ ဟမ့်!

သူမရဲ့စကားလုံးတွေကိုကြားရတော့ ဒါရိုက်တာ နင်သွားသည်။

ကားထဲကနေ ထွက်သွားပြီးတော့ ယွမ်ထျန် ရပ်ကာ ခဏလောက်စဉ်းစားနေလိုက်သည်။ ပြီးမှ သူမအရင် အိမ်ခြေရာမဲ့ဖြစ်တုန်းက လုပ်ခဲ့သည့်အလုပ်ကို လုပ်ဖို့ရွေးချယ်လိုက်သည်။

ဒါရိုက်တာက သူမ အမှိုက်ပုံးဆီကို တန်းတန်းလျှောက်သွားတာကို မြင်တော့ တလွဲတွေးလိုက်ပြန်သည်။

ဒီကောင်မလေး ရူးနေတာလား? ပိုက်ဆံမကုန်ချင်တာနဲ့ပဲ အမှိုက်ပုံကို ရွေးလိုက်ရလား?

ယွမ်ထျန်က သူမသေတ္တာထဲက ပလိုင်ယာတစ်စုံကို ထုတ်လိုက်ကာ အမှိုက်ပုံးထဲသို့ ကိုယ်ကို ကိုင်းချလိုက်သည်။ ကံကောင်းသည်က အမှိုက်ပုံးက နံမနေပေ။ သူမ ခေါင်းပြန်မော့လာတော့ သူမလက်ထဲမှာ ဘူးခွံလေးငါးခု ပါလာသည်။ ထို့နောက် တစ်ယောက်ယောက် ဒီနားက ဖြတ်တာကို စောင့်နေလိုက်ပြီး ဘူးခွံနဲ့ ပိုက်ဆံအနည်းငယ်ကို လဲလှယ်လိုက်သည်။

ပြီးတော့ ထိုပိုက်ဆံနဲ့ ဘန်းကိတ်တစ်လုံးကို ဝယ်လိုက်ကာ ဗိုက်ဖြည့်လိုက်သည်။

သူမကိုကြည့်ပြီး ကင်မရာမန်းက အံ့သြသွားပြီး ဒါရိုက်တာအနားကို လျှောက်သွားကာ အနားနားသို့ကပ်ပြီး

"ဒါရိုက်တာ ဒီယွမ်ထျန်က အခြားဧည့်သည်တွေနဲ့ မတူပုံပဲ။ ဘယ်လိုဆက်လုပ်ကြမလဲ?"

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now