83

1.3K 180 6
                                    

အပိုင်း - ၈၃

ဘာသာပြန်သူ - Emily

**

လေထုက အရမ်းသိပ်သည်းနေပြီး ဒါရိုက်တာကလည်း အရမ်းရှက်နေသည်။ သနားစရာမျက်ဝန်းလေးတွေနဲ့ ချင်ယွီကိုကြည့်နေမိသည်။ စကားလည်းမပြောရဲသလို နည်းနည်းလေးတောင် မလှုပ်ရဲပေ။ ကြောက်လွန်းလို့ ဒူးပါတုန်နေရသည်။

ချင်ယွီက ကြောက်စရာကောင်းအောင် ပြုံးလိုက်ကာ
"ငါ ဘာလုပ်မလဲကြည့်နေတာလား? မင်းအစား ငါရိုက်ပေးဖို့ စောင့်နေတာလား?"

ဒါရိုက်တာက လက်ယမ်းပြလိုက်ကာ
"မဖြစ်နိုင်တာဗျာ"

ချင်ယွီက နှာခေါင်းရှုံ့လိုက်ကာ
"ဒါဆို ရိုက်တော့လေ"

ဒါရိုက်တာက အားလုံးကို လက်ယမ်းပြလိုက်ကာ
"သရုပ်ဆောင်နှစ်ယောက်ရဲ့ အခန်းတွေက ပြည့်စုံနေပြီမို့ ဒီအခန်းကိုအိပ်ရာပေါ်သိပ်မရောက်ပဲ ရိုက်မယ်နော်။ အားလုံး အနားယူလို့ရပါပြီ"

ဝန်ထမ်းတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသည်။ ယွမ်ထျန်က ချင်ယွီကို လက်ညှိုးထိုးကာ
"နင်ဖြစ်စေချင်တာကို ကြားပြီးပြီမလား?"

ချင်ယွီက ပြုံးလိုက်ကာ
"မင်းရဲ့သရုပ်ဆောင်စကေးကို လာကြည့်လို့ကိုမရဘူးလား?"

ယွမ်ထျန်က စဥ်းတောင်မစဉ်းစားပဲ ပြန်ဖြေသည်။
"မရဘူး"

ဒါရိုက်တာက ကြားဖြတ်ပြောလာသည်။
"ဆရာမယွမ် ပြင်ဆင်တော့နော်။ ခဏနေ အခန်းသစ်ရိုက်မယ်လေ"

ဒီတစ်ကြိမ်မှာ ****အခန်းကို မရိုက်လိုက်ရပေမဲ့ အလှလေးနဲ့အချောလေးအခန်းကိုတော့ ဒါရိုက်တာက လှလှပပလေးရိုက်ဦးမည်ဖြစ်သည်။ သူက စပီကာကိုကိုင်ကာ အော်လိုက်သည်။

"မစ္စတာရှောက်က မစ်ယွမ်ရဲ့ပေါင်ကို ကိုင်ပြီး ဖြေးဖြေးချင်းပွတ်သပ်လိုက်။ ပြီးတော့ ခေါင်းငုံ့ပြီးတော့ ဖြစ်နိုင်သမျှ ရမ္မက်ဆန်တဲ့အနမ်းနဲ့နမ်းလိုက်"

ဒါက ယွမ်ထျန်အနေနဲ့ ပထမဆုံးအကြိမ် ****အခန်း ရိုက်ဖူးတာဖြစ်သည်။ သူမအနေနဲ့ နည်းနည်း စိတ်လှုပ်ရှားမိသလို ကောင်းကောင်းမလုပ်နိုင်မှာလည်း ကြောက်နေမိသည်။ နှစ်ယောက်စလုံး နားရွက်လေးတွေ နီနေကြသည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now