21.2

3.8K 557 35
                                    

အပိုင်း - ၂၁.၂

ဘာသာပြန်သူ - Emily

**

မနက်စာစားပြီးတော့ ဧည့်သည်ငါးယောက်စလုံး ရိုက်ကူးရေးအတွက် ဗီလာတွေကို ကားနဲ့သွားရသည်။

ယွမ်ထျန်ကတော့ အဲဒီ သူဋ္ဌေးမျိုးတွေကို အရမ်းမုန်းသည်။ သူမ အထက်တန်းကျောင်းတုန်းက သူဋ္ဌေးတွေတက်တဲ့ ကျောင်းမှာ တက်ခဲ့ရတာကြောင့် သူငယ်ချင်းတစ်ယောက်မှ မရှိခဲ့ပေ။ ဒါ့အပြင် သူဋ္ဌေးသားဖြစ်တဲ့ ချင်ယွီရဲ့ အနိုင်ကျင့် အရှက်ခွဲခြင်းကိုလည်း ခံခဲ့ရသည်။

အဲဒီကိုရောက်တော့ ယွမ်ထျန် နားလည်သွားသည်။ အဲဒါက ဗီလာမဟုတ်ပေ။ သေးငယ်တဲ့ ရဲတိုက်လေးတွေဖြစ်သည်။ ကားပေါ်ကနေ ဆင်းမလို့ပြင်လိုက်တော့ တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် ရှုကျင်းက စကားပြောလာခဲ့သည်။

"မင်း ငါ့ကို အခုထိ weiboမှာ သူငယ်ချင်းအဖြစ် လက်မခံသေးဘူးနော်"

ယွမ်ထျန်က ခေါင်းကို ကုတ်လိုက်ကာ

"နင်င့ါကို စိတ်ဝင်စားနေတာလား? အိုး..ငါသိပြီ"

ထို့နောက် သူမက

"ဒါဆို ငါ နင့်ကို ပယ်ချလိုက်ရမလား?"

သူမစကားကြောင့် ရှုကျင်း စိတ်ဆိုးသွားကာ တစ်ဖက်သို့လှည့်ပြီး သူမကို လျစ်လျူရှုလိုက်သည်။

ယွမ်ထျန်က တိုးတိုးလေးဖြင့် *ယောက်ျားတွေက ခန့်မှန်းရခက်လိုက်တာ* ဆိုပြီး သူမဘာသာရေရွတ်လိုက်သည်။

ရဲတိုက်ကြီးတစ်ခုလုံးကို ရှေးဟောင်းပစ္စည်းတွေနဲ့ အလှဆင်ထားတာဖြစ်သည်။ ကျိုးမန့်က ပရိုဂရမ်အဖွဲ့ကို လှည့်လိုက်ကာ ရဲတိုက်ရဲပိုင်ရှင်ကို ရှာကြည့်လိုက်သည်။ သူမ ဒီနှစ်တွေမှာ စပွန်ဆာတွေ အများကြီး ပြောင်းလဲခဲ့ပြီးပြီဖြစ်သည်။ လူတိုင်းက အမြင့်ကိုတက်ချင်ကြတာပဲ မဟုတ်လား?

သူမထက် အသက်နှစ်ဆယ်ကျော်ကြီးသော ထိုယောက်ျားတို့ရဲ့ စိတ်အလိုကို သူမဖြည့်ပေးခဲ့ဖူးသည်။ ဒါပေမဲ့ သူမ စိတ်ထဲ အမြဲဆန္ဒရှိနေတာကတော့ အဲဒီအဖိုးကြီးတွေထက် ပိုပိုချမ်းသာပြီး အသက်ပိုငယ်တဲ့သူကိုဖြစ်သည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now