28.2

3K 446 14
                                    

အပိုင်း - ၂၈.၂

ဘာသာပြန်သူ - Emily

**

April 8ရက်နေ့မှာတော့ BAFဆုပေးပွဲက ဆုအားလုံးအတွက် ဆန်ခါတင်စာရင်းဝင်သူတွေကို ကြေညာပေးလိုက်သည်။ *မင်းသမီးလေးနဲ့လက်ထပ်ခြင်း*ဆိုတဲ့ ဒရမ်မာက အကောင်းဆုံးဒရမ်မာ၊ အကောင်းဆုံးဒါရိုက်တာ၊ အကောင်းဆုံးမင်းသားနဲ့ အကောင်းဆုံးမင်းသမီးဆိုတဲ့ စာရင်းတွေကို ဆန်ခါတင်ဝင်သွားသည်။

ပထမသုံးခုက အဆင်ပြေပေမဲ့ မင်းသမီးနေရာမှာ ယွမ်ထျန်ဖြစ်နေတာကြောင့် အားလုံးက အံ့အားသင့်သွားကြသည်။ ယွမ်ထျန်က အကောင်းဆုံးမင်းသမီးနေရာမှာ အခြားသူတွေနဲ့ တွဲပြီးမပါသင့်ဘူးဆိုပြီး ပြောဆိုနေကြသည်။

/ကွာရှင်းဖူးတဲ့ယွမ်ထျန်ကို လူတိုင်းကချစ်နေတာများလား?/

/သူမက ဘယ်လိုလုပ်ပြီး ဆန်ခါတင်ပါလာရတာလဲ?/

/ဘုတ်အဖွဲ့က ဆုတွေကို လှူနေတာတော့ မဟုတ်ပါဘူးနော်/

/အိုးမိုင်ဂေါ့…ဒီနှစ်ရဲ့ဆုပေးပွဲက သမာသမတ်ကျရဲ့လားဟေ့/

/BAFက အကြွေးတင်နေတာများလား?/

/နင်တို့က ဘာတွေလျှောက်ပြောနေကြတာလဲ? ယွမ်ထျန်သရုပ်ဆောင်တာက အရမ်းကောင်းတယ်ဟဲ့. ကြည့်ရောကြည့်ကြပြီးရဲ့လားမသိပဲ လျှောက်ပြောနေကြတယ်။ သူမက ဒီဆုနဲ့ ထိုက်တန်တယ်/

ဆိုးတဲ့မန့်ချက်က 7ခုဆို ကောင်းတဲ့မှတ်ချက်က 3ခုလောက်ရှိသည်။ ယွမ်ထျန်က ကောင်းကောင်းသရုပ်ဆောင်ခဲ့တာကြောင့် သူမနဲ့ပတ်သက်ပြီး ငြင်းဆိုချက်တွေက သိပ်မရှိခဲ့ပေ။ အများဆုံးရှိခဲ့တာတောင်မှ ဝေဖန်မှုလေးတွေပါပဲ။

ကျန်းလီလီက လွန်ခဲ့တဲ့လဝက်ခန့်ကတည်းက သူမအတွက် ဂါဝန်ငှါးပေးထားခဲ့သည်။ သူမက အချိန်အကြာကြီး အီဆွဲနေပြီးမှ ယွမ်ထျန်အတွက် အနက်ရောင်ညနေခင်းဂါဝန်ကို ရွေးချယ်ပေးခဲ့သည်။ ဂါဝန်ကို ရလိုက်တာနဲ့ သူမ ယွမ်ထျန်ကို ဝတ်ခိုင်းစေချင်လွန်းလို့ မစောင့်နိုင်ဖြစ်နေရသည်။

ဂါဝန်က အသားကောင်းသလို ယွမ်ထျန်နဲ့ ကိုယ်တိုင်းကိုက်သည်။ ပခုံးသိုင်းကြိုးနှစ်ခုပါကာ ဂါဝန်မှာစိန်ပွင့်သေးသေးလေးတွေ ချယ်ထားသည်။ ယွမ်ထျန် အဝတ်လဲပြီးထွက်လာတော့ ကျန်းလီလီ မှင်သက်လွန်းပြီး ပါးစပ်ကြီးဟကာ ရပ်နေမိသည်အထိ။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now