6.1

3.9K 522 10
                                    

အပိုင်း - ၆.၁

ဘာသာပြန်သူ - Emily

**

ထိုပို့စ်အောက်ကနေ သူမကိုလှောင်ရယ်ဖို့ စောင့်နေသူတွေကလည်း ပို့စ်တင်သူက ဘာမှပြန်မပြောတာကို ကြည့်ပြီး သူတို့လည်း ပျောက်သွားတော့သည်။

ယွမ်ထျန် ကြယ်တွေကို အဝကြည့်ပြီးတော့ အိပ်ဖို့အတွက် အခန်းထဲပြန်သွားသည်။

ရိုက်ကူးရေးအဖွဲ့က ပြင်ဆင်ပေးတဲ့ အခန်းက အရမ်းရိုးရှင်းလွန်းသည်။ ရွံ့နဲ့လုပ်ထားတဲ့အခန်းနံရံကိုတွေ့တာနဲ့ ချင်အန်းက ထွက်ပြေးချင်စိတ်ပေါက်သွားသည်။

ရုပ်ရှင်ဧကရာဇ်လျောင်ရဲ့ပုံစံကလည်း ချင်အန်းနဲ့သိပ်မကွာပေ။ သူ အနုပညာလောကထဲမှာ အလုပ်လုပ်လာသမျှ ကာလပတ်လုံး ဒီလိုမျိုးမဆက်ဆံခံရဖူးပေ။ သူက ပွဲဦးထွက်စကတည်းက တစ်ဟုန်ထိုးကျော်ကြားခဲ့တာကြောင့် ဒီလိုမျိုးအိမ်မျိုးမှာ မနေခဲ့ဖူးပေ။

ယွမ်ထျန်ကတော့ တံခါးဝမှာ ရပ်နေသော သုံးယောက်ကိုကြည့်ကာ ရိုက်ကူးရေးအဖွဲ့ကနေ စောင်တောင်းပြီး သူမအခန်းထဲဝင်သွားသည်။ အခန်းထဲရောက်တော့ စောင်နဲ့သူမကိုယ်ကိုပတ်လိုက်ပြီး အခန်းထောင့်သို့ လှိမ့်သွားသည်။ ပြီးတော့ တစ်ချိုးတည်းအိပ်ပျော်သွားလေသည်။ ပြီးပြီလေ။

ချင်အန်းက သူမကိုကြည့်ကာ တွေးနေသည်။ ဒီနေရာ ဝက်ခြံလိုမျိုးဖြစ်နေပေမဲ့ သူမက အိပ်နိုင်သေးတယ်ပေါ့ ဆိုပြီးတော့ပေါ့။

ဧည့်သည်တွေက ဒါရိုက်တာတွေနဲ့ရိုက်ကူးရေးအဖွဲ့ကို စိတ်အနှောင့်အယှက်မပေးရဲဘူး။ သူတို့က စောင်ကိုယ်စီယူကာ အခန်းထဲလှဲလိုက်ကြပြီး မပျော်ရွှင်စွာနဲ့ပဲ အိပ်လိုက်ကြသည်။

နောက်တစ်နေ့ နေမထွက်ခင်မှာပင် ရိုက်ကူးရေးရှိတာကြောင့် ယွမ်ထျန် ချွေးထွက်စွာနဲ့ပဲ နိုးလာသည်။ ယွမ်ထျန် ညက အိပ်မက်မမက်ပဲ ကောင်းကောင်းအိပ်ပျော်ခဲ့ပါသည်။ သူမမျက်နှာသစ်လိုက်ပြီး မနေ့ညက ပိုတဲ့ဆန်တွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အိုးတစ်လုံးထဲထည့်ပြီး ချက်ပြုတ်လိုက်သည်။

ဆန်ပြုတ်ကျက်သွားတော့ ယွမ်ထျန်က ခွက်တစ်လုံးထဲခပ်ထည့်လိုက်ပြီး မီးဖိုနားမှာပဲ အကုန်ပြောင်အောင်သောက်လိုက်သည်။ အစားဝင်သွားတော့ သူမကိုယ်လေးက နွေးထွေးမှုလေးတွေနဲ့ လွှမ်းခြုံသွားသည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒जहाँ कहानियाँ रहती हैं। अभी खोजें