အပိုင်း ၂၁၄

Start from the beginning
                                    

သူက နတ်ဘုရားကျောက်တောင်ကြီး ကိုးလုံးကို ရည်ရွယ်ပြောဆိုနေမှန်း ရှီယန် သိပါသည်။

“အများကြီးလဲ တွေးမနေပါနဲ့…ဒီမှာဆက်နေရင်း တစ္ဆေသားရိုင်းကြီးကို ယဉ်ပါးဖို့ နည်းလမ်းတွေ စဉ်းစားထားဦး…မင်းဖိုးဖိုးကြီးက မင်းဒါကို လုပ်နိုင်တယ်လို့ ပြောခဲ့မှတော့ မင်းလုပ်နိုင်တယ်ဆိုတာ ငါယုံတယ်…ဒီအတောအတွင်း ငါလဲ အရေးပေါ် အစီအစဉ်တစ်ခု ဆွဲလိုက်ဦးမယ်…တစ်ခုခု မှားယွင်းသွားခဲ့ရင် မင်း လုံခြုံစိတ်ချရတဲ့နေရာ ရောက်နေစေဖို့ ငါစီစဉ်ပေးထားမယ်…”

“ဟုတ်ကဲ့…”

“ငါ အခုသွားလိုက်ဦးမယ်…မင်းက လုံ့လ၀ီရိယ စိုက်ထုတ်ပြီး ကြိုးစားပါ…မြေးလေး… မင်းယုံကြည်ထားဖို့က ငါတို့ ယန်မိသားစုဟာ ဘယ်တော့မှ မရှုံးနိမ့်ဘူးဆိုတာပဲ…မင်းရဲ့ မျိုးဆက်ဟာလဲ တော်တော်လေး ကောင်းမွန်တယ်…ငါတို့ ယန်မိသားစုဟာ အနာဂါတ်မှာလဲ အရှေ့ပင်လယ်တစ်ခွင်ကို လွှမ်းမိုးနေဦးမှာပဲ..ဒီလောက် ပြသနာလေးနဲ့ ငါတို့က မကျရှုံးဘူး…”

“ကျနော် နားလည်ပါပြီ…”

… …

ယန်လောင် ထွက်ခွာသွားပြီးနောက် ရှီယန်က လျှပ်စီးခြေလှမ်း လေ့ကျင့်မှုကို ခတ္တရပ်နားထားလိုက်သည်။
သူက တောင်ကြားထဲတွင် တင်ပလ္လင်ခွေ ထိုင်နေရင်း မိစ္ဆာသားရဲကြီးကို မမှိတ်မသုန် စိုက်ကြည့်နေလေသည်။

အချိန်များက အကုန်မြန်လှသည်။
တစ်လအတွင်း သူက တစ္ဆေသားရိုင်းကြီးကို ယဉ်ပါးအောင် မလုပ်နိုင်လျှင် သူက ဒီကောင်ကြီးကို နောက်ထပ် မြင်တွေကခွင့် ရတော့မည်မဟုတ်ချေ။
သူက အခွင့်အရေးကြီးကို လက်လွတ်ဆုံးရှုံးရပေလိမ့်မည်။

“ဒီ မိစ္ဆာသားရဲကို ဘယ်လိုယဉ်ပါးအောင်လုပ်ရမလဲ မင်းသိလား…”
ရှီယန်က အေးစိမ့်ရေခဲမီးလျှံကို မေးကြည့်လိုက်သည်။

“မိစ္ဆာသားရဲတွေကို  ယဉ်ပါးစေဖို့ဆိုတာ မင်းက သူတို့ထက် ပိုပြီး အစွမ်းထက်မြက်ဖို့ လိုအပ်တယ်…သူတို့အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ စွမ်းအင်ရှိမှသာ သူတို့က မင်းကို ကြောက်လိမ့်မယ်…ဒါမှ မင်းက ယဉ်ပါးစေနိုင်လိမ့်မယ်…”
အေးစိမ့်ရေခဲမီးလျှံက လျှင်မြန်စွာပင် တုံ့ပြန်လာသည်။
“ဒါပေမဲ့ မင်းရဲ့စွမ်းအင်က ဒီ အဆင့်ခြောက် မျိုးစပ်သားရဲကြီးလောက် အစွမ်းမထက်နိုင်တာ သိသာနေတာပဲလေ…ဒီလိုအခြေအနေမျိုးမှာ မင်းက ၀ိညာဉ်ဆက်သွယ်မှုကိုပဲ အသုံးပြုလို့ရမယ်…အဲ့ဒါမှမဟုတ် မင်းရဲ့ ကိုယ်စွမ်းကိုယ်စကို သူလက်ခံနိုင်အောင်လုပ်ရမယ်…သူက မင်းဟာ သူနဲ့ အမျိုးတူတယ်လို့ ခံစားသွားအောင်လုပ်နိုင်ရင် သူက မင်းအပေါ် ရင်းနှီးလာနိုင်တယ်…”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now