ထိုမိသားစုဝင်က ယွီရှီကို အူမြူးလျက် ကြည့်လိုက်သည်။ "မင်းသားယွီအိမ်တော်မှာ ပျော်ဖို့ကောင်းတဲ့ အဖြစ်အပျက်တစ်ခု ရှိတယ်လို့ ငါကြားထားတယ်။ မြန်မြန်ထ ကျစ်ရုန်၊ ပြီးရင် မင်းကြီးကို ပြောပြလိုက်"

ချုံအန်းမင်းကြီးက ခေါင်းရှုပ်သွားသည်။ မင်းကြီး၏ဘေးရှိ မိန်းမစိုးကြီးက ကမန်းကတန်းဖြင့် ရှေ့ကိုလှမ်းလျက် ဝန်ကြီးများ အလုပ်လုပ်ရာမှ အစပြုလာသော သတင်းတို့ကို ချုံအန်းမင်းကြီးအား တိုးတိုးပြောပြလိုက်သည်။ ချုံအန်းမင်းကြီးမှာ အချိန်ကြာမြင့်စွာ ဆွံ့အသွားတော့သည်။ ကျုံးဝမ် မည်သည့်အရာကို ဖြစ်ချင်နေသည်ကို သူမသိသောကြောင့် ယွီရှီကိုသာ ကြည့်လိုက်မိသည်။ "ကွေ့ယွမ်... သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ယွီရှီသည် ကြမ်းပေါ်တွင် ဒူးထောက်ရင်း ဒေါသကြောင့် အသည်းများပင်နာလာခဲ့သည်။ အချိန်မည်မျှသာ ကြာသေးသနည်း။ ကောလာဟလတို့သည် အလွန်ပင် အသေးစိတ်လှသည်။ သူတို့သည် ကလေး၏လိင်ကိုပင် သတ်မှတ်ကြပြီးဖြစ်သည်။

ယွီရှီသည် ကျုံးဝမ်ကို စိတ်ထဲမှ ကျိန်ဆဲလျက် အေးစက်စက်ဖြင့် ပြန်ဖြေလိုက်သည်။ "အိမ်တော်ကအစေခံတွေက မှားသိတာပါ။ သူတို့က သတင်းမှားကို လာပို့ခဲ့တာပါ"

ချုံအန်းမင်းကြီးသည် အတွေးတစ်ခုကို ဖျတ်ခနဲ တွေးလိုက်မိသည်။ ပြုံးလျက် သူကမေးသည်။ "ဒါဆို တခြားတစ်ယောက်မှာ ကိုယ်ဝန်ရှိနေတာလား။ မင်းရဲ့အိပ်ရာဝင်ဖော်က ကိုယ်ဝန်ရှိတာလား"

(T/N - လိင်မှုကိစ္စတွေ သင်ပေးဖို့နဲ့ ကလေးစောစောယူဖို့ ချမ်းသာတဲ့အိမ်က လူတွေက သူတို့ရဲ့သားတွေကို အိပ်ရာဝင်ဖော်တွေ ချီးမြှင့်ကြပါတယ်။ ဒီမိန်းကလေးတွေက အစေခံအဖြစ်ပဲရှိပြီးတော့ ဇနီးမယားလို့ မသတ်မှတ်ပါဘူးတဲ့)

ယွီရှီ၏မျက်လုံးများတွင် ရွံမုန်းမှုများဖြင့် ပြည့်သွားခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ လက်ထပ်ရန် ငြင်းဆန်ခဲ့သောကြောင့် ချုံအန်းမင်းကြီးနှင့် မင်းသမီးကြီးအန်းကောတို့ အလှည့်ကျဖြင့် မင်းသားယွီအိမ်တော်၏ အရံခြံဝန်းသို့ မိန်းကလေးများ အတင်းပို့ခဲ့ကြသော အချိန်တစ်ခု ရှိခဲ့လေသည်။ ယွီရှီသည် ထိုမိန်းကလေးများကို တစ်ယောက်မှ မလိုချင်ခဲ့သောကြောင့် အားလုံးကို ပြန်ရောင်းခဲ့လေသည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now