ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

By Vera-Yu

353K 63.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 15

2.9K 664 77
By Vera-Yu

Unicode

ကျုံးဝမ်သည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ရွှမ်ရွေ့တို့ကို ဖွင့်ပြောတိုင်ပင်ခဲ့သည်။

သူ့တို့စိတ်မပူစေရန် ဤကိစ္စကို အရေးကြီးသည့်ဟန်တော့ မပြပေ။ ထမင်းစားပွဲတွင် သူက လေအေးလေးဖြင့်ပြောသည်။ "မင်းကြီးရဲ့မွေးနေ့ပွဲပြီးရင် ကျွန်တော် မြို့တော်မှာ ခဏလောက် ကျန်ရစ်ခဲ့ချင်တယ်"

ကျုံးဝမ်သည် အေးအေးဆေးဆေးပင် ပြောသော်လည်း ကလေးများမှာမူ စိတ်ပူကုန်ကြသည်။

သူ့ဟန်ပန်မှာမူ ပုံမှန်အတိုင်းပင် ရှိနေသည်။ "မြို့တော်မှာ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းတစ်ယောက်နှစ်ယောက်ရှိတယ်။ အခုအချိန်မှာ သူတို့နဲ့တွေ့ဖို့ အဆင်မပြေဘူး။ မင်းသားတို့တွေ ချန်အန်းကိုပြန်သွားရင်တော့ တခြားလူတွေမသိအောင် သူတို့ကို ဂရုစိုက်ပေးချင်တယ်"

ကျုံဝမ်မှလွဲ၍ ကျန်လူများမှာ ကူကယ်ရာမဲ့ဖြစ်နေကြသည်။ သူ့ထံတွင် မည်သည့် 'ငယ်သူငယ်ချင်း'မျိုး ရှိသေးသနည်း။

ပထမဆုံးတုံ့ပြန်သူမှာ ရွှမ်စုန်ရှင်းဖြစ်သည်။ သူက နှုတ်ခမ်းထောင့်များကို လက်ကိုင်ပဝါဖြင့်သုတ်၍ ခပ်ဖြည်းဖြည်းပြောသည်။ "မင်းကြီးက ကျွန်မတို့ကို ဒီတစ်ခေါက်တွေ့ပြီးရင် နောက်ထပ်သတိရတော့မှာ မဟုတ်တော့ဘူး။ ချန်အန်းမှာ အရေးတကြီးကိစ္စတွေမှမရှိတာ။ မြို့တော်မှာ ဖြေရှင်းစရာတွေရှိရင်လည်း နေခဲ့ပေါ့"

ရွှမ်ယွီသည် ရွှမ်စုန်ရှင်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်များသည် ကျုံးဝမ်ထံသို့ ရောက်သွားသည်။ ချက်ချင်းပင် သူ့မျက်လုံးများ နီရဲလာသည်။ သူက ရှေ့နောက်မစဉ်းစားဘဲ ပြောလိုက်သည်။ "ဘာလို့ ဒီမှာနေခဲ့မှာလဲ။ ကျွန်တော် ကျုံးဝမ်နဲ့ မခွဲချင်ဘူး။ ဒီမှာအရမ်းအေးတယ်။ ကျုံးဝမ်နေနိုင်ပါ့မလား။ ဘာလို့တူတူမပြန်ရမှာလဲ။ ကျုံးဝမ်မှာ ဂရုစိုက်စရာ ဘာရှိနေလို့လဲ။ အစ်ကိုတော်နဲ့ အစ်မတော်... အရင်ပြန်ရင်ရော ဘယ်လိုလဲ။ ကျွန်တော် ကျုံးဝမ်နဲ့နေခဲ့မယ်လေ။ ကျုံးဝမ်လုပ်စရာတွေပြီးတာနဲ့ ကျွန်တော်တို့ တူတူအိမ်ပြန်ကြမယ်လေ"

"ကျုံးဝမ်မှာ သူ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေရှိိတယ်" ရွှမ်စုန်ရှင်းသည် သူ့မောင်၏ ငိုကြီးချက်မဖြစ်နေပုံကို မလိုလားစွာ ကြည့်လိုက်သည်။ မျက်ခုံးများကို တွန့်ချိုးလျက် သူကပြောသည်။ "ငိုနေစရာ ဘာရှိလဲ။ မငိုနဲ့တော့။ မျက်ရည်တွေကို ခုချက်ချင်း သုတ်လိုက်"

"ငါ..." ငယ်စဉ်ကပင် ရွှမ်ယွီသည် သူ၏အမြွှာအစ်မကို ကြောက်ခဲ့ရသည်။ သူ့ထံမှ ဆိုဆုံးမခံရပြီးနောက်တွင် မျက်ရည်မကျအောင် ထိန်းလိုက်ပြီး ရှိုက်၍နေသည်။ "ဒါဆို ကျုံးဝမ်၊ ဘယ်တော့ ပြန်လာမှာလဲ" သူက သနားစဖွယ်မေးသည်။ "ကျွန်တော်... ကျွန်တော် ကျုံးဝမ်ကိုစောင့်နေလို့ရလား။ ကျွန်တော်၊ ကျွန်တော်..."

ရေနစ်သူသည် ကောက်ရိုးတစ်မျှင်ပင်ဖြစ်စေ ဆုတ်ကိုင်ချင်သေးသည့်အလား သူ့ခမျာ စဉ်းပင်မစဉ်းစားနိုင်ဘဲ ပြောသည်။ "ကျုံးဝမ် ကျွန်တော့်ကို စာသင်ပေးရဦးမှာနော်"

"နင့်ကို ဘယ်သူမဆို သင်ပေးလို့ရတယ်" ရွှမ်စုန်ရှင်းက ဘဝင်မကျစွာပြောသည်။ "နင့်ကို သင်ပေးဖို့ဆရာတစ်ယောက်တောင် ငါတို့ကမငှားပေးနိုင်ဘူးလား။ ဘယ်လိုတောင် ဆက်ငိုရဲသေးတာလဲ"

ရွှမ်ယွီသည် ချက်ချင်းပင် မျက်ရည်များကျမလာအောင် ထိန်းလိုက်သည်။ သူသည် စကားတစ်ခွန်းပင် မပြောနိုင်သည်အထိ ထိတ်လန့်သွားသည်။

ကျုံးဝမ်သည် နှမြောတသဖြစ်ကာ သက်ပြင်းတစ်ခုချလိုက်သည်။ ရွှမ်စုန်ရှင်းသာ ယောက်ျားလေးဖြစ်ခဲ့လျှင် နှစ်နှစ်အကြာတွင် ပင်မအိမ်တော်မှခွဲထွက်ကာ ကိုယ်ပိုင်အိုးအိမ်ထူထောင်နိုင်ပေမည်။ ထိုအချိန်တွင် ကျုံးဝမ်သည်လည်း စိတ်ချနိုင်မည်။

ကျုံးဝမ်သည် သူ့အကြည့်များကို ရွှမ်ရွေ့ထံသို့ ရွှေ့လိုက်သည်။ စိတ်ထဲတွင် ရှုပ်ထွေးမှုများစွာဖြင့် ရွှမ်ရွေ့သည် အတွေးရေယာဉ်နှင့် စီးမျောလျက်ရှိသည်။ အတန်ငယ်အကြာတွင် သူကအချိန်ယူ၍ပြောသည်။ "ကျွန်တော်တို့နဲ့ပဲ အတူပြန်လိုက်ခဲ့။ ကျုံးဝမ် ဒီမှာနေခဲ့ရင်... ကျုံးဝမ် ကျွန်တော်တို့ကို စိုးရိမ်သလိုပဲ ကျွန်တော်တို့လည်း ကျုံးဝမ်ကိုစိုးရိမ်တယ်"

နောက်တစ်ကြိမ်ထပ်၍ပင် ရွှမ်စုန်ရှင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ "အစ်ကိုတော်။ အစ်ကိုတော်လည်း ဘာလို့..."

ရွှမ်ရွေ့သည် ထမင်းငုံ့စားနေရာမှ ခေါင်းမော့လာသည်။ ရွှမ်စုန်ရှင်းကို တည့်တည့်စိုက်ကြည့်လျက် ဒေါသစွက်သောအသံဖြင့် အသံနှိမ့်ကာ ပြောသည်။ "ငါတို့မြို့တော်မှာ အဲ့လိုနေနိုင်မှာလား။ မင်းတို့နှစ်ယောက်က ချန်အန်းမှာ အပူအပင်မရှိ အေးအေးချမ်းချမ်း ကြီးပြင်းလာတာ။ အဲဒါနဲ့များ ငါတို့အိမ်တော်ရဲ့ အရင်ကအမှုကိစ္စကို သိနိုင်မှာလဲ။ အကြောက်တရားက အရိပ်လိုလိုက်နေခဲ့တဲ့ အတိတ်ကနေ့ရက်တွေလေ။ ငါ ဒီမှာတစ်ရက်လေးတောင် မရှိနေချင်ဘူး..."

"စိတ်မပူပါနဲ့" ကျုံးဝမ်က ရွှမ်ရွေ့၏လက်ကိုပုတ်ကာ နှစ်သိမ့်သည်။ "ကျွန်တော် ဘာမှမလုပ်ချင်ပါဘူး။ ဒီအတိုင်း—"

မိန်းကလေးတစ်ယောက်ဖြစ်သည်နှင့်အညီ ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ၊ ရွှမ်စုန်ရှင်းအနေနှင့် ထုတ်မပြောနိုင်သော ကိစ္စများရှိသည်။ မျက်နှာများနီရဲလျက် ခေတ္တငြိမ်သက်နေပြီးနောက်တွင် သူကပြောသည်။ "မင်းကြီးရဲ့မွေးနေ့ပြီးရင် ကျွန်မတို့မင်းသားအိမ်တော်အကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းသိသွားကြမှာပဲ။ ဒီလောက်နှစ်တွေအကြာကြီး ဂရုစိုက်ခဲ့ပေးပြီးမှတော့ သူ့ကိုယ်ရေးကိုယ်တာကိစ္စကိုလည်း စဉ်းစားတာက ဖြစ်သင့်ပါတယ်၊ မဟုတ်ဘူးလား"

အံ့ဩတကြီးဖြင့် ရွှမ်ယွီက မေးသည်။ "ဘာ... ကိုယ်ရေးကိုယ်တာကိစ္စလဲ"

ရွှမ်စုန်ရှင်း၏ပါးမို့လေးများသည် နီရဲနေဆဲပင်။ "အခုဆို မင်းကြီးက ကျုံးဝမ်ရဲ့အစေခံအဆင့်အတန်းကို ဖြေလျှော့ပေးလိုက်ပြီ" သူ့အသံသည် အလွန်ပင် တိုးညင်းသည်။ "အခုက သူအိမ်ထောင်ပြုရမဲ့အချိန်ပဲ။ ချန်အန်းမှာ အမျိုးကောင်းမိန်းကလေးတွေ ဘယ်မှာရှိလဲ။ သူပြန်သွားရင် သင့်တော်တဲ့သူ ရှာတွေ့မှာမဟုတ်ဘူး။ သူက မြို့တော်မှာ အိမ်ထောင်ပြုချင်ရုံပဲ။ ဘာလို့ အစ်ကိုတော်တို့အားလုံးက..."

ရွှမ်စုန်ရှင်းသည် သူ့အတွေးများကို ဆက်မပြောပေ။ သူက ခေါင်းငုံ့သွားပြီး စွပ်ပြုတ်ကိုသာ သောက်နေသည်။ ထွက်သည်ဆိုရုံမျှသောအသံဖြင့် သူကပြောသည်။ "သူအိမ်ထောင်ပြုပြီးသွားရင်... သူ့မိန်းမနဲ့ ပြန်လာမှာပေါ့။ ဘာလို့အစ်ကိုတော်တို့အားလုံးက အလျင်လိုနေကြတာလဲ"

ကျုံးဝမ်ကို လှည့်ကြည့်လာလျက် ရွှမ်ရွေ့က ရွှင်ပျစွာပြောသည်။ "ဒါဆို သူပြောသလိုပဲလား။ ကျုံးဝမ်က ကျွန်တော်တို့ကို မရီးရှာပေးမလို့လား"

ရွှမ်ယွီသည်လည်း သူ့ကိုကြည့်ကာ ကြက်သေသေနေသည်။ ထို့နောက် သူ့အာရုံများကို ပြန်လည်စုစည်းကာ ပြောလိုက်သည်။ "ဒါဆို... အဲဒါက ကျုံးဝမ်လုပ်ချင်တဲ့ကိစ္စပေါ့"

ကျုံးဝမ်သည် မည်သို့မည်ပုံရှင်းပြရမည်ကို အခက်တွေ့လျက်ပင် ကလေးသုံးယောက်အားကြည့်ကာ လုပ်ပြုံးတစ်ခုပြုံးလိုက်သည်။ "ကျွန်တော့်ကို ဘယ်လိုများ ရှင်းပြစေချင်တာလဲ..."

ရွှမ်စုန်ရှင်းသည် သိချင်စိတ်ပြင်းပြလှသော်လည်း မိန်းကလေးဖြစ်နေသောကြောင့် များများစားစားမပြောနိုင်ပေ။ သူသည် သွယ်ဝိုက်၍သာ မသိမသာမေးနိုင်သည်။ "ဘာဖြစ်ဖြစ်ပါ... ဘယ်မိသားစုက မိန်းကလေးကို သဘောကျနေတာလဲ"

"မရီးလေးက ချောလား" ရွှမ်ယွီက စိတ်လှုပ်ရှားစွာမေးသည်။

ကျုံးဝမ်သည် မီးစင်သာ ကြည့်ကနိုင်သည်။ "သူက ချောပါတယ်..."

ရွှမ်စုန်ရှင်းသည် မမေးဘဲမနေနိုင်တော့ပေ။ "သူက ဘယ်နှနှစ်ရှိပြီလဲ"

"နှစ်ဆယ့်... သုံး" သူက ထစ်အစွာပြောသည်။

ကလေးသုံးယောက်သည် အထိတ်တလန့်ဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်မိကြသည်။

အခန်းသည် တအောင့်ကြာအောင် အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားသည်။

အမြွှာလေးနှစ်ယောက်သည် အလွန်ငယ်သေး၍ ပြောရန် ရှက်ရွံ့နေကြသည်။ သို့တိုင်အောင် ရွှမ်ရွေ့က တွန့်ဆုတ်စွာမေးသည်။ "သူက အရမ်းအသက်ကြီးမနေဘူးလား။ ကျုံးဝမ်... ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေစရာမလိုပါဘူး"

ကျုံးဝမ်သည် မှားနေသည်ဟုခံစားရသော်လည်း ထိုအကြောင်းနှင့်ပတ်သတ်၍ စကားတစ်ခွန်းမှ မဟပေ။ သူက အတတ်နိုင်ဆုံး ကြိုးစားပြုံးလိုက်သည်။ "အဲ့လိုမဟုတ်ပါဘူး... ကျွန်တော်ကတော့ သူ့ကို အသက်ကြီးနေပြီလို့ မထင်ပါဘူး"

"ဒါပေမဲ့ သူက မငယ်တော့ဘူးလေ" ရွှမ်စုန်ရှင်းက ခပ်တိုးတိုးပြောသည်။ "ကျုံးဝမ်... ဘာလို့ အသက်ကြီးနေတဲ့သူကိုမှ ရွေးရတာလဲ"

ကျုံးဝမ်က စိတ်မပါစွာ ရယ်သည်။ "ကျွန်တော်ကလည်း မငယ်တော့ဘူးလေ။ ပြီးတော့ သူကလည်း... နုပျိုတယ်"

အလွန်အံ့အားသင့်စွာဖြင့် ရွှမ်ရွေ့က ပြောသည်။ "သူ့ကိုတွေ့တောင်ပြီးပြီလား"

ကျုံးဝမ်သည် ပြောမိသည်ကို နောင်တရသွားသည်။ သူက ဟုတ်မှန်ကြောင်းအသံပြုလိုက်ပြီး မိမိကိုယ်မိမိ ရိုက်ချင်စိတ်များ ပေါ်လာသည်။ မည်သည့်အတွက်ကြောင့် သူသည် ယခုလိုလိမ်ညာနေရပါသနည်း... သူမည်သည့်စကားပင်ဆိုဆို သူတို့အားအရူးလုပ်၍မရနိုင်ပေ။

ရွှမ်ယွီ၏မျက်လုံးများသည် အရောင်လက်သွားသည်။ "ဒါဆို သူဘယ်လောက်အရပ်ရှည်လဲ ပြောပြ"

စိတ်ဓာတ်ကျ နောင်တရစွာပင် ကျုံးဝမ်က မတွေးဘဲ လွှတ်ခနဲပြောလိုက်မိသည်။ "ကျွန်တော့်ထက် နည်းနည်းရှည်တယ်"

"ဟင်" ရွှမ်ယွီသည် အလွန်အမင်း ထိတ်လန့်သွားသည့်ပုံပေါက်သည်။ "ကျုံးဝမ်ထက်အရပ်ပိုရှည်တယ်၊ ဟုတ်လား"

ရွှမ်ရွေ့နှင့် ရွှမ်စုန်ရှင်းတို့၏ မျက်နှာသည်လည်း တမုဟုတ်ချင်း ပြောင်းလဲသွားသည်။

မည်ကဲ့သို့သော မိန်းကလေးမျိုးကိုမှ ကျုံးဝမ်တစ်ယောက် ရှာတွေ့ခဲ့သနည်း။

"အိုး၊ သွားပြီ" ကျုံးဝမ်သည် လက်ဆစ်များဖြူလာသည်အထိ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ "သူက... ကျွန်တော်နဲ့ အရပ်တူတူလောက်ပါပဲ။ ကျွန်တော်... ကျွန်တော်ကတော့ ဒါတွေကို အရေးပါတယ်လို့ မထင်ဘူး"

"ကျုံးဝမ်ပျော်နေရင် ပြီးတာပါပဲ" ရွှမ်စုန်ရှင်းသည် ခန့်မှန်း၍မရနိုင်သော မျက်နှာဖြင့် ကျုံးဝမ်ကို ကြည့်နေသည်။ သူသည် မမေးဘဲနှင့်လည်း မနေနိုင်ပေ။ "ဒါဆို... သူ့စိတ်ထားကရော ဘယ်လိုလဲ"

ထိုကဲ့သို့ အသက်ကြီးကာ အရပ်ဂလန်ဂလားနှင့် သူတစ်ယောက်သည် အလွန်တော်နေ၍သာ ကျုံးဝမ်၏နှလုံးသားကို ဖမ်းစားနိုင်ခြင်းဖြစ်မည်။ သို့မဟုတ်မူ အလွန်စိတ်ထားကောင်းကာ စိတ်ရှည်သည်းခံ၍ နူးညံ့သိမ်မွေ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

"စိတ်ထားက..."

ကျုံးဝမ်၏ခံစားချက်တို့သည် တောင်စဉ်ရေမရဖြစ်ကာ လူသတ်ချင်စိတ်များဖြင့် ရူးသွပ်သွားတော့မတတ် ဖြစ်နေသည်။

အကယ်၍ သူသာအမှန်အတိုင်းဖြေလိုက်လျှင် ရွှမ်ရွေ့၊ ရွှမ်ယွီနှင့် ရွှမ်စုန်ရှင်းတို့သည် သူ့ကိုမြို့တော်မှာကျန်နေရစ်ဖို့ ခွင့်ပြုမည့်အစား အသက်သာအသေခံလိုက်ကြမည်ကို သူစိုးရိမ်မိသည်။

တကယ်ပင် မည်ကဲ့သို့သော မကောင်းဆိုးဝါးမျိုးကိုမှ ကျုံးဝမ် သဘောကျသွားရသနည်း...

ကျုံးဝမ်သည် သူ့အာရုံများကို သေချာစုစည်းလိုက်ရသည်။ "သူက တော်တော်လေးကို စိတ်ထားကောင်းပါတယ်"

ကလေးသုံးယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ကျုံးဝမ်ပျော်နေသ၍ အဆင်ပြေသည်ဟုသာ သူတို့တွေးလိုက်ကြသည်။

ထမင်းစားပြီးနောက် သူတို့လေးဦးတွင် အတွေးကိုယ်စီရှိနေကြသည်။ ထို့နောက် သူတို့၏ကိုယ်ပိုင်အခန်းများထံသို့ အသီးသီးပြန်သွားကြတော့သည်။

ကျုံးဝမ်သည် ယခုမှပင် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့သည်။ သူက နှစ်ခါပြုံးရယ်လိုက်ပြီး သူ့ကိုယ်ပိုင်အခန်းထဲသို့ ဝင်ခဲ့တော့သည်။

သူဝင်လိုက်ချင်းချင်းမှာပင် အိမ်တော်ထိန်းယန်ပင်းရှန်သည် သူ့နောက်လိုက်ဝင်ခဲ့သည်။

"ဘာလဲ"

ကျုံးဝမ်သည် မီးလင်းဖိုဘေးတွင် ထိုင်နေသည်။ လက်ကိုင်မီးဖိုထဲရှိ မီးသွေးတုံးများကို မီးညှပ်ဖြင့်ညှပ်ကာ ခြေထောက်နားရှိ မီးလင်းဖိုထဲသို့ ထည့်လိုက်သည်။ ထိုနောက် မီးကျီးခဲများကိုထိုးကာ လေဖွဖွမှုတ်လိုက်သည်။ မကြာမီမှာပင် မီးလင်းဖိုသည် ပူလာတော့သည်။

ယန်ပင်းရှန်သည် ပြတင်းပေါက်များနှင့် တံခါးပေါက်များကို ပိတ်လိုက်သည်။ တီးတိုးပြောသည်။ "ကျွန်တော်တို့လူတွေပြောတာတော့ တတိယမင်းသားက အခြေအနေသိပ်မကောင်းတော့ဘူးတဲ့"

ကျုံးဝမ်သည် မျက်မှောင်ကြုတ်လိုက်သည်။

တတိယမင်းသားသည် မွေးဖွားစဉ်မှစ၍ နေမကောင်းကာ တရှောင်ရှောင်နှင့်ပင်ဖြစ်သည်။ သက်တော်သုံးဆယ်ကျော်အောင် နေနိုင်သည်ကပင် များလှချေပြီ။ သို့သော် ယခုအချိန်တွင်မှ သူပြဿနာဖြစ်ရသနည်း...

ယန်ပင်းရှန်သည် အလွန်ပင် ပူပန်နေသည်။ "အများဆုံးမှ သူလနည်းနည်းလောက်ပဲ အသက်ရှင်နိုင်မယ်။ မင်းကြီးရဲ့မွေးနေ့ပြီးတော့လည်း ဖြစ်နိုင်တယ်... မဟုတ်ရင် မွေးနေ့မတိုင်ခင် ဈာပနအခမ်းအနားနဲ့ကြုံလို့ကတော့ ကျွန်တော်တို့ ထွက်သွားလို့ရမှာမဟုတ်ဘူး"

"ခင်ဗျားပြောတာအမှန်ပဲ..." ထို့နောက် ကျုံးဝမ်က မေးသည်။ "တော်ဝင်သမားတော်တွေက ဘာပြောသေးလဲ"

"တော်ဝင်သမားတော်ကတော့ နွေဦးထိအသက်ရှင်နေသေးရင်တော့ ပြန်ကောင်းနိုင်တယ်ပြောတယ်"

ကျုံးဝမ် သက်ပြင်းချလိုက်သည်။ "ဒါဆို သူနွေဦးပြီးတဲ့အထိ အသက်မရှင်နေနိုင်ဘူးပေါ့... မင်းကြီးရဲ့မွေးနေ့ပွဲမတိုင်ခင် ဒါမှမဟုတ် မွေးနေ့ပွဲပြီးတဲ့ တစ်ရက်ရက်ပဲ"

ယန်ပင်းရှန်က ညင်သာစွာပင် စောဒကတက်သည်။ "သူက မှန်တဲ့အချိန်ကို ရွေးမနေနိုင်ဘူးလေ"

"မင်းကြီးသိမှာလည်း ကျိန်းသေပေါက်ပဲ။ ဒီလိုသာဆို မင်းကြီးရဲ့မွေးနေ့ပွဲတော်နဲ့ ပျော်ပွဲရွှင်ပွဲတွေက ကျင်းပပါဦးမလား"

"ဒါပေါ့" ယန်ပင်းရှန်သည် စက်ဆုပ်စွာ ရယ်လိုက်သည်။ သူက ပို၍ပင် ညင်သာစွာပြောလာသည်။ "အခုအချိန်မှာ တတိယမင်းသားက ဆန်ပြုတ်တစ်ဇွန်းကိုတောင် ခက်ခက်ခဲခဲမြိုချနေရတာ။ မင်းကြီးကတော့ နည်းနည်းလေးတောင် ဝမ်းနည်းတဲ့ပုံမပေါ်ဘူး။ လုပ်စရာရှိတာ ဆက်လုပ်မှာပဲ။ ပြီးခဲ့တဲ့ရက်တွေမှာတင် တော်ဝင်မိသားစုဝင်တွေကို ဖိတ်ပြီးတော့ အဝကျွေးမွေးပြီး အနားယူခိုင်းခဲ့သေးတယ်။ သူ့လောက်ဘယ်သူမှ ဘဝမှာပျော်ရွှင်မနေဘူး"

ကျုံးဝမ်သည် စိတ်ပူသွားသည်။ ဤအတိုင်းသာဆို... ချန်အန်းအိမ်တော်မှ လူများသည် မြို့တော်တွင် နောက်လအနည်းငယ်ကြာသည်အထိ ပိတ်မိနေသည့် သဘောမှာရှိသည်။

မင်းသားယွီအိမ်တော်၌မူ ယွီရှီ၏စိတ်များသည် ဤရက်များအတွင်းတွင် အခြေအနေတော်တော်ဆိုးလျက်ရှိသည်။

မူလပထမတွင် သူသည် လင်စစ်အား အပြစ်ရှာကာ တာ့လီခုံရုံးတွင် နှစ်ရက်တာအချုပ်ချရန် နောက်တစ်ကြိမ်ဖမ်းဆီးချင်ခဲ့သည်။ သို့သော် ရက်အနည်းငယ်အကြာတွင် လင်စစ်သည် ပျောက်ချင်းမလှပျောက်သွားခဲ့သည်။ လင်စစ်သည် စတုတ္ထမင်းသားအိမ်တော်တွင် လူလုံးမပြဘဲ ရက်အတန်ကြာ ပုန်းနေခဲ့သည်။

မည်သည့်လှုပ်ရှားမှုမျိုးမှမလုပ်ရန် လင်စစ်ကို ကျုံးဝမ်အမိန့်ပေးထားခဲ့ခြင်းကိုမူ သူမသိခဲ့ပေ။ သူသိသည်မှာ ထိုအအသည် သူ၏သဘာဝရန်သူ ဖြစ်သည်ကိုပင်။ သူမရှာလျှင် သူ့ရှေ့တွင်ပေါ်လာပြီး သူရှာလျှင် အစအနပင် ရှာ၍မရတော့ပေ။

စိတ်မရှည်စွာ ယွီရှီကပြောသည်။ "သူ့ချို့ယွင်းချက်ကို ရှာမရရင် သူ့ကိုဖမ်းလို့မရနိုင်တော့ဘူးလား။ အကြောင်းပြချက်တွေရှာနေဖို့မလိုဘူး။ သူ့ကို ဒီတိုင်းပဲ ဖမ်းလိုက်တော့မယ်"

အိမ်တော်ထိန်းဖန်က သရော်ဟန်ဖြင့်ပြောသည်။ "ကျွန်တော်တို့ သူ့ကိုအကြောင်းမရှိဘဲဖမ်းလိုက်ရင် စတုတ္ထမင်းသားကို စော်ကားသလိုဖြစ်မှာ စိုးရိမ်မိပါတယ်"

"သူ့ကိုစော်ကားရမှာကို ကျွန်တော်ကြောက်နေလို့လား"

အိမ်တော်ထိန်းဖန်သည် ငြိမ်သက်သွားသည်။ ဟုတ်တာပေါ့။ မင်းသားငယ်က မင်းကြီးကိုတောင် ကလန်ကဆန်လုပ်ရဲတာ။ ဘယ်သူ့ကိုများ ကြောက်မှာတဲ့လဲ။

ဤသို့ဖြင့်ပင် လင်စစ်သည် လေကောင်းလေသန့်ရှူရန် အိမ်တော်အပြင်သို့ထွက်ခိုက်တွင် မင်းသားယွီအိမ်တော်မှလူများသည် သူ့ခေါင်းပေါ်မှနေ၍ အိတ်စွပ်ကာ ဖမ်းခေါ်သွားကြတော့သည်။

ယွီရှီသည် သမာဓိထိုင်ခုံတွင်ထိုင်ကာ လင်စစ်အား အပေါ်စီးမှ ကြည့်နေသည်။

လွန်ခဲ့သည့်ခုနှစ်နှစ်က ကျုံးဝမ်ထွက်သွားချိန်က ယွီရှီသည် လင်စစ်နှင့် အဆက်အဆံပင် မရှိခဲ့ပေ။

ယွီရှီသည် လင်စစ်အား ဂရုစိုက်မပေးသကဲ့သို့ ပြဿနာလည်း မရှာခဲ့ပေ။ သူတို့သည် ဤသို့ပင် စည်းဝါးကိုက်ကာ နေခဲ့ကြသည်။

ယွီရှီ၏နောက်ကြောင်းကို လင်စစ် နမော်နမဲ့စုံစမ်းစဉ် အထိပင်။

ထိုအချိန်တွင် ယွီရှီသည် သူ့အားအမှန်တကယ်ပင် သတ်ချင်ခဲ့သည်။

တာ့လီကျောင်းကို ရွှမ်ကျင်းလာရောက်ဖျက်ဆီးကာ ပြဿနာလာရှာစဉ်ကပင် သူ့စိတ်ကို မပြောင်းလဲခဲ့ပေ။

ရွှမ်ကျင်းသည် သူ့နောက်ကြောင်းကို စုံစမ်းရဲသည်ဆိုကတည်းကပင် သူ့အားသင်ခန်းစာမပေးလျှင် ကိုယ့်သေတွင်းကိုယ်တူးသည်နှင့်ပင် တူလှပေသည်။

"တကယ်လို့များသာ..." ယွီရှီသည် လင်စစ်ကို ကြည့်လိုက်သည်။ သူပြောနေသည့်စကားကိုမူ ဆက်မပြောပေ။ ထိုအစား မကွဲပြားသော လေသံဖြင့်သာ အမိန့်ပေးလိုက်သည်။ "အဲဒါတွေ ယူလာခဲ့"

အစေခံများသည် လင်စစ်၏ရှေ့မှောက်သို့ နှိပ်စက်သည့်ပစ္စည်းများသယ်လာကြသည်။

"မင်းငါ့ရဲ့နည်းလမ်းတွေကို ရှင်းရှင်းလင်းလင်းသိမယ်လို့ ငါထင်တယ်..." ယွီရှီက ခပ်ဖြည်းဖြည်းပြောသည်။ "မင်းကို မျက်နှာမလိုက်ဘဲ ငါကိုယ်တိုင် အပြစ်ပေးလို့မရဘူးလို့ မပြောနဲ့။ ဒီလို စည်းမျဉ်းမျိုး ဒီမှာမရှိဘူး။ ငါမင်းကို တစ်ခုမေးမယ်။ မင်းမဖြေလို့ရတယ်။ ဒါပေမဲ့ ဒီနှိပ်စက်တဲ့ပစ္စည်းတွေ တစ်ခုပြီးတစ်ခုမင်းကို သုံးပေးမယ်"

ယွီရှီသည် နှိပ်စက်၍ စစ်မေးရာတွင် အလွန်ပင် ကျွမ်းကျင်နေပြီး အလျင်စလိုမပြုမူပေ။ ထိုအစား ပြစ်ဒဏ်ချမှတ်ရာတွင် ကျွမ်းကျင်သော တရားရုံးစာရေးကြီးကို ဆင့်ခေါ်ခဲ့သည်။ ပြီးနောက် အင်အားပြသည့်သဘောဖြင့် ထိုလူအား နှိပ်စက်ကိရိယာမျိုးစုံကို လင်စစ်ရှေ့သို့ ကြိုတင်ကာချစေသည်။

တာ့လီခုံရုံး၏ အပြစ်ပေးကိရိယာများသည် တရားမျှတရေးရုံးတော်၏ ကိရိယာများထက် အရည်အသွေးပို၍ ကောင်းမွန်သည်။ နောက်တစ်နာရီအကြာတွင် စာရေးအိုကြီးသည် ခင်းကျင်း၍ ပြီးသွားလေပြီ။ ယွီရှီမှာမူ အေးအေးလူလူပင် ရေနွေးကြမ်းသောက်နေသည်။ "စိတ်မပူပါနဲ့။ ငါ့မှာ အချိန်တွေအများကြီးရှိတယ်"

လင်စစ်သည် နှိပ်စက်သည့်ကိရိယာများကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းမော့၍ ယွီရှီကို ကြည့်လိုက်သည်။

ယွီရှီသည် နောက်ဆုံးတွင်တော့ လင်စစ်ထံသို့ အာရုံရောက်ခဲ့လေပြီ။ "ကျုံးဝမ်ရဲ့ ငယ်နာမည်ကဘာလဲ"

တိတ်ဆိတ်နေသည်။

ဣန္ဒြေမပျက်ပင် ယွီရှီကပြောသည်။ "မင်းမသိဘူးလို့ ငါ့ကိုမပြောနဲ့။ မင်းတို့နှစ်ယောက်က အတူတူကြီးပြင်းလာတာ။ ဒါကြောင့် ငါ့ယုံမှာမဟုတ်ဘူး"

ရေနွေးခွက်ကို ချလိုက်ပြီး နှိပ်စက်ကိရိယာ တစ်ခုချင်းစီကိုကြည့်လိုက်ပြီး သူကပြောသည်။ "မင်းမပြောချင်ဘူးလား။ ကောင်းပြီလေ။ ငါအရင်ပြောမယ်... ဒါကို ဘယ်လိုသုံးရလဲ မင်းမသိချင်ဘူးလား။ ငါဒီနေ့တော်တော်အားနေတယ်။ ဆိုတော့ကာ မင်းကိုရှင်းပြဖို့အတွက် ငါအချိန်ပေးနိုင်တယ်"

လင်စစ်သည် အနည်းငယ်တုန်ယင်နေသည်။ ယွီရှီသည် မျက်လုံးများကို မှေးစင်းကာ ကြည့်လိုက်သည်။

အတော်လေးပင် အားယူကာ လင်စစ်သည် လက်မြှောက်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ဖိချလိုက်သည်။

ယွီရှီသည် သူ့ကို မယုံသင်္ကာကြည့်နေသည်။

အစေခံနှစ်ဦးသည် လင်စစ်ကို ကြမ်းပေါ်သို့ ဖိချုပ်ထားသည်။ လှုပ်ရှားရသည်မှာ တော်တော်အဆင်မပြေလှချေ။ သို့တိုင်အောင် သူ့လက်ကို မရမကမြှောက်ကာ ငရုတ်သီးမှုန့်များဖြူးထားသော ခွက်အတွင်းသို့ လက်နှစ်လိုက်ကာ သူ့ရှေ့ရှိကျောက်ပြားချပ်ပေါ်၍ စကားလုံးနှစ်လုံးရေးပြသည်။ ကျုံးဝမ်၏ငယ်နာမည်။

ပြီးနောက်တွင် သူက အရိုအသေပေးသည်။

ယွီရှီ၏နှုတ်မှ စကားတစ်ခွန်းပင် ထွက်မလာတော့ပေ။

ခဏအကြာတွင် သူကပြောသည်။ "မင်းဒီလောက် သစ္စာရှိတာ မင်းရဲ့ သခင်ကျုံးဝမ် သိလား"

လင်စစ်၏မျက်နှာသည် ရှက်ရွံ့မှုများဖြင့် ပြည့်သွားသည်။ သူက ခေါင်းငုံ့သွားပြီး တစ်စုံတစ်ရာပြန်မဖြေခဲ့ပေ။

ယွီရှီသည် အခန်းထဲရှိ နှိပ်စက်ကိရိယာများကိုကြည့်ကာ သူ့အတွေးများကို ဖော်ပြရန် ရှုပ်ထွေးနေသည်။

ဤမျှလောက်သော အပြစ်ပေးကိရိယာများကို တစ်နာရီကြာခင်းကျင်းခဲ့ရခြင်း၏ ရည်ရွယ်ချက်သည် အဘယ်မှာနည်း။

"အရမ်းကောင်းတယ်။ မင်းကအပေးအယူလုပ်ခဲ့တာပဲ" တော်တော်ကြာပြီးနောက်တွင်မှ ယွီရှီက ပြောသည်။ "မင်းသွားလို့ရပြီ"

နောက်တစ်ကြိမ်ထပ်၍ အရိုအသေပေးပြီးနောက်တွင် လင်စစ်သည် ထွက်ခွာလာခဲ့တော့သည်။

T/N

ငယ်နာမည်ဆိုတာ ကလေးတွေငယ်ငယ်က ချစ်စနိုးနဲ့ခေါ်တဲ့ နာမည်ပြောင်ကို ဆိုလိုတာပါ။

ကျုံးဝမ်ရဲ့ကောင်မလေးအကြောင်းပြောနေကြတဲ့နေရာမှာ ကျုံးဝမ်က ယောက်ျားလေးနာမ်စား 他 ကိုသုံးပြီးပြောတာပါ။ အသံထွက်တူတော့ ကလေးတွေက သတိမထားမိတာပါ။

English Translation မှာတော့ gender မဖော်ပြတဲ့ တတိယနာမ်စား they ကိုသုံးထားပါတယ်။

Zawgyi

က်ဳံးဝမ္သည္ ဆုံးျဖတ္ခ်က္ခ်ၿပီးသည္ႏွင့္ ရႊမ္ေရြ႕တို႔ကို ဖြင့္ေျပာတိုင္ပင္ခဲ့သည္။

သူ႔တို႔စိတ္မပူေစရန္ ဤကိစၥကို အေရးႀကီးသည့္ဟန္ေတာ့ မျပေပ။ ထမင္းစားပြဲတြင္ သူက ေလေအးေလးျဖင့္ေျပာသည္။ "မင္းႀကီးရဲ့ေမြးေန႔ပြဲၿပီးရင္ ကၽြန္ေတာ္ ၿမိဳ႕ေတာ္မွာ ခဏေလာက္ က်န္ရစ္ခဲ့ခ်င္တယ္"

က်ဳံးဝမ္သည္ ေအးေအးေဆးေဆးပင္ ေျပာေသာ္လည္း ကေလးမ်ားမွာမူ စိတ္ပူကုန္ၾကသည္။

သူ႔ဟန္ပန္မွာမူ ပုံမွန္အတိုင္းပင္ ရွိေနသည္။ "ၿမိဳ႕ေတာ္မွာ ကၽြန္ေတာ့္ရဲ့ ငယ္သူငယ္ခ်င္းတစ္ေယာက္ႏွစ္ေယာက္ရွိတယ္။ အခုအခ်ိန္မွာ သူတို႔နဲ႔ေတြ႕ဖို႔ အဆင္မေျပဘူး။ မင္းသားတို႔ေတြ ခ်န္အန္းကိုျပန္သြားရင္ေတာ့ တျခားလူေတြမသိေအာင္ သူတို႔ကို ဂ႐ုစိုက္ေပးခ်င္တယ္"

က်ဳံဝမ္မွလြဲ၍ က်န္လူမ်ားမွာ ကူကယ္ရာမဲ့ျဖစ္ေနၾကသည္။ သူ႔ထံတြင္ မည္သည့္ 'ငယ္သူငယ္ခ်င္း'မ်ိဳး ရွိေသးသနည္း။

ပထမဆုံးတုံ႔ျပန္သူမွာ ရႊမ္စုန္ရွင္းျဖစ္သည္။ သူက ႏွုတ္ခမ္းေထာင့္မ်ားကို လက္ကိုင္ပဝါျဖင့္သုတ္၍ ခပ္ျဖည္းျဖည္းေျပာသည္။ "မင္းႀကီးက ကၽြန္မတို႔ကို ဒီတစ္ေခါက္ေတြ႕ၿပီးရင္ ေနာက္ထပ္သတိရေတာ့မွာ မဟုတ္ေတာ့ဘူး။ ခ်န္အန္းမွာ အေရးတႀကီးကိစၥေတြမွမရွိတာ။ ၿမိဳ႕ေတာ္မွာ ေျဖရွင္းစရာေတြရွိရင္လည္း ေနခဲ့ေပါ့"

ရႊမ္ယြီသည္ ရႊမ္စုန္ရွင္းကို လွမ္းၾကည့္လိုက္သည္။ ထို႔ေနာက္ သူ႔အၾကည့္မ်ားသည္ က်ဳံးဝမ္ထံသို႔ ေရာက္သြားသည္။ ခ်က္ခ်င္းပင္ သူ႔မ်က္လုံးမ်ား နီရဲလာသည္။ သူက ေရွ႕ေနာက္မစဥ္းစားဘဲ ေျပာလိုက္သည္။ "ဘာလို႔ ဒီမွာေနခဲ့မွာလဲ။ ကၽြန္ေတာ္ က်ဳံးဝမ္နဲ႔ မခြဲခ်င္ဘူး။ ဒီမွာအရမ္းေအးတယ္။ က်ဳံးဝမ္ေနနိုင္ပါ့မလား။ ဘာလို႔တူတူမျပန္ရမွာလဲ။ က်ဳံးဝမ္မွာ ဂ႐ုစိုက္စရာ ဘာရွိေနလို႔လဲ။ အစ္ကိုေတာ္နဲ႔ အစ္မေတာ္... အရင္ျပန္ရင္ေရာ ဘယ္လိုလဲ။ ကၽြန္ေတာ္ က်ဳံးဝမ္နဲ႔ေနခဲ့မယ္ေလ။ က်ဳံးဝမ္လုပ္စရာေတြၿပီးတာနဲ႔ ကၽြန္ေတာ္တို႔ တူတူအိမ္ျပန္ၾကမယ္ေလ"

"က်ဳံးဝမ္မွာ သူ႔ကိုယ္ေရးကိုယ္တာ ကိစၥေတြရွိိတယ္" ရႊမ္စုန္ရွင္းသည္ သူ႔ေမာင္၏ ငိုႀကီးခ်က္မျဖစ္ေနပုံကို မလိုလားစြာ ၾကည့္လိုက္သည္။ မ်က္ခုံးမ်ားကို တြန႔္ခ်ိဳးလ်က္ သူကေျပာသည္။ "ငိုေနစရာ ဘာရွိလဲ။ မငိုနဲ႔ေတာ့။ မ်က္ရည္ေတြကို ခုခ်က္ခ်င္း သုတ္လိုက္"

"ငါ..." ငယ္စဥ္ကပင္ ရႊမ္ယြီသည္ သူ၏အႁမႊာအစ္မကို ေၾကာက္ခဲ့ရသည္။ သူ႔ထံမွ ဆိုဆုံးမခံရၿပီးေနာက္တြင္ မ်က္ရည္မက်ေအာင္ ထိန္းလိုက္ၿပီး ရွိုက္၍ေနသည္။ "ဒါဆို က်ဳံးဝမ္၊ ဘယ္ေတာ့ ျပန္လာမွာလဲ" သူက သနားစဖြယ္ေမးသည္။ "ကၽြန္ေတာ္... ကၽြန္ေတာ္ က်ဳံးဝမ္ကိုေစာင့္ေနလို႔ရလား။ ကၽြန္ေတာ္၊ ကၽြန္ေတာ္..."

ေရနစ္သူသည္ ေကာက္ရိုးတစ္မၽွင္ပင္ျဖစ္ေစ ဆုတ္ကိုင္ခ်င္ေသးသည့္အလား သူ႔ခမ်ာ စဥ္းပင္မစဥ္းစားနိုင္ဘဲ ေျပာသည္။ "က်ဳံးဝမ္ ကၽြန္ေတာ့္ကို စာသင္ေပးရဦးမွာေနာ္"

"နင့္ကို ဘယ္သူမဆို သင္ေပးလို႔ရတယ္" ရႊမ္စုန္ရွင္းက ဘဝင္မက်စြာေျပာသည္။ "နင့္ကို သင္ေပးဖို႔ဆရာတစ္ေယာက္ေတာင္ ငါတို႔ကမငွားေပးနိုင္ဘူးလား။ ဘယ္လိုေတာင္ ဆက္ငိုရဲေသးတာလဲ"

ရႊမ္ယြီသည္ ခ်က္ခ်င္းပင္ မ်က္ရည္မ်ားက်မလာေအာင္ ထိန္းလိုက္သည္။ သူသည္ စကားတစ္ခြန္းပင္ မေျပာနိုင္သည္အထိ ထိတ္လန႔္သြားသည္။

က်ဳံးဝမ္သည္ ႏွေျမာတသျဖစ္ကာ သက္ျပင္းတစ္ခုခ်လိုက္သည္။ ရႊမ္စုန္ရွင္းသာ ေယာက္်ားေလးျဖစ္ခဲ့လၽွင္ ႏွစ္ႏွစ္အၾကာတြင္ ပင္မအိမ္ေတာ္မွခြဲထြက္ကာ ကိုယ္ပိုင္အိုးအိမ္ထူေထာင္နိုင္ေပမည္။ ထိုအခ်ိန္တြင္ က်ဳံးဝမ္သည္လည္း စိတ္ခ်နိုင္မည္။

က်ဳံးဝမ္သည္ သူ႔အၾကည့္မ်ားကို ရႊမ္ေရြ႕ထံသို႔ ေရႊ႕လိုက္သည္။ စိတ္ထဲတြင္ ရွုပ္ေထြးမွုမ်ားစြာျဖင့္ ရႊမ္ေရြ႕သည္ အေတြးေရယာဥ္ႏွင့္ စီးေမ်ာလ်က္ရွိသည္။ အတန္ငယ္အၾကာတြင္ သူကအခ်ိန္ယူ၍ေျပာသည္။ "ကၽြန္ေတာ္တို႔နဲ႔ပဲ အတူျပန္လိုက္ခဲ့။ က်ဳံးဝမ္ ဒီမွာေနခဲ့ရင္... က်ဳံးဝမ္ ကၽြန္ေတာ္တို႔ကို စိုးရိမ္သလိုပဲ ကၽြန္ေတာ္တို႔လည္း က်ဳံးဝမ္ကိုစိုးရိမ္တယ္"

ေနာက္တစ္ႀကိမ္ထပ္၍ပင္ ရႊမ္စုန္ရွင္းသည္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "အစ္ကိုေတာ္။ အစ္ကိုေတာ္လည္း ဘာလို႔..."

ရႊမ္ေရြ႕သည္ ထမင္းငုံ႔စားေနရာမွ ေခါင္းေမာ့လာသည္။ ရႊမ္စုန္ရွင္းကို တည့္တည့္စိုက္ၾကည့္လ်က္ ေဒါသစြက္ေသာအသံျဖင့္ အသံႏွိမ့္ကာ ေျပာသည္။ "ငါတို႔ၿမိဳ႕ေတာ္မွာ အဲ့လိုေနနိုင္မွာလား။ မင္းတို႔ႏွစ္ေယာက္က ခ်န္အန္းမွာ အပူအပင္မရွိ ေအးေအးခ်မ္းခ်မ္း ႀကီးျပင္းလာတာ။ အဲဒါနဲ႔မ်ား ငါတို႔အိမ္ေတာ္ရဲ့ အရင္ကအမွုကိစၥကို သိနိုင္မွာလဲ။ အေၾကာက္တရားက အရိပ္လိုလိုက္ေနခဲ့တဲ့ အတိတ္ကေန႔ရက္ေတြေလ။ ငါ ဒီမွာတစ္ရက္ေလးေတာင္ မရွိေနခ်င္ဘူး..."

"စိတ္မပူပါနဲ႔" က်ဳံးဝမ္က ရႊမ္ေရြ႕၏လက္ကိုပုတ္ကာ ႏွစ္သိမ့္သည္။ "ကၽြန္ေတာ္ ဘာမွမလုပ္ခ်င္ပါဘူး။ ဒီအတိုင္း—"

မိန္းကေလးတစ္ေယာက္ျဖစ္သည္ႏွင့္အညီ ဘယ္ေလာက္ပင္ သန္မာသည္ျဖစ္ေစ၊ ရႊမ္စုန္ရွင္းအေနႏွင့္ ထုတ္မေျပာနိုင္ေသာ ကိစၥမ်ားရွိသည္။ မ်က္ႏွာမ်ားနီရဲလ်က္ ေခတၱၿငိမ္သက္ေနၿပီးေနာက္တြင္ သူကေျပာသည္။ "မင္းႀကီးရဲ့ေမြးေန႔ၿပီးရင္ ကၽြန္မတို႔မင္းသားအိမ္ေတာ္အေၾကာင္းကိုလည္း ရွင္းရွင္းလင္းလင္းသိသြားၾကမွာပဲ။ ဒီေလာက္ႏွစ္ေတြအၾကာႀကီး ဂ႐ုစိုက္ခဲ့ေပးၿပီးမွေတာ့ သူ႔ကိုယ္ေရးကိုယ္တာကိစၥကိုလည္း စဥ္းစားတာက ျဖစ္သင့္ပါတယ္၊ မဟုတ္ဘူးလား"

အံ့ဩတႀကီးျဖင့္ ရႊမ္ယြီက ေမးသည္။ "ဘာ... ကိုယ္ေရးကိုယ္တာကိစၥလဲ"

ရႊမ္စုန္ရွင္း၏ပါးမို႔ေလးမ်ားသည္ နီရဲေနဆဲပင္။ "အခုဆို မင္းႀကီးက က်ဳံးဝမ္ရဲ့အေစခံအဆင့္အတန္းကို ေျဖေလၽွာ့ေပးလိုက္ၿပီ" သူ႔အသံသည္ အလြန္ပင္ တိုးညင္းသည္။ "အခုက သူအိမ္ေထာင္ျပဳရမဲ့အခ်ိန္ပဲ။ ခ်န္အန္းမွာ အမ်ိဳးေကာင္းမိန္းကေလးေတြ ဘယ္မွာရွိလဲ။ သူျပန္သြားရင္ သင့္ေတာ္တဲ့သူ ရွာေတြ႕မွာမဟုတ္ဘူး။ သူက ၿမိဳ႕ေတာ္မွာ အိမ္ေထာင္ျပဳခ်င္႐ုံပဲ။ ဘာလို႔ အစ္ကိုေတာ္တို႔အားလုံးက..."

ရႊမ္စုန္ရွင္းသည္ သူ႔အေတြးမ်ားကို ဆက္မေျပာေပ။ သူက ေခါင္းငုံ႔သြားၿပီး စြပ္ျပဳတ္ကိုသာ ေသာက္ေနသည္။ ထြက္သည္ဆို႐ုံမၽွေသာအသံျဖင့္ သူကေျပာသည္။ "သူအိမ္ေထာင္ျပဳၿပီးသြားရင္... သူ႔မိန္းမနဲ႔ ျပန္လာမွာေပါ့။ ဘာလို႔အစ္ကိုေတာ္တို႔အားလုံးက အလ်င္လိုေနၾကတာလဲ"

က်ဳံးဝမ္ကို လွည့္ၾကည့္လာလ်က္ ရႊမ္ေရြ႕က ရႊင္ပ်စြာေျပာသည္။ "ဒါဆို သူေျပာသလိုပဲလား။ က်ဳံးဝမ္က ကၽြန္ေတာ္တို႔ကို မရီးရွာေပးမလို႔လား"

ရႊမ္ယြီသည္လည္း သူ႔ကိုၾကည့္ကာ ၾကက္ေသေသေနသည္။ ထို႔ေနာက္ သူ႔အာ႐ုံမ်ားကို ျပန္လည္စုစည္းကာ ေျပာလိုက္သည္။ "ဒါဆို... အဲဒါက က်ဳံးဝမ္လုပ္ခ်င္တဲ့ကိစၥေပါ့"

က်ဳံးဝမ္သည္ မည္သို႔မည္ပုံရွင္းျပရမည္ကို အခက္ေတြ႕လ်က္ပင္ ကေလးသုံးေယာက္အားၾကည့္ကာ လုပ္ျပဳံးတစ္ခုျပဳံးလိုက္သည္။ "ကၽြန္ေတာ့္ကို ဘယ္လိုမ်ား ရွင္းျပေစခ်င္တာလဲ..."

ရႊမ္စုန္ရွင္းသည္ သိခ်င္စိတ္ျပင္းျပလွေသာ္လည္း မိန္းကေလးျဖစ္ေနေသာေၾကာင့္ မ်ားမ်ားစားစားမေျပာနိုင္ေပ။ သူသည္ သြယ္ဝိုက္၍သာ မသိမသာေမးနိုင္သည္။ "ဘာျဖစ္ျဖစ္ပါ... ဘယ္မိသားစုက မိန္းကေလးကို သေဘာက်ေနတာလဲ"

"မရီးေလးက ေခ်ာလား" ရႊမ္ယြီက စိတ္လွုပ္ရွားစြာေမးသည္။

က်ဳံးဝမ္သည္ မီးစင္သာ ၾကည့္ကနိုင္သည္။ "သူက ေခ်ာပါတယ္..."

ရႊမ္စုန္ရွင္းသည္ မေမးဘဲမေနနိုင္ေတာ့ေပ။ "သူက ဘယ္ႏွႏွစ္ရွိၿပီလဲ"

"ႏွစ္ဆယ့္... သုံး" သူက ထစ္အစြာေျပာသည္။

ကေလးသုံးေယာက္သည္ အထိတ္တလန႔္ျဖင့္ တစ္ေယာက္ကို တစ္ေယာက္ၾကည့္မိၾကသည္။

အခန္းသည္ တေအာင့္ၾကာေအာင္ အပ္က်သံပင္ ၾကားရေလာက္သည္အထိ တိတ္ဆိတ္သြားသည္။

အႁမႊာေလးႏွစ္ေယာက္သည္ အလြန္ငယ္ေသး၍ ေျပာရန္ ရွက္ရြံ႕ေနၾကသည္။ သို႔တိုင္ေအာင္ ရႊမ္ေရြ႕က တြန႔္ဆုတ္စြာေမးသည္။ "သူက အရမ္းအသက္ႀကီးမေနဘူးလား။ က်ဳံးဝမ္... ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်ေနစရာမလိုပါဘူး"

က်ဳံးဝမ္သည္ မွားေနသည္ဟုခံစားရေသာ္လည္း ထိုအေၾကာင္းႏွင့္ပတ္သတ္၍ စကားတစ္ခြန္းမွ မဟေပ။ သူက အတတ္နိုင္ဆုံး ႀကိဳးစားျပဳံးလိုက္သည္။ "အဲ့လိုမဟုတ္ပါဘူး... ကၽြန္ေတာ္ကေတာ့ သူ႔ကို အသက္ႀကီးေနၿပီလို႔ မထင္ပါဘူး"

"ဒါေပမဲ့ သူက မငယ္ေတာ့ဘူးေလ" ရႊမ္စုန္ရွင္းက ခပ္တိုးတိုးေျပာသည္။ "က်ဳံးဝမ္... ဘာလို႔ အသက္ႀကီးေနတဲ့သူကိုမွ ေရြးရတာလဲ"

က်ဳံးဝမ္က စိတ္မပါစြာ ရယ္သည္။ "ကၽြန္ေတာ္ကလည္း မငယ္ေတာ့ဘူးေလ။ ၿပီးေတာ့ သူကလည္း... ႏုပ်ိဳတယ္"

အလြန္အံ့အားသင့္စြာျဖင့္ ရႊမ္ေရြ႕က ေျပာသည္။ "သူ႔ကိုေတြ႕ေတာင္ၿပီးၿပီလား"

က်ဳံးဝမ္သည္ ေျပာမိသည္ကို ေနာင္တရသြားသည္။ သူက ဟုတ္မွန္ေၾကာင္းအသံျပဳလိုက္ၿပီး မိမိကိုယ္မိမိ ရိုက္ခ်င္စိတ္မ်ား ေပၚလာသည္။ မည္သည့္အတြက္ေၾကာင့္ သူသည္ ယခုလိုလိမ္ညာေနရပါသနည္း... သူမည္သည့္စကားပင္ဆိုဆို သူတို႔အားအ႐ူးလုပ္၍မရနိုင္ေပ။

ရႊမ္ယြီ၏မ်က္လုံးမ်ားသည္ အေရာင္လက္သြားသည္။ "ဒါဆို သူဘယ္ေလာက္အရပ္ရွည္လဲ ေျပာျပ"

စိတ္ဓာတ္က် ေနာင္တရစြာပင္ က်ဳံးဝမ္က မေတြးဘဲ လႊတ္ခနဲေျပာလိုက္မိသည္။ "ကၽြန္ေတာ့္ထက္ နည္းနည္းရွည္တယ္"

"ဟင္" ရႊမ္ယြီသည္ အလြန္အမင္း ထိတ္လန႔္သြားသည့္ပုံေပါက္သည္။ "က်ဳံးဝမ္ထက္အရပ္ပိုရွည္တယ္၊ ဟုတ္လား"

ရႊမ္ေရြ႕ႏွင့္ ရႊမ္စုန္ရွင္းတို႔၏ မ်က္ႏွာသည္လည္း တမုဟုတ္ခ်င္း ေျပာင္းလဲသြားသည္။

မည္ကဲ့သို႔ေသာ မိန္းကေလးမ်ိဳးကိုမွ က်ဳံးဝမ္တစ္ေယာက္ ရွာေတြ႕ခဲ့သနည္း။

"အိုး၊ သြားၿပီ" က်ဳံးဝမ္သည္ လက္ဆစ္မ်ားျဖဴလာသည္အထိ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္သည္။ "သူက... ကၽြန္ေတာ္နဲ႔ အရပ္တူတူေလာက္ပါပဲ။ ကၽြန္ေတာ္... ကၽြန္ေတာ္ကေတာ့ ဒါေတြကို အေရးပါတယ္လို႔ မထင္ဘူး"

"က်ဳံးဝမ္ေပ်ာ္ေနရင္ ၿပီးတာပါပဲ" ရႊမ္စုန္ရွင္းသည္ ခန႔္မွန္း၍မရနိုင္ေသာ မ်က္ႏွာျဖင့္ က်ဳံးဝမ္ကို ၾကည့္ေနသည္။ သူသည္ မေမးဘဲႏွင့္လည္း မေနနိုင္ေပ။ "ဒါဆို... သူ႔စိတ္ထားကေရာ ဘယ္လိုလဲ"

ထိုကဲ့သို႔ အသက္ႀကီးကာ အရပ္ဂလန္ဂလားႏွင့္ သူတစ္ေယာက္သည္ အလြန္ေတာ္ေန၍သာ က်ဳံးဝမ္၏ႏွလုံးသားကို ဖမ္းစားနိုင္ျခင္းျဖစ္မည္။ သို႔မဟုတ္မူ အလြန္စိတ္ထားေကာင္းကာ စိတ္ရွည္သည္းခံ၍ ႏူးညံ့သိမ္ေမြ႕ျခင္းေၾကာင့္လည္း ျဖစ္နိုင္သည္။

"စိတ္ထားက..."

က်ဳံးဝမ္၏ခံစားခ်က္တို႔သည္ ေတာင္စဥ္ေရမရျဖစ္ကာ လူသတ္ခ်င္စိတ္မ်ားျဖင့္ ႐ူးသြပ္သြားေတာ့မတတ္ ျဖစ္ေနသည္။

အကယ္၍ သူသာအမွန္အတိုင္းေျဖလိုက္လၽွင္ ရႊမ္ေရြ႕၊ ရႊမ္ယြီႏွင့္ ရႊမ္စုန္ရွင္းတို႔သည္ သူ႔ကိုၿမိဳ႕ေတာ္မွာက်န္ေနရစ္ဖို႔ ခြင့္ျပဳမည့္အစား အသက္သာအေသခံလိုက္ၾကမည္ကို သူစိုးရိမ္မိသည္။

တကယ္ပင္ မည္ကဲ့သို႔ေသာ မေကာင္းဆိုးဝါးမ်ိဳးကိုမွ က်ဳံးဝမ္ သေဘာက်သြားရသနည္း...

က်ဳံးဝမ္သည္ သူ႔အာ႐ုံမ်ားကို ေသခ်ာစုစည္းလိုက္ရသည္။ "သူက ေတာ္ေတာ္ေလးကို စိတ္ထားေကာင္းပါတယ္"

ကေလးသုံးေယာက္သည္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကသည္။ က်ဳံးဝမ္ေပ်ာ္ေနသ၍ အဆင္ေျပသည္ဟုသာ သူတို႔ေတြးလိုက္ၾကသည္။

ထမင္းစားၿပီးေနာက္ သူတို႔ေလးဦးတြင္ အေတြးကိုယ္စီရွိေနၾကသည္။ ထို႔ေနာက္ သူတို႔၏ကိုယ္ပိုင္အခန္းမ်ားထံသို႔ အသီးသီးျပန္သြားၾကေတာ့သည္။

က်ဳံးဝမ္သည္ ယခုမွပင္ စိတ္သက္သာရာရကာ သက္ျပင္းခ်လိုက္ေတာ့သည္။ သူက ႏွစ္ခါျပဳံးရယ္လိုက္ၿပီး သူ႔ကိုယ္ပိုင္အခန္းထဲသို႔ ဝင္ခဲ့ေတာ့သည္။

သူဝင္လိုက္ခ်င္းခ်င္းမွာပင္ အိမ္ေတာ္ထိန္းယန္ပင္းရွန္သည္ သူ႔ေနာက္လိုက္ဝင္ခဲ့သည္။

"ဘာလဲ"

က်ဳံးဝမ္သည္ မီးလင္းဖိုေဘးတြင္ ထိုင္ေနသည္။ လက္ကိုင္မီးဖိုထဲရွိ မီးေသြးတုံးမ်ားကို မီးညႇပ္ျဖင့္ညႇပ္ကာ ေျခေထာက္နားရွိ မီးလင္းဖိုထဲသို႔ ထည့္လိုက္သည္။ ထိုေနာက္ မီးက်ီးခဲမ်ားကိုထိုးကာ ေလဖြဖြမွုတ္လိုက္သည္။ မၾကာမီမွာပင္ မီးလင္းဖိုသည္ ပူလာေတာ့သည္။

ယန္ပင္းရွန္သည္ ျပတင္းေပါက္မ်ားႏွင့္ တံခါးေပါက္မ်ားကို ပိတ္လိုက္သည္။ တီးတိုးေျပာသည္။ "ကၽြန္ေတာ္တို႔လူေတြေျပာတာေတာ့ တတိယမင္းသားက အေျခအေနသိပ္မေကာင္းေတာ့ဘူးတဲ့"

က်ဳံးဝမ္သည္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

တတိယမင္းသားသည္ ေမြးဖြားစဥ္မွစ၍ ေနမေကာင္းကာ တေရွာင္ေရွာင္ႏွင့္ပင္ျဖစ္သည္။ သက္ေတာ္သုံးဆယ္ေက်ာ္ေအာင္ ေနနိုင္သည္ကပင္ မ်ားလွေခ်ၿပီ။ သို႔ေသာ္ ယခုအခ်ိန္တြင္မွ သူျပႆနာျဖစ္ရသနည္း...

ယန္ပင္းရွန္သည္ အလြန္ပင္ ပူပန္ေနသည္။ "အမ်ားဆုံးမွ သူလနည္းနည္းေလာက္ပဲ အသက္ရွင္နိုင္မယ္။ မင္းႀကီးရဲ့ေမြးေန႔ၿပီးေတာ့လည္း ျဖစ္နိုင္တယ္... မဟုတ္ရင္ ေမြးေန႔မတိုင္ခင္ ဈာပနအခမ္းအနားနဲ႔ၾကဳံလို႔ကေတာ့ ကၽြန္ေတာ္တို႔ ထြက္သြားလို႔ရမွာမဟုတ္ဘူး"

"ခင္ဗ်ားေျပာတာအမွန္ပဲ..." ထို႔ေနာက္ က်ဳံးဝမ္က ေမးသည္။ "ေတာ္ဝင္သမားေတာ္ေတြက ဘာေျပာေသးလဲ"

"ေတာ္ဝင္သမားေတာ္ကေတာ့ ေႏြဦးထိအသက္ရွင္ေနေသးရင္ေတာ့ ျပန္ေကာင္းနိုင္တယ္ေျပာတယ္"

က်ဳံးဝမ္ သက္ျပင္းခ်လိုက္သည္။ "ဒါဆို သူေႏြဦးၿပီးတဲ့အထိ အသက္မရွင္ေနနိုင္ဘူးေပါ့... မင္းႀကီးရဲ့ေမြးေန႔ပြဲမတိုင္ခင္ ဒါမွမဟုတ္ ေမြးေန႔ပြဲၿပီးတဲ့ တစ္ရက္ရက္ပဲ"

ယန္ပင္းရွန္က ညင္သာစြာပင္ ေစာဒကတက္သည္။ "သူက မွန္တဲ့အခ်ိန္ကို ေရြးမေနနိုင္ဘူးေလ"

"မင္းႀကီးသိမွာလည္း က်ိန္းေသေပါက္ပဲ။ ဒီလိုသာဆို မင္းႀကီးရဲ့ေမြးေန႔ပြဲေတာ္နဲ႔ ေပ်ာ္ပြဲရႊင္ပြဲေတြက က်င္းပပါဦးမလား"

"ဒါေပါ့" ယန္ပင္းရွန္သည္ စက္ဆုပ္စြာ ရယ္လိုက္သည္။ သူက ပို၍ပင္ ညင္သာစြာေျပာလာသည္။ "အခုအခ်ိန္မွာ တတိယမင္းသားက ဆန္ျပဳတ္တစ္ဇြန္းကိုေတာင္ ခက္ခက္ခဲခဲၿမိဳခ်ေနရတာ။ မင္းႀကီးကေတာ့ နည္းနည္းေလးေတာင္ ဝမ္းနည္းတဲ့ပုံမေပၚဘူး။ လုပ္စရာရွိတာ ဆက္လုပ္မွာပဲ။ ၿပီးခဲ့တဲ့ရက္ေတြမွာတင္ ေတာ္ဝင္မိသားစုဝင္ေတြကို ဖိတ္ၿပီးေတာ့ အဝေကၽြးေမြးၿပီး အနားယူခိုင္းခဲ့ေသးတယ္။ သူ႔ေလာက္ဘယ္သူမွ ဘဝမွာေပ်ာ္ရႊင္မေနဘူး"

က်ဳံးဝမ္သည္ စိတ္ပူသြားသည္။ ဤအတိုင္းသာဆို... ခ်န္အန္းအိမ္ေတာ္မွ လူမ်ားသည္ ၿမိဳ႕ေတာ္တြင္ ေနာက္လအနည္းငယ္ၾကာသည္အထိ ပိတ္မိေနသည့္ သေဘာမွာရွိသည္။

မင္းသားယြီအိမ္ေတာ္၌မူ ယြီရွီ၏စိတ္မ်ားသည္ ဤရက္မ်ားအတြင္းတြင္ အေျခအေနေတာ္ေတာ္ဆိုးလ်က္ရွိသည္။

မူလပထမတြင္ သူသည္ လင္စစ္အား အျပစ္ရွာကာ တာ့လီခုံ႐ုံးတြင္ ႏွစ္ရက္တာအခ်ဳပ္ခ်ရန္ ေနာက္တစ္ႀကိမ္ဖမ္းဆီးခ်င္ခဲ့သည္။ သို႔ေသာ္ ရက္အနည္းငယ္အၾကာတြင္ လင္စစ္သည္ ေပ်ာက္ခ်င္းမလွေပ်ာက္သြားခဲ့သည္။ လင္စစ္သည္ စတုတၳမင္းသားအိမ္ေတာ္တြင္ လူလုံးမျပဘဲ ရက္အတန္ၾကာ ပုန္းေနခဲ့သည္။

မည္သည့္လွုပ္ရွားမွုမ်ိဳးမွမလုပ္ရန္ လင္စစ္ကို က်ဳံးဝမ္အမိန႔္ေပးထားခဲ့ျခင္းကိုမူ သူမသိခဲ့ေပ။ သူသိသည္မွာ ထိုအအသည္ သူ၏သဘာဝရန္သူ ျဖစ္သည္ကိုပင္။ သူမရွာလၽွင္ သူ႔ေရွ႕တြင္ေပၚလာၿပီး သူရွာလၽွင္ အစအနပင္ ရွာ၍မရေတာ့ေပ။

စိတ္မရွည္စြာ ယြီရွီကေျပာသည္။ "သူ႔ခ်ိဳ႕ယြင္းခ်က္ကို ရွာမရရင္ သူ႔ကိုဖမ္းလို႔မရနိုင္ေတာ့ဘူးလား။ အေၾကာင္းျပခ်က္ေတြရွာေနဖို႔မလိုဘူး။ သူ႔ကို ဒီတိုင္းပဲ ဖမ္းလိုက္ေတာ့မယ္"

အိမ္ေတာ္ထိန္းဖန္က သေရာ္ဟန္ျဖင့္ေျပာသည္။ "ကၽြန္ေတာ္တို႔ သူ႔ကိုအေၾကာင္းမရွိဘဲဖမ္းလိုက္ရင္ စတုတၳမင္းသားကို ေစာ္ကားသလိုျဖစ္မွာ စိုးရိမ္မိပါတယ္"

"သူ႔ကိုေစာ္ကားရမွာကို ကၽြန္ေတာ္ေၾကာက္ေနလို႔လား"

အိမ္ေတာ္ထိန္းဖန္သည္ ၿငိမ္သက္သြားသည္။ ဟုတ္တာေပါ့။ မင္းသားငယ္က မင္းႀကီးကိုေတာင္ ကလန္ကဆန္လုပ္ရဲတာ။ ဘယ္သူ႔ကိုမ်ား ေၾကာက္မွာတဲ့လဲ။

ဤသို႔ျဖင့္ပင္ လင္စစ္သည္ ေလေကာင္းေလသန႔္ရွူရန္ အိမ္ေတာ္အျပင္သို႔ထြက္ခိုက္တြင္ မင္းသားယြီအိမ္ေတာ္မွလူမ်ားသည္ သူ႔ေခါင္းေပၚမွေန၍ အိတ္စြပ္ကာ ဖမ္းေခၚသြားၾကေတာ့သည္။

ယြီရွီသည္ သမာဓိထိုင္ခုံတြင္ထိုင္ကာ လင္စစ္အား အေပၚစီးမွ ၾကည့္ေနသည္။

လြန္ခဲ့သည့္ခုႏွစ္ႏွစ္က က်ဳံးဝမ္ထြက္သြားခ်ိန္က ယြီရွီသည္ လင္စစ္ႏွင့္ အဆက္အဆံပင္ မရွိခဲ့ေပ။

ယြီရွီသည္ လင္စစ္အား ဂ႐ုစိုက္မေပးသကဲ့သို႔ ျပႆနာလည္း မရွာခဲ့ေပ။ သူတို႔သည္ ဤသို႔ပင္ စည္းဝါးကိုက္ကာ ေနခဲ့ၾကသည္။

ယြီရွီ၏ေနာက္ေၾကာင္းကို လင္စစ္ နေမာ္နမဲ့စုံစမ္းစဥ္ အထိပင္။

ထိုအခ်ိန္တြင္ ယြီရွီသည္ သူ႔အားအမွန္တကယ္ပင္ သတ္ခ်င္ခဲ့သည္။

တာ့လီေက်ာင္းကို ရႊမ္က်င္းလာေရာက္ဖ်က္ဆီးကာ ျပႆနာလာရွာစဥ္ကပင္ သူ႔စိတ္ကို မေျပာင္းလဲခဲ့ေပ။

ရႊမ္က်င္းသည္ သူ႔ေနာက္ေၾကာင္းကို စုံစမ္းရဲသည္ဆိုကတည္းကပင္ သူ႔အားသင္ခန္းစာမေပးလၽွင္ ကိုယ့္ေသတြင္းကိုယ္တူးသည္ႏွင့္ပင္ တူလွေပသည္။

"တကယ္လို႔မ်ားသာ..." ယြီရွီသည္ လင္စစ္ကို ၾကည့္လိုက္သည္။ သူေျပာေနသည့္စကားကိုမူ ဆက္မေျပာေပ။ ထိုအစား မကြဲျပားေသာ ေလသံျဖင့္သာ အမိန႔္ေပးလိုက္သည္။ "အဲဒါေတြ ယူလာခဲ့"

အေစခံမ်ားသည္ လင္စစ္၏ေရွ႕ေမွာက္သို႔ ႏွိပ္စက္သည့္ပစၥည္းမ်ားသယ္လာၾကသည္။

"မင္းငါ့ရဲ့နည္းလမ္းေတြကို ရွင္းရွင္းလင္းလင္းသိမယ္လို႔ ငါထင္တယ္..." ယြီရွီက ခပ္ျဖည္းျဖည္းေျပာသည္။ "မင္းကို မ်က္ႏွာမလိုက္ဘဲ ငါကိုယ္တိုင္ အျပစ္ေပးလို႔မရဘူးလို႔ မေျပာနဲ႔။ ဒီလို စည္းမ်ဥ္းမ်ိဳး ဒီမွာမရွိဘူး။ ငါမင္းကို တစ္ခုေမးမယ္။ မင္းမေျဖလို႔ရတယ္။ ဒါေပမဲ့ ဒီႏွိပ္စက္တဲ့ပစၥည္းေတြ တစ္ခုၿပီးတစ္ခုမင္းကို သုံးေပးမယ္"

ယြီရွီသည္ ႏွိပ္စက္၍ စစ္ေမးရာတြင္ အလြန္ပင္ ကၽြမ္းက်င္ေနၿပီး အလ်င္စလိုမျပဳမူေပ။ ထိုအစား ျပစ္ဒဏ္ခ်မွတ္ရာတြင္ ကၽြမ္းက်င္ေသာ တရား႐ုံးစာေရးႀကီးကို ဆင့္ေခၚခဲ့သည္။ ၿပီးေနာက္ အင္အားျပသည့္သေဘာျဖင့္ ထိုလူအား ႏွိပ္စက္ကိရိယာမ်ိဳးစုံကို လင္စစ္ေရွ႕သို႔ ႀကိဳတင္ကာခ်ေစသည္။

တာ့လီခုံ႐ုံး၏ အျပစ္ေပးကိရိယာမ်ားသည္ တရားမၽွတေရး႐ုံးေတာ္၏ ကိရိယာမ်ားထက္ အရည္အေသြးပို၍ ေကာင္းမြန္သည္။ ေနာက္တစ္နာရီအၾကာတြင္ စာေရးအိုႀကီးသည္ ခင္းက်င္း၍ ၿပီးသြားေလၿပီ။ ယြီရွီမွာမူ ေအးေအးလူလူပင္ ေရေႏြးၾကမ္းေသာက္ေနသည္။ "စိတ္မပူပါနဲ႔။ ငါ့မွာ အခ်ိန္ေတြအမ်ားႀကီးရွိတယ္"

လင္စစ္သည္ ႏွိပ္စက္သည့္ကိရိယာမ်ားကို ၾကည့္လိုက္သည္။ ထို႔ေနာက္ ေခါင္းေမာ့၍ ယြီရွီကို ၾကည့္လိုက္သည္။

ယြီရွီသည္ ေနာက္ဆုံးတြင္ေတာ့ လင္စစ္ထံသို႔ အာ႐ုံေရာက္ခဲ့ေလၿပီ။ "က်ဳံးဝမ္ရဲ့ ငယ္နာမည္ကဘာလဲ"

တိတ္ဆိတ္ေနသည္။

ဣေျႏၵမပ်က္ပင္ ယြီရွီကေျပာသည္။ "မင္းမသိဘူးလို႔ ငါ့ကိုမေျပာနဲ႔။ မင္းတို႔ႏွစ္ေယာက္က အတူတူႀကီးျပင္းလာတာ။ ဒါေၾကာင့္ ငါ့ယုံမွာမဟုတ္ဘူး"

ေရေႏြးခြက္ကို ခ်လိုက္ၿပီး ႏွိပ္စက္ကိရိယာ တစ္ခုခ်င္းစီကိုၾကည့္လိုက္ၿပီး သူကေျပာသည္။ "မင္းမေျပာခ်င္ဘူးလား။ ေကာင္းၿပီေလ။ ငါအရင္ေျပာမယ္... ဒါကို ဘယ္လိုသုံးရလဲ မင္းမသိခ်င္ဘူးလား။ ငါဒီေန႔ေတာ္ေတာ္အားေနတယ္။ ဆိုေတာ့ကာ မင္းကိုရွင္းျပဖို႔အတြက္ ငါအခ်ိန္ေပးနိုင္တယ္"

လင္စစ္သည္ အနည္းငယ္တုန္ယင္ေနသည္။ ယြီရွီသည္ မ်က္လုံးမ်ားကို ေမွးစင္းကာ ၾကည့္လိုက္သည္။

အေတာ္ေလးပင္ အားယူကာ လင္စစ္သည္ လက္ေျမႇာက္လိုက္ၿပီး ၾကမ္းျပင္ေပၚသို႔ ဖိခ်လိုက္သည္။

ယြီရွီသည္ သူ႔ကို မယုံသကၤာၾကည့္ေနသည္။

အေစခံႏွစ္ဦးသည္ လင္စစ္ကို ၾကမ္းေပၚသို႔ ဖိခ်ဳပ္ထားသည္။ လွုပ္ရွားရသည္မွာ ေတာ္ေတာ္အဆင္မေျပလွေခ်။ သို႔တိုင္ေအာင္ သူ႔လက္ကို မရမကေျမႇာက္ကာ င႐ုတ္သီးမွုန႔္မ်ားျဖဴးထားေသာ ခြက္အတြင္းသို႔ လက္ႏွစ္လိုက္ကာ သူ႔ေရွ႕ရွိေက်ာက္ျပားခ်ပ္ေပၚ၍ စကားလုံးႏွစ္လုံးေရးျပသည္။ က်ဳံးဝမ္၏ငယ္နာမည္။

ၿပီးေနာက္တြင္ သူက အရိုအေသေပးသည္။

ယြီရွီ၏ႏွုတ္မွ စကားတစ္ခြန္းပင္ ထြက္မလာေတာ့ေပ။

ခဏအၾကာတြင္ သူကေျပာသည္။ "မင္းဒီေလာက္ သစၥာရွိတာ မင္းရဲ့ သခင္က်ဳံးဝမ္ သိလား"

လင္စစ္၏မ်က္ႏွာသည္ ရွက္ရြံ႕မွုမ်ားျဖင့္ ျပည့္သြားသည္။ သူက ေခါင္းငုံ႔သြားၿပီး တစ္စုံတစ္ရာျပန္မေျဖခဲ့ေပ။

ယြီရွီသည္ အခန္းထဲရွိ ႏွိပ္စက္ကိရိယာမ်ားကိုၾကည့္ကာ သူ႔အေတြးမ်ားကို ေဖာ္ျပရန္ ရွုပ္ေထြးေနသည္။

ဤမၽွေလာက္ေသာ အျပစ္ေပးကိရိယာမ်ားကို တစ္နာရီၾကာခင္းက်င္းခဲ့ရျခင္း၏ ရည္ရြယ္ခ်က္သည္ အဘယ္မွာနည္း။

"အရမ္းေကာင္းတယ္။ မင္းကအေပးအယူလုပ္ခဲ့တာပဲ" ေတာ္ေတာ္ၾကာၿပီးေနာက္တြင္မွ ယြီရွီက ေျပာသည္။ "မင္းသြားလို႔ရၿပီ"

ေနာက္တစ္ႀကိမ္ထပ္၍ အရိုအေသေပးၿပီးေနာက္တြင္ လင္စစ္သည္ ထြက္ခြာလာခဲ့ေတာ့သည္။

T/N

ငယ္နာမည္ဆိုတာ ကေလးေတြငယ္ငယ္က ခ်စ္စနိုးနဲ႔ေခၚတဲ့ နာမည္ေျပာင္ကို ဆိုလိုတာပါ။

က်ဳံးဝမ္ရဲ့ေကာင္မေလးအေၾကာင္းေျပာေနၾကတဲ့ေနရာမွာ က်ဳံးဝမ္က ေယာက္်ားေလးနာမ္စား 他 ကိုသုံးၿပီးေျပာတာပါ။ အသံထြက္တူေတာ့ ကေလးေတြက သတိမထားမိတာပါ။

English Translation မွာေတာ့ gender မေဖာ္ျပတဲ့ တတိယနာမ္စား they ကိုသုံးထားပါတယ္။

Continue Reading

You'll Also Like

73K 8.1K 31
Total Chapters - 25 + Epilogue + Extra Original Author - Công Tử Như Lan,Gongzi Rulan, 公子如兰 Eng Translator - -iana- ⚠︎ ᴛʜɪs ɪs ᴛʜᴇ ғᴜɴ ᴛʀᴀsʟᴀᴛɪᴏɴ...
2M 339K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
119K 10.9K 66
"အရှင်မင်းကြီး လက်ညှိုးညွှန်ရာ ရွှေဖြစ်စေရမယ်လို့ ကိုယ်ကတိပေးတယ်။ အပေးအယူက မင်း ကိုယ့်ကိုယ်ကိုယ် ပေးအပ်ရမယ်။" ~~~ Myanmar translation of 江山许你 by 白芥子 ...
475K 67.1K 55
အသက္ ၂၂ နွစ္မွာ ရွန္ခ်န္လင္တစ္ေယာက္ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့တယ္။ ဆုကိုကိုင္ မ်က္ရည္ေလး၀ဲျပီး ေက်းဇူးတင္စကားေျပာေနခ်ိန္မွာပဲ မ်က္နွ...