လုမိသားစုရဲ့ ညစာစားပွဲက တိတ်ဆိတ်နေတယ် ။
မိသားစုအကြီးအကဲဖြစ်တဲ့ လု အဖိုးကြီးက ထမင်းစားပွဲမှာ စကားမပြောရဘူးဆိုတဲ့စည်းကမ်းထုတ်ထားတာကြောင့် လုအဖိုးကြီးကစပြီး လုပေါက်စတွေအထိ ဘယ်သူမှ စကားမပြောကြဘူး ။
ဒီစည်းကမ်းကို လုမျိုးနွယ်တွေက သိပ်တော့ဘဝင်မကျပေမယ့် လုရန်းက ပျော်နေတာပေါ့ ။
မပြောနဲ့ မပြောနဲ့ တစ်ယောက်မှ မပြောလေ ကောင်းလေပဲ !
သူနဲ့ လုရန်ရဲ့ RS ကို ဘယ်လိုအကြောင်းမျိုးကြောင့်နဲ့မှ ထိခိုက်ပျက်စီးမခံနိုင်ဘူး ။ လုရန်းက ထမင်းစားပွဲမှာ ထိုင်နေတဲ့ လု အကြီးအကဲကိုကြည့်လိုက်တယ် ။
လု အကြီးအကဲက ဘယ်သူ့ကိုမှမကြည့်ဘဲ အစားကိုသာရှုပြီး တိတ်ဆိတ်စွာ စားသောက်နေတယ် ။ စည်းကမ်းအတိုင်း ကြက်စွပ်ပြုတ်ကို အသံမထွက်အောင် သောက်နေပြီး လု မိသားစုဝင်တွေကလည်း အရင်ထက်ပိုပြီး တိတ်ဆိတ်ငြိမ်သက်နေတယ် ။
အခြေအနေက သိပ်တော့မရိုးစင်းလှတာ လုရန်း သိတာပေါ့ ။
လုအဖိုးကြီးက သောက်လက်စ ကြက်စွပ်ပြုတ်ကိုလက်စသတ်ပြီး ပျင်းရိရိပုံနဲ့ ပန်းကန်လုံးကို ဘေးဘက်တွန်းကာ ပန်းကန်လုံးအနားစွန်းက အက်ရာသေးသေးလေးကို ညွှန်ပြတယ် ။
" ဒီ ပန်းကန်လုံးကို လွှင့်ပစ်သင့်တယ် "
အိမ်ဝောာ်ထိန်းကြီး ဘာကိုဆိုလိုမှန်း နားမလည်ဘဲ ကြောင်နေတယ် ။ အဖိုးလုရဲ့ဘေးမှာ ထိုင်နေတဲ့လူက ကပျာကယာ ဝင်ရှင်းပြလ်ုက်တယ် ။
" အစားအသောက်ထည့်တဲ့ ပန်းကန်လုံးက ကွဲနေ အက်နေရင် အစားထည့်မစားကောင်းဘူး..လာဘ်တိတ်တယ်..အိမ်ဝောာ်ထိန်းကြီး ခင်ဗျား တယ်လည်းဂရုမမူတာပဲ ...အသက်ကြီးမှ အလုပ်ပြုတ်ချင်နေပြီထင်တယ် "
အိမ်တော်ထိန်းကြီး ချွေးစေးတွေကို သုတ်ပြီး ပန်းကန်လုံးကိုယူကာ မပီမသပြုံးလျက် ရိုကျိုးစွာ အထပ်ထပ်တောင်းပန်လေတယ် ။
အဖိုးလုက သူအနှစ်သက်ဆုံး လက်ဖက်ရည်ကြမ်းကို အရသာခံသောက်ပြီး မျက်ခုံးပင့်ကာ လုရန်းကိုကြည့်တယ် ။
" ရန်လေး..လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်းအကြောင်းတွေအားလုံး အဖိုးသိတယ်..လုစီးပွားရေးလုပ်ငန်းစုရဲ့ နယ်မြေတွေကို မင်းချဲ့ထွင်နိုင်ခဲ့တယ်..ငါတောင် မလုပ်နိုင်ခဲ့တဲ့အရာကိုလေ "
" အဖိုးပေးတဲ့ ဆုလာဘ်ပါ "
လုရန်း မတ်တတ်ရပ်ကာ မျက်မှန်ကို ပင့်ပြီး သူ့အဖိုးကို ကြည့်တယ် ။
" ဒီလုပ်ငန်းစုကို အဖိုးရဲ့ သွေးချွေးတွေနဲ့ တည်ဆောက်ထားရပြီး အဖိုးရဲ့ သူမတူတဲ့စွမ်းရည်ကြောင့်သာ ဆူးညှောင့်ခလုတ်တွေကို ပယ်ရှားနိုင်ခဲ့တာပါ "
အဖိုးလုက အေးချမ်းစွာ ပြုံးနေခဲ့တယ် ။ သူက အိုမင်းလာခဲ့ပြီဖြစ်တာကြောင့် အရာအားလုံးကို မစီမံနိုင်လောက်တော့ဘူး ။
" ဒါဆို အဖိုးလက်ထဲက ရှယ်ယာတွေ မင်းကို လွှဲပေးလိုက်မယ် "
အဖိုးလုရဲ့စကားအဆုံးမှာ ပတ်ဝန်းကျင်လေထုက လုံးဝတတ်ဆိတ်ငြိမ်သက်သွားတယ် ။
လက်ရှိမှာ လုရန်းက လု လုပ်ငန်းစုကို ဦးစီးနေတယ်ဆိုပေမယ့် သူ့လက်ထဲက ရှယ်ယာက တခြား လု ညီအစ်ကိုတွေရဲ့ ရှယ်ယာနဲ့ သိပ်မကွာလှဘူး ။ အဖိုးလုက အရင်တည်းက သူ့မြေးတွေအတွက် ရှယ်ယာကို အညီအမျှ ခွဲဝေပေးထားခဲ့တာ ။
အခု အဖိုးလု ပြောတဲ့စကားသာ တကယ်အတည်ဆိုရင် လုရန်းကို သူ့ထိုင်ခုံပေးတော့မှာ သေချာနေပြီ ။
ယခုကစပြီး လုမိသားစုကို လုရန်းလက်ထဲ အပ်လိုက်တာ ။ လု မိသားစုရဲ့ကိစ္စအဝဝကို လုရန်းကသာ စီမံခန့်ခွဲပိုင်ခွင့် ရှိတော့တယ် ။
အဖိုးလုက အားလုံးကို ဝေ့ကြည့်ပြီး ပေါ့ပေါ့ပါးပါး စကားဆက်တယ် ။
" ဒါပေမယ့် .....အပေးအယူတော့ရှိတယ် "
ကျန်းဟွေ့ကျန်က မျှော်လင့်တကြီးမျက်လုံးတွေနဲ့ ကြည့်နေတယ် ။
" ရန်လေး မင်းလည်း အသက်မငယ်တော့ဘူး..မိသားစုအတွက် သင့်တော်တဲ့ လူကောင်းတစ်ယောက်လောက် ရှာရမယ့်အချိန်ရောက်ပြီလို့ အဖိုးထင်တယ် "
အဖိုးလုက ပြုံးနေတယ် ။
လုရန်းသိတယ် ။ ဒါက စီးပွားရေးပဲဆိုတာ ။ ဒါကြောင့် မျက်နှာမှာ ဘာခံစားချက်မှ မဖော်ပြဘဲ တည်ငြိမ်စွာနဲ့
" စဉ်းစားရမယ့်အချိန်ရောက်ပြီဆ်ိုတာ မှန်ပါတယ်..ဒါပေမယ့် .....အဖိုး , ဝမ်ယွမ်ကတော့ ကျွန်တော့်ရွေးချယ်မှုဖြစ်လာမှာ မဟုတ်ဘူး "
" ဟုတ်တာပေါ့ ..ဝမ်ယွမ် မဖြစ်နိုင်ဘူး "
အဖိုးလုက လက်ဝှေ့ယမ်းကာ နှုတ်ခမ်းတွန့်လိုက်တယ် ။
" အဖိုး နှစ်ပေါင်းများစွာ လေ့လာခဲ့တာ..ဝမ်ယွမ်ဆိုတဲ့ကလေးမက အတွေးပွားလွန်းတယ်..အဖိုးတို့မိသားစုနဲ့ မကိုက်ညီဘူး..မင်းအဖေနဲ့ မင်းအမေက ဝမ်ယွမ်နဲ့မင်းကို လက်ထပ်ပေးဖို့ တောင်းဆိုတိုင်း အဖိုး မင်းအတွက်ကြည့်ပြီး လက်မခံခဲ့ဘူး..မင်းမိဘတွေက လူကဲခတ်ညံ့လွန်းလို့ သူတို့ခေါင်းကို ကြံချောင်းနဲ့ ရိုက်ပစ်ချင်မိတယ် .."
လုရန်း အခုမှပဲ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ် ။ သူနဲ့ဆန့်ကျင်စွာ ကျန်း သခင်မခမျာတော့ အကြီးအကျယ် စိတ်ပျက်သွားလေတယ် ။ ဘာကြောင့်လဲဆိုရင် အဖိုးလုရဲ့စကားကို သူမ မငြင်းပယ်နိုင်ဘူး ။ သူမမျက်နှာက ပြာနှမ်းလာတော့တယ် ။
" အဲ့ဒါဆို အဖိုးရဲ့ သဘောထားက "
လုရန်း တည့်တည့်ပဲ မေးလိုက်တယ် ။
အဖိုးလုက ခဏလောက် အားယူပြီးမှ
" အဖိုး မင်းကို အခွင့်အရေးနှစ်ခုပဲ ပေးမယ်..ပထမအချက်က မင်းကြိုက်တဲ့လူနဲ့ လက်ထပ်လို့ရတယ် ...ဒါပေမယ့် ဒုတိယအချက်က မင်း လက်ထပ်မယ့်လူက မိန်းကလေးပဲဖြစ်ရမယ် "
ထမင်းစားပွဲကလူတွေက အဖိုးစကားကြားပြီး ခိုးရယ်ကြတော့တယ် ။
သူတို့အားလုံးက လုရန်းအကြောင်းသိပြီးသား ။ မိန်းကလေးမကြိုက်တဲ့လုရန်းက မိန်းမတစ်ယောက်နဲ့လက်ထပ်ရမယ်ဆိုတော့ ဒီအဖိုးကြီးက ရင့်လွန်းမနေဘူးလား ?! ။
လုရန်းရဲ့ အဒေါ်တစ်ယောက်က ခနဲ့တဲ့တဲ့ ဝင်ပြောလေတယ် ။
" လု သခင်ကြီးရယ် ဒုတိယတစ်ခုက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..ကျွန်မကြားတာတော့ လုရန်းက ယောက်ျားတစ်ယောက်နဲ့အတူနေနေပြီး အဲ့ဒီယောက်ျားက ဘဲတစ်ကောင်ဆိုလားပဲ ..ဟက် !"
လုရန်း ချာခနဲလှည့်ကာ အေးစက်စက် ရှင်းပြလိုက်တယ် ။
" သူက လျှာလည်သွားစေမယ့် ဘဲကင်ဆိုင်ဖွင့်ထားတာ..ဆိုင်နာမည်က ဘဲတစ်ကောင်..အထင်မှားစေမယ့်စကားမျိုးတွေ မပြောပါနဲ့ .."
လုအန်တီက
" အိုး ..ငါ သိပါပြီ..ဒါပေမယ့် လမ်းဘေးက မြက်က လမ်းဘေးက မြက်ပါပဲ..မင်းကိုပေးတဲ့ အခွင့်အရေးက မဆ်ိုးလှပါဘူး..ဘာကြောင့်များ လမ်းဘေးက ဘဲတစ်ကောင်ကို ရှာရတာလဲ..အဲ့ဒါက အရမ်းကို............"
" သူက ဂရုတစိုက်နဲ့ အရသာရှိအောင် ဘဲကင်တတ်တယ်.."
လုရန်း အမူအရာက တည်တည်ငြိမ်ငြိမ်ပဲ။
နှုတ်ခမ်းထောင့်လေးကွေးရုံ ပြုံးကာ
" ကျွန်တော် လမ်းကြုံတဲ့အခါ သူ့ရဲ့လက်ရာကို မြည့်စမ်းခွင့်ပေးမယ် "
လုရန်းက အထင်သေးခြင်း ၊ နောက်ပြောင်ခြင်း မဟုတ်ဘဲ လုရန်ကို အမှန်တကယ် ချီးကျူးချင်စိတ်နဲ့ ပြောင်ပြောင်ရှင်းရှင်းပဲ ပြောလိုက်တယ် ။
သူ့ရဲ့ ကြက်ပေါက်လေး ၊ သူ့ရဲ့ ဇနီးလောင်းလေးက အရာအားလုံး ကောင်းတယ် !
ဆန့်ကျင်ဘက်ဖြစ်စွာ လုအန်တီကတော့ ခါးသီးသွားရလေတယ် ။ သူမက ငွေအားကိုးနဲ့ ရူးနှမ်းနှမ်းတွေသာ လုပ်နေတတ်သူဖြစ်တာကြောင့် လုရန်းနဲ့ ပြိုင်မပြောရဲတော့ဘဲ ပါးစပ်ပိတ်သွားတယ် ။
အဖိုးလု သက်ပြင်းချလိုက်တယ် ။
" မင်း ခေါင်းမာတာ အဖိုးသိပါတယ်..ဒါပေမယ့် ရန်လေး ..အဖိုးတို့ လု အိမ်တော်ရဲ့အစဉ်အလာအရ ယောက်ျားတစ်ယောက်ကိုတော့ အိမ်တော်ရဲ့ ချွေးမအဖြစ် အသိအမှတ်မပြုနိုင်ဘူး ..လက်လည်းမခံနိုင်ဘူး "
" အဖိုး "
လုရန်း ရယ်လိုက်တယ် ။
" တချို့အရာတွေက တစ်သဝေမတိမ်း လိုက်နာကျင့်သုံးနေစရာမလိုပါဘူး..အဖိုးဘယ်ခေတ်မှာ နေနေတာလဲ..တကယ်တမ်း အရှိကို အရှိအတိုင်း လက်မခံဘဲ ခေါင်းမာေနတာက အဖိုးပါ..ခေတ်နောက်ပြန်တွေ မစွဲပါနဲ့ အဖိုးရယ် "
အဖိုးလု ခဏနှုတ်ဆိတ်သွားပြီး သက်ပြင်းချကာ
" ရန်လေး မင်းကို အဖိုး ဖိအားမပေးချင်ပါဘူး..ဒါပေမယ့် အဖိုးက မိသားစုအကြီးအကဲမို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်..ဒီမှာ ဖိုင်တွဲနှစ်တွဲရှိတယ် ...ဘယ်ဘက်က ဖိုင်တွဲကို လတ်မှတ်ထိုးလိုက်မယ်ဆိုရင် အဖိုးရဲ့ ရှယ်ယာတွေအားလုံး မင်းအပိုင်ဖြစ်ပြီ...အပြန်အလှန်အနေနဲ့ မင်းက အဖိုးတောင်းဆိုတဲ့အတိုင်း မင်းနှစ်သက်တဲ့မိန်းကလေးနဲ့ လက်ထပ်ရမယ်..ညာဘက်ကဖိုင်တွဲကို လတ်မှတ်ထိုးမယ်ဆိုရင်တော့ မင်းရဲ့လက်ရှိရှယ်ယာတွေကို လက်လွှတ်ပြီး လုယမ်လက်ထဲကို လွှဲပေးရမယ် "
(လုယမ် =လုရန်းရဲ့ အစ်က်ိုဝမ်းကွဲ )
လုယမ်က ဘာမှဝင်မပြောပေမယ့် အဖိုးလုစကားကြောင့် လုယမ်ရဲ့ မျက်လုံးအစုံက စိတ်လှုပ်ရှားမှုတွေနဲ့အတူ လောဘရောင်တလက်လက်တောက်လာလေတယ် ။
" မင်း အကောင်းဆုံး ရွေးချယ်မှုကိုလုပ်လိမ့်မယ်လို့ အဖိုး ယုံကြည်တယ် ငါ့မြေး "
ကျန်းဟွေ့ကျန်းရဲ့ မျှော်လင့်ချက်အပြည့်မျက်ဝန်းတွေနဲ့ အဖိုးလုရဲ့ မျှော်လင့်ချက်အပြည့် မျက်လုံးတို့ အချင်းချင်းဆုံမိကြပြီး စားပွဲပေါ်က ဖိုင်တွဲနှစ်ခုမှာ အကြည့်ကပ်လိုက်ကြတယ် ။
ဘယ်ဘက်ကတစ်ခုက ချမ်းသာကြွယ်ဝခြင်း ၊ ဩဇာအာဏာရှိခြင်းနဲ့ လက်ညှိုးညွှန်ရာရေဖြစ်ခြင်း ။
ညာဘက်ကတစ်ခုက အထီးကျန်ခြင်း ၊ ခက်ခဲကြမ်းတမ်းခြင်း နဲ့ လမ်းဘေးမှာ ဘဲကင်ရောင်းခြင်း ။
ကျန်းဟွေ့ကျား ပြုံးလိုက်တယ် ။ သူမသားကို သူမ ယုံကြည်တယ်လေ ။
လုရန်း ခဏ ငြိမ်သက်သွားပြီး ဘယ်ဘက်ကဖိုင်တွဲကို ဖြေးညှင်းစွာ ဆွဲယူကာ ဖွင့်ဖတ်လိုက်တယ် ။
နောင်ဆုံးတော့ ကျန်းဟွေ့ကျား စိတ်ချမ်းမြေ့စွာ သက်ပြင်းချနိုင်ခဲ့ပြီ ။ ပါးစပ်က နားရွက်တက်ချိတ်မတတ်ပြုံးကာ
" ဟေး ရန်လေး ..မင်းလည်း အမှန်ကို မြင်တတ်တာပဲ..ဆက်လုပ်ပါ သား..မား မင်းအတွက် ဝိုင်တစ်ခွက်နဲ့ ဂုဏ်ပြု.........."
သူမစကားပင် မဆုံးလိုက် ။ လုရန်းက ဖိုင်တွဲကို လုယမ်လက်ထဲ ကမ်းပေးလိုက်တယ် ။
လုယမ်က ကြောင်တောင်တောင်ဖြစ်နေတုန်း ။
လုရန်း ခပ်ပြုံးပြုံးပဲ စကားဆိုလေတယ် ။
" လုယမ် မင်း အမြဲတမ်း ငါ့ကို မနာလိုဖြစ်နေတာ မဟုတ်လား ..စိတ်အားထက်ထက်သန်သန်နဲ့ အပြောင်းအလဲလေးရော မလုပ်ချင်ဘူးလား..အခု မင်း ပျော်ရတော့မှာလေ ..ဘယ်လိုလဲ ..အရမ်းတွေမှ ပျော်သွားရဲ့လား "
မတိုင်မီကတော့ လုယမ်ကို လုရန်းလည်း မုန်းတယ် ။ စိတ်ရင်းနဲ့ကို မုန်းတာ ။
ဒါပေမယ့် အခုတော့ ဘာအရေးလဲ !
သူ့ဇနီးလေးကို ခက်ခက်ခဲခဲ ဝယ်ယူလိုက်ပြီလေ !
သူ အရမ်းပျော်တာပဲ !
ကျန်းဟွေ့ကျား မျက်လုံးပြူးမျက်ဆံပြူးနဲ့
" ရန်လေး မင်း ဘာလုပ်လိုက်တာလဲ ?!"
လုရန်း နူးနူးညံ့ညံ့လေးပြုံးကာ အလွန်ကို စိတ်ချမ်းသာစွာနဲ့
" အဖိုး ဒီရွေးချယ်မှုလေးလောက်ကတော့ ကျွန်တော့်ကို ခက်ခဲအောင် မလုပ်နိုင်ပါဘူး..
လုမိသားစုနဲ့ လုရန် တစ်ခုခုကို ရွေးခိုင်းရင် ကျွန်တော့်အဖြေကို အခုတောင် ပြောပြလို့ရတယ် "
" ရန်လေးရယ် သေချာပြန်စဉ်းစားရင် ပိုကောင်းမယ်နော်..ပြီးတော့......"
" ကျွန်တော့် ရွေးချယ်မှုက လုရန်ပဲ !"
လုရန်းက ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ဆိုလိုက်တယ် ။
ထမင်းစားခန်းက လုံးဝကို တိတ်ဆိတ်ငြိမ်သက်သွားပြန်တယ် ။
တစ်ခန်းလုံးက လူတွေရဲ့ အမူအရာတွေကိုကြည့်ပြီး လုရန်ပြုံးလိုက်တယ် ။ ထိုင်ခုံနောက်ကျောမှာလွှားထားတဲ့ သူ့ကုတ်အင်္ကျီကို ကောက်ဝတ်ပြီး
" ပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော် ပြန်နှင့်တော့မယ် အဖိုး..နောက်ရက်မှ တွေ့ကြတာပေါ့..လု မိသားစု ဘာဖြစ်သွားမလဲဆိုပြီး စိုးရိမ်မနေပါနဲ့..ကျွန်တော် အချိန်ကောင်းလေးရွေးပြီးတာနဲ့ လုယမ်လက်ထဲ ရှယ်ယာတွေ လွှဲပြောင်းပေးပါ့မယ် "
အဖိုးလုက စွေစောင်းကြည့်ကာ
" မင်းက သူ့ကိုရွေးမှတော့ မင်းရဲ့အိမ် ၊ ကားနဲ့ ပိုင်ဆိုင်မှုတွေပါ ပြန်ပေးရမှာနော်..အခု မင်းက ဘာမှမရှိတော့တဲ့ အရှုံးသမားဖြစ်သွားပြီ "
လုရန်း ခေါင်းညိတ်လိုက်တယ် ။
"အိုခေ .. ကျွန်တော် နားလည်ပြီ..ပြီးတော့ ကျွန်တော် တစ်စက်လေးမှ ဝမ်းမနည်းဘူးနော် ..အဖိုးသိဖို့ "
ထို့နောက် ထမင်းစားခန်းထဲမှတဆင့် လုအိမ်တော် နဲ့ မိသားစုကိုပါ ကျောခိုင်းလှည့်ထွက်လာခဲ့တယ် ။ သူ့အဖိုးရဲ့ မကျေမနပ် ပန်းကန်ဆောင့်ချလိုက်သံတောင် မကြားတော့ဘူး ။
ကောင်းကင်ကြီးကတော့ နက်မှောင်နေပြီ ။ မှိတ်တုတ်မှိတ်တုတ်ကြယ်လေးတွေက တတ်စွမ်းသမျှ အလင်းလေးနဲ့ အနက်ရောင်ကောင်းကင်ပြင်ကျယ်ကြီးထက်မှာ ဟိုတစ်ပွင့် ဒီတစ်ပွင့် လင်းလက်လို့ ။
လုရန်း ကောင်းကင်ကြီးကို မော့ကြည့်ပြီး တစ်ကိုယ်တည်း ပြုံးမိတယ် ။
လုရန်းက ငတုံးမှမဟုတ်တာ ။ လု မိသားစုမရှိလည်း အသက်ရှင်နိုင်တာပဲလေ ။ ဒီနှစ်တွေအတွင်းမှာ သူ့ဘဝကို လုံလောက်အောင် မြှင့်တင်ခဲ့ပြီးပြီ ။ သူ့အားသူကိုးပြီး စုဆောင်းထားတာတွေရယ် ၊ အတွေ့အကြုံရယ် ၊ လုပ်နိုင်စွမ်းရယ် ၊ အခြေခိုင်နေပြီဖြစ်တဲ့ လုပ်ငန်းရင်းမြစ်တွေရယ် ။ လုမိသားစုမပါဘဲ ဘဝကို အေးအေးဆေးဆေး ရှေ့ဆက်နိုင်တယ် ။
လုအိမ်တော်ကထွက်လာခဲ့ပြီး သူ့ရဲ့ စစ်မှန်တဲ့ အိမ်လေး တစ်နည်းပြောရရင် မေတ္တာရိပ်မြုံလေးကို ဦးတည်လိုက်တယ် ။
နွေးထွေးတဲ့ မေတ္တာရိပ်မြုံလေးမှာ သူ့ကိုစောင့်မျှော်နေတဲ့ လုရန်လက်ကို ယုံယုံကြည်ကြည်နဲ့ မြဲမြဲတွဲထားမယ် ။ ခက်ခဲတဲ့အလုပ်တွေ လုပ်ရလည်း မမှုဘူး ။ ချစ်ခြင်းမေတ္တာတွေလွှမ်းခြုံပြီး အခက်အခဲတွေကို နှစ်ယောက်အတူ ရင်ဆိုင်ကြမယ် ။ ဘဝကို စိတ်ချမ်းမြေ့စွာနဲ့ ဖြေးဖြေးချင်းပဲ ရှေ့ဆက်ကြမယ် ။
ဒီ ခံစားချက်လေးက ဘယ်လောက်ကောင်းလဲ ?!
*******************************************
လုမိသားစုရဲ႕ ညစာစားပြဲက တိတ္ဆိတ္ေနတယ္ ။
မိသားစုအႀကီးအကဲျဖစ္တဲ့ လု အဖိုးႀကီးက ထမင္းစားပြဲမွာ စကားမေျပာရဘူးဆိုတဲ့စည္းကမ္းထုတ္ထားတာေၾကာင့္ လုအဖိုးႀကီးကစၿပီး လုေပါက္စေတြအထိ ဘယ္သူမွ စကားမေျပာၾကဘူး ။
ဒီစည္းကမ္းကို လုမ်ိဳးႏြယ္ေတြက သိပ္ေတာ့ဘဝင္မက်ေပမယ့္ လုရန္းက ေပ်ာ္ေနတာေပါ့ ။
မေျပာနဲ႕ မေျပာနဲ႕ တစ္ေယာက္မွ မေျပာေလ ေကာင္းေလပဲ !
သူနဲ႕ လုရန္ရဲ႕ RS ကို ဘယ္လိုအေၾကာင္းမ်ိဳးေၾကာင့္နဲ႕မွ ထိခိုက္ပ်က္စီးမခံနိုင္ဘူး ။ လုရန္းက ထမင္းစားပြဲမွာ ထိုင္ေနတဲ့ လု အႀကီးအကဲကိုၾကည့္လိုက္တယ္ ။
လု အႀကီးအကဲက ဘယ္သူ႕ကိုမွမၾကည့္ဘဲ အစားကိုသာရႈၿပီး တိတ္ဆိတ္စြာ စားေသာက္ေနတယ္ ။ စည္းကမ္းအတိုင္း ၾကက္စြပ္ျပဳတ္ကို အသံမထြက္ေအာင္ ေသာက္ေနၿပီး လု မိသားစုဝင္ေတြကလည္း အရင္ထက္ပိုၿပီး တိတ္ဆိတ္ၿငိမ္သက္ေနတယ္ ။
အေျခအေနက သိပ္ေတာ့မရိုးစင္းလွတာ လုရန္း သိတာေပါ့ ။
လုအဖိုးႀကီးက ေသာက္လက္စ ၾကက္စြပ္ျပဳတ္ကိုလက္စသတ္ၿပီး ပ်င္းရိရိပုံနဲ႕ ပန္းကန္လုံးကို ေဘးဘက္တြန္းကာ ပန္းကန္လုံးအနားစြန္းက အက္ရာေသးေသးေလးကို ၫႊန္ျပတယ္ ။
" ဒီ ပန္းကန္လုံးကို လႊင့္ပစ္သင့္တယ္ "
အိမ်ဝောာ်ထိန်းကြီး ဘာကိုဆိုလိုမွန္း နားမလည္ဘဲ ေၾကာင္ေနတယ္ ။ အဖိုးလုရဲ႕ေဘးမွာ ထိုင္ေနတဲ့လူက ကပ်ာကယာ ဝင်ရှင်းပြလ်ုက်တယ် ။
" အစားအေသာက္ထည့္တဲ့ ပန္းကန္လုံးက ကြဲေန အက္ေနရင္ အစားထည့္မစားေကာင္းဘူး..လာဘ္တိတ္တယ္..အိမ်ဝောာ်ထိန်းကြီး ခင္ဗ်ား တယ္လည္းဂ႐ုမမူတာပဲ ...အသက္ႀကီးမွ အလုပ္ျပဳတ္ခ်င္ေနၿပီထင္တယ္ "
အိမ္ေတာ္ထိန္းႀကီး ေခြၽးေစးေတြကို သုတ္ၿပီး ပန္းကန္လုံးကိုယူကာ မပီမသၿပဳံးလ်က္ ရိုက်ိဳးစြာ အထပ္ထပ္ေတာင္းပန္ေလတယ္ ။
အဖိုးလုက သူအႏွစ္သက္ဆုံး လက္ဖက္ရည္ၾကမ္းကို အရသာခံေသာက္ၿပီး မ်က္ခုံးပင့္ကာ လုရန္းကိုၾကည့္တယ္ ။
" ရန္ေလး..လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက မင္းအေၾကာင္းေတြအားလုံး အဖိုးသိတယ္..လုစီးပြားေရးလုပ္ငန္းစုရဲ႕ နယ္ေျမေတြကို မင္းခ်ဲ့ထြင္နိုင္ခဲ့တယ္..ငါေတာင္ မလုပ္နိုင္ခဲ့တဲ့အရာကိုေလ "
" အဖိုးေပးတဲ့ ဆုလာဘ္ပါ "
လုရန္း မတ္တတ္ရပ္ကာ မ်က္မွန္ကို ပင့္ၿပီး သူ႕အဖိုးကို ၾကည့္တယ္ ။
" ဒီလုပ္ငန္းစုကို အဖိုးရဲ႕ ေသြးေခြၽးေတြနဲ႕ တည္ေဆာက္ထားရၿပီး အဖိုးရဲ႕ သူမတူတဲ့စြမ္းရည္ေၾကာင့္သာ ဆူးေညွာင့္ခလုတ္ေတြကို ပယ္ရွားနိုင္ခဲ့တာပါ "
အဖိုးလုက ေအးခ်မ္းစြာ ၿပဳံးေနခဲ့တယ္ ။ သူက အိုမင္းလာခဲ့ၿပီျဖစ္တာေၾကာင့္ အရာအားလုံးကို မစီမံနိုင္ေလာက္ေတာ့ဘူး ။
" ဒါဆို အဖိုးလက္ထဲက ရွယ္ယာေတြ မင္းကို လႊဲေပးလိုက္မယ္ "
အဖိုးလုရဲ႕စကားအဆုံးမွာ ပတ္ဝန္းက်င္ေလထုက လုံးဝတတ္ဆိတ္ၿငိမ္သက္သြားတယ္ ။
လက္ရွိမွာ လုရန္းက လု လုပ္ငန္းစုကို ဦးစီးေနတယ္ဆိုေပမယ့္ သူ႕လက္ထဲက ရွယ္ယာက တျခား လု ညီအစ္ကိုေတြရဲ႕ ရွယ္ယာနဲ႕ သိပ္မကြာလွဘူး ။ အဖိုးလုက အရင္တည္းက သူ႕ေျမးေတြအတြက္ ရွယ္ယာကို အညီအမွ် ခြဲေဝေပးထားခဲ့တာ ။
အခု အဖိုးလု ေျပာတဲ့စကားသာ တကယ္အတည္ဆိုရင္ လုရန္းကို သူ႕ထိုင္ခုံေပးေတာ့မွာ ေသခ်ာေနၿပီ ။
ယခုကစၿပီး လုမိသားစုကို လုရန္းလက္ထဲ အပ္လိုက္တာ ။ လု မိသားစုရဲ႕ကိစၥအဝဝကို လုရန္းကသာ စီမံခန႔္ခြဲပိုင္ခြင့္ ရွိေတာ့တယ္ ။
အဖိုးလုက အားလုံးကို ေဝ့ၾကည့္ၿပီး ေပါ့ေပါ့ပါးပါး စကားဆက္တယ္ ။
" ဒါေပမယ့္ .....အေပးအယူေတာ့ရွိတယ္ "
က်န္းေဟြ႕က်န္က ေမွ်ာ္လင့္တႀကီးမ်က္လုံးေတြနဲ႕ ၾကည့္ေနတယ္ ။
" ရန္ေလး မင္းလည္း အသက္မငယ္ေတာ့ဘူး..မိသားစုအတြက္ သင့္ေတာ္တဲ့ လူေကာင္းတစ္ေယာက္ေလာက္ ရွာရမယ့္အခ်ိန္ေရာက္ၿပီလို႔ အဖိုးထင္တယ္ "
အဖိုးလုက ၿပဳံးေနတယ္ ။
လုရန္းသိတယ္ ။ ဒါက စီးပြားေရးပဲဆိုတာ ။ ဒါေၾကာင့္ မ်က္ႏွာမွာ ဘာခံစားခ်က္မွ မေဖာ္ျပဘဲ တည္ၿငိမ္စြာနဲ႕
" စဉ်းစားရမယ့်အချိန်ရောက်ပြီဆ်ိုတာ မွန္ပါတယ္..ဒါေပမယ့္ .....အဖိုး , ဝမ္ယြမ္ကေတာ့ ကြၽန္ေတာ့္ေ႐ြးခ်ယ္မႈျဖစ္လာမွာ မဟုတ္ဘူး "
" ဟုတ္တာေပါ့ ..ဝမ္ယြမ္ မျဖစ္နိုင္ဘူး "
အဖိုးလုက လက္ေဝွ႕ယမ္းကာ ႏႈတ္ခမ္းတြန႔္လိုက္တယ္ ။
" အဖိုး ႏွစ္ေပါင္းမ်ားစြာ ေလ့လာခဲ့တာ..ဝမ္ယြမ္ဆိုတဲ့ကေလးမက အေတြးပြားလြန္းတယ္..အဖိုးတို႔မိသားစုနဲ႕ မကိုက္ညီဘူး..မင္းအေဖနဲ႕ မင္းအေမက ဝမ္ယြမ္နဲ႕မင္းကို လက္ထပ္ေပးဖို႔ ေတာင္းဆိုတိုင္း အဖိုး မင္းအတြက္ၾကည့္ၿပီး လက္မခံခဲ့ဘူး..မင္းမိဘေတြက လူကဲခတ္ညံ့လြန္းလို႔ သူတို႔ေခါင္းကို ႀကံေခ်ာင္းနဲ႕ ရိုက္ပစ္ခ်င္မိတယ္ .."
လုရန္း အခုမွပဲ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိဳက္တယ္ ။ သူနဲ႕ဆန႔္က်င္စြာ က်န္း သခင္မခမ်ာေတာ့ အႀကီးအက်ယ္ စိတ္ပ်က္သြားေလတယ္ ။ ဘာေၾကာင့္လဲဆိုရင္ အဖိုးလုရဲ႕စကားကို သူမ မျငင္းပယ္နိုင္ဘူး ။ သူမမ်က္ႏွာက ျပာႏွမ္းလာေတာ့တယ္ ။
" အဲ့ဒါဆို အဖိုးရဲ႕ သေဘာထားက "
လုရန္း တည့္တည့္ပဲ ေမးလိုက္တယ္ ။
အဖိုးလုက ခဏေလာက္ အားယူၿပီးမွ
" အဖိုး မင္းကို အခြင့္အေရးႏွစ္ခုပဲ ေပးမယ္..ပထမအခ်က္က မင္းႀကိဳက္တဲ့လူနဲ႕ လက္ထပ္လို႔ရတယ္ ...ဒါေပမယ့္ ဒုတိယအခ်က္က မင္း လက္ထပ္မယ့္လူက မိန္းကေလးပဲျဖစ္ရမယ္ "
ထမင္းစားပြဲကလူေတြက အဖိုးစကားၾကားၿပီး ခိုးရယ္ၾကေတာ့တယ္ ။
သူတို႔အားလုံးက လုရန္းအေၾကာင္းသိၿပီးသား ။ မိန္းကေလးမႀကိဳက္တဲ့လုရန္းက မိန္းမတစ္ေယာက္နဲ႕လက္ထပ္ရမယ္ဆိုေတာ့ ဒီအဖိုးႀကီးက ရင့္လြန္းမေနဘူးလား ?! ။
လုရန္းရဲ႕ အေဒၚတစ္ေယာက္က ခနဲ႕တဲ့တဲ့ ဝင္ေျပာေလတယ္ ။
" လု သခင္ႀကီးရယ္ ဒုတိယတစ္ခုက ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ..ကြၽန္မၾကားတာေတာ့ လုရန္းက ေယာက္်ားတစ္ေယာက္နဲ႕အတူေနေနၿပီး အဲ့ဒီေယာက္်ားက ဘဲတစ္ေကာင္ဆိုလားပဲ ..ဟက္ !"
လုရန္း ခ်ာခနဲလွည့္ကာ ေအးစက္စက္ ရွင္းျပလိုက္တယ္ ။
" သူက လွ်ာလည္သြားေစမယ့္ ဘဲကင္ဆိုင္ဖြင့္ထားတာ..ဆိုင္နာမည္က ဘဲတစ္ေကာင္..အထင္မွားေစမယ့္စကားမ်ိဳးေတြ မေျပာပါနဲ႕ .."
လုအန္တီက
" အိုး ..ငါ သိပါၿပီ..ဒါေပမယ့္ လမ္းေဘးက ျမက္က လမ္းေဘးက ျမက္ပါပဲ..မင္းကိုေပးတဲ့ အခြင့္အေရးက မဆ်ိုးလှပါဘူး..ဘာေၾကာင့္မ်ား လမ္းေဘးက ဘဲတစ္ေကာင္ကို ရွာရတာလဲ..အဲ့ဒါက အရမ္းကို............"
" သူက ဂ႐ုတစိုက္နဲ႕ အရသာရွိေအာင္ ဘဲကင္တတ္တယ္.."
လုရန္း အမူအရာက တည္တည္ၿငိမ္ၿငိမ္ပဲ။
ႏႈတ္ခမ္းေထာင့္ေလးေကြး႐ုံ ၿပဳံးကာ
" ကြၽန္ေတာ္ လမ္းႀကဳံတဲ့အခါ သူ႕ရဲ႕လက္ရာကို ျမည့္စမ္းခြင့္ေပးမယ္ "
လုရန္းက အထင္ေသးျခင္း ၊ ေနာက္ေျပာင္ျခင္း မဟုတ္ဘဲ လုရန္ကို အမွန္တကယ္ ခ်ီးက်ဴးခ်င္စိတ္နဲ႕ ေျပာင္ေျပာင္ရွင္းရွင္းပဲ ေျပာလိုက္တယ္ ။
သူ႕ရဲ႕ ၾကက္ေပါက္ေလး ၊ သူ႕ရဲ႕ ဇနီးေလာင္းေလးက အရာအားလုံး ေကာင္းတယ္ !
ဆန႔္က်င္ဘက္ျဖစ္စြာ လုအန္တီကေတာ့ ခါးသီးသြားရေလတယ္ ။ သူမက ေငြအားကိုးနဲ႕ ႐ူးႏွမ္းႏွမ္းေတြသာ လုပ္ေနတတ္သူျဖစ္တာေၾကာင့္ လုရန္းနဲ႕ ၿပိဳင္မေျပာရဲေတာ့ဘဲ ပါးစပ္ပိတ္သြားတယ္ ။
အဖိုးလု သက္ျပင္းခ်လိဳက္တယ္ ။
" မင္း ေခါင္းမာတာ အဖိုးသိပါတယ္..ဒါေပမယ့္ ရန္ေလး ..အဖိုးတို႔ လု အိမ္ေတာ္ရဲ႕အစဥ္အလာအရ ေယာက္်ားတစ္ေယာက္ကိုေတာ့ အိမ္ေတာ္ရဲ႕ ေခြၽးမအျဖစ္ အသိအမွတ္မျပဳနိုင္ဘူး ..လက္လည္းမခံနိုင္ဘူး "
" အဖိုး "
လုရန္း ရယ္လိုက္တယ္ ။
" တခ်ိဳ႕အရာေတြက တစ္သေဝမတိမ္း လိုက္နာက်င့္သုံးေနစရာမလိုပါဘူး..အဖိုးဘယ္ေခတ္မွာ ေနေနတာလဲ..တကယ္တမ္း အရွိကို အရွိအတိုင္း လက္မခံဘဲ ေခါင္းမာေနတာက အဖိုးပါ..ေခတ္ေနာက္ျပန္ေတြ မစြဲပါနဲ႕ အဖိုးရယ္ "
အဖိုးလု ခဏႏႈတ္ဆိတ္သြားၿပီး သက္ျပင္းခ်ကာ
" ရန္ေလး မင္းကို အဖိုး ဖိအားမေပးခ်င္ပါဘူး..ဒါေပမယ့္ အဖိုးက မိသားစုအႀကီးအကဲမို႔ လုပ္သင့္လုပ္ထိုက္တာကို လုပ္ရမယ္..ဒီမွာ ဖိုင္တြဲႏွစ္တြဲရွိတယ္ ...ဘယ္ဘက္က ဖိုင္တြဲကို လတ္မွတ္ထိုးလိုက္မယ္ဆိုရင္ အဖိုးရဲ႕ ရွယ္ယာေတြအားလုံး မင္းအပိုင္ျဖစ္ၿပီ...အျပန္အလွန္အေနနဲ႕ မင္းက အဖိုးေတာင္းဆိုတဲ့အတိုင္း မင္းႏွစ္သက္တဲ့မိန္းကေလးနဲ႕ လက္ထပ္ရမယ္..ညာဘက္ကဖိုင္တြဲကို လတ္မွတ္ထိုးမယ္ဆိုရင္ေတာ့ မင္းရဲ႕လက္ရွိရွယ္ယာေတြကို လက္လႊတ္ၿပီး လုယမ္လက္ထဲကို လႊဲေပးရမယ္ "
(လုယမ္ =လုရန္းရဲ႕ အစ်က်ိုဝမ်းကွဲ )
လုယမ္က ဘာမွဝင္မေျပာေပမယ့္ အဖိုးလုစကားေၾကာင့္ လုယမ္ရဲ႕ မ်က္လုံးအစုံက စိတ္လႈပ္ရွားမႈေတြနဲ႕အတူ ေလာဘေရာင္တလက္လက္ေတာက္လာေလတယ္ ။
" မင္း အေကာင္းဆုံး ေ႐ြးခ်ယ္မႈကိုလုပ္လိမ့္မယ္လို႔ အဖိုး ယုံၾကည္တယ္ ငါ့ေျမး "
က်န္းေဟြ႕က်န္းရဲ႕ ေမွ်ာ္လင့္ခ်က္အျပည့္မ်က္ဝန္းေတြနဲ႕ အဖိုးလုရဲ႕ ေမွ်ာ္လင့္ခ်က္အျပည့္ မ်က္လုံးတို႔ အခ်င္းခ်င္းဆုံမိၾကၿပီး စားပြဲေပၚက ဖိုင္တြဲႏွစ္ခုမွာ အၾကည့္ကပ္လိုက္ၾကတယ္ ။
ဘယ္ဘက္ကတစ္ခုက ခ်မ္းသာႂကြယ္ဝျခင္း ၊ ဩဇာအာဏာရွိျခင္းနဲ႕ လက္ညွိုးၫႊန္ရာေရျဖစ္ျခင္း ။
ညာဘက္ကတစ္ခုက အထီးက်န္ျခင္း ၊ ခက္ခဲၾကမ္းတမ္းျခင္း နဲ႕ လမ္းေဘးမွာ ဘဲကင္ေရာင္းျခင္း ။
က်န္းေဟြ႕က်ား ၿပဳံးလိုက္တယ္ ။ သူမသားကို သူမ ယုံၾကည္တယ္ေလ ။
လုရန္း ခဏ ၿငိမ္သက္သြားၿပီး ဘယ္ဘက္ကဖိုင္တြဲကို ေျဖးညွင္းစြာ ဆြဲယူကာ ဖြင့္ဖတ္လိုက္တယ္ ။
ေနာင္ဆုံးေတာ့ က်န္းေဟြ႕က်ား စိတ္ခ်မ္းေျမ့စြာ သက္ျပင္းခ်နိဳင္ခဲ့ၿပီ ။ ပါးစပ္က နား႐ြက္တက္ခ်ိတ္မတတ္ၿပဳံးကာ
" ေဟး ရန္ေလး ..မင္းလည္း အမွန္ကို ျမင္တတ္တာပဲ..ဆက္လုပ္ပါ သား..မား မင္းအတြက္ ဝိုင္တစ္ခြက္နဲ႕ ဂုဏ္ျပဳ.........."
သူမစကားပင္ မဆုံးလိုက္ ။ လုရန္းက ဖိုင္တြဲကို လုယမ္လက္ထဲ ကမ္းေပးလိုက္တယ္ ။
လုယမ္က ေၾကာင္ေတာင္ေတာင္ျဖစ္ေနတုန္း ။
လုရန္း ခပ္ၿပဳံးၿပဳံးပဲ စကားဆိုေလတယ္ ။
" လုယမ္ မင္း အၿမဲတမ္း ငါ့ကို မနာလိုျဖစ္ေနတာ မဟုတ္လား ..စိတ္အားထက္ထက္သန္သန္နဲ႕ အေျပာင္းအလဲေလးေရာ မလုပ္ခ်င္ဘူးလား..အခု မင္း ေပ်ာ္ရေတာ့မွာေလ ..ဘယ္လိုလဲ ..အရမ္းေတြမွ ေပ်ာ္သြားရဲ႕လား "
မတိုင္မီကေတာ့ လုယမ္ကို လုရန္းလည္း မုန္းတယ္ ။ စိတ္ရင္းနဲ႕ကို မုန္းတာ ။
ဒါေပမယ့္ အခုေတာ့ ဘာအေရးလဲ !
သူ႕ဇနီးေလးကို ခက္ခက္ခဲခဲ ဝယ္ယူလိုက္ၿပီေလ !
သူ အရမ္းေပ်ာ္တာပဲ !
က်န္းေဟြ႕က်ား မ်က္လုံးျပဴးမ်က္ဆံျပဴးနဲ႕
" ရန္ေလး မင္း ဘာလုပ္လိုက္တာလဲ ?!"
လုရန္း ႏူးႏူးညံ့ညံ့ေလးၿပဳံးကာ အလြန္ကို စိတ္ခ်မ္းသာစြာနဲ႕
" အဖိုး ဒီေ႐ြးခ်ယ္မႈေလးေလာက္ကေတာ့ ကြၽန္ေတာ့္ကို ခက္ခဲေအာင္ မလုပ္နိုင္ပါဘူး..
လုမိသားစုနဲ႕ လုရန္ တစ္ခုခုကို ေ႐ြးခိုင္းရင္ ကြၽန္ေတာ့္အေျဖကို အခုေတာင္ ေျပာျပလို႔ရတယ္ "
" ရန္ေလးရယ္ ေသခ်ာျပန္စဥ္းစားရင္ ပိုေကာင္းမယ္ေနာ္..ၿပီးေတာ့......"
" ကြၽန္ေတာ့္ ေ႐ြးခ်ယ္မႈက လုရန္ပဲ !"
လုရန္းက ျပတ္ျပတ္သားသား ပြင့္ပြင့္လင္းလင္း ဆိုလိုက္တယ္ ။
ထမင္းစားခန္းက လုံးဝကို တိတ္ဆိတ္ၿငိမ္သက္သြားျပန္တယ္ ။
တစ္ခန္းလုံးက လူေတြရဲ႕ အမူအရာေတြကိုၾကည့္ၿပီး လုရန္ၿပဳံးလိုက္တယ္ ။ ထိုင္ခုံေနာက္ေက်ာမွာလႊားထားတဲ့ သူ႕ကုတ္အကၤ်ီကို ေကာက္ဝတ္ၿပီး
" ေျပာစရာမရွိေတာ့ဘူးဆိုရင္ ကြၽန္ေတာ္ ျပန္ႏွင့္ေတာ့မယ္ အဖိုး..ေနာက္ရက္မွ ေတြ႕ၾကတာေပါ့..လု မိသားစု ဘာျဖစ္သြားမလဲဆိုၿပီး စိုးရိမ္မေနပါနဲ႕..ကြၽန္ေတာ္ အခ်ိန္ေကာင္းေလးေ႐ြးၿပီးတာနဲ႕ လုယမ္လက္ထဲ ရွယ္ယာေတြ လႊဲေျပာင္းေပးပါ့မယ္ "
အဖိုးလုက ေစြေစာင္းၾကည့္ကာ
" မင္းက သူ႕ကိုေ႐ြးမွေတာ့ မင္းရဲ႕အိမ္ ၊ ကားနဲ႕ ပိုင္ဆိုင္မႈေတြပါ ျပန္ေပးရမွာေနာ္..အခု မင္းက ဘာမွမရွိေတာ့တဲ့ အရႈံးသမားျဖစ္သြားၿပီ "
လုရန္း ေခါင္းညိတ္လိုက္တယ္ ။
"အိုေခ .. ကြၽန္ေတာ္ နားလည္ၿပီ..ၿပီးေတာ့ ကြၽန္ေတာ္ တစ္စက္ေလးမွ ဝမ္းမနည္းဘူးေနာ္ ..အဖိုးသိဖို႔ "
ထို႔ေနာက္ ထမင္းစားခန္းထဲမွတဆင့္ လုအိမ္ေတာ္ နဲ႕ မိသားစုကိုပါ ေက်ာခိုင္းလွည့္ထြက္လာခဲ့တယ္ ။ သူ႕အဖိုးရဲ႕ မေက်မနပ္ ပန္းကန္ေဆာင့္ခ်လိဳက္သံေတာင္ မၾကားေတာ့ဘူး ။
ေကာင္းကင္ႀကီးကေတာ့ နက္ေမွာင္ေနၿပီ ။ မွိတ္တုတ္မွိတ္တုတ္ၾကယ္ေလးေတြက တတ္စြမ္းသမွ် အလင္းေလးနဲ႕ အနက္ေရာင္ေကာင္းကင္ျပင္က်ယ္ႀကီးထက္မွာ ဟိုတစ္ပြင့္ ဒီတစ္ပြင့္ လင္းလက္လို႔ ။
လုရန္း ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ၿပီး တစ္ကိုယ္တည္း ၿပဳံးမိတယ္ ။
လုရန္းက ငတုံးမွမဟုတ္တာ ။ လု မိသားစုမရွိလည္း အသက္ရွင္နိုင္တာပဲေလ ။ ဒီႏွစ္ေတြအတြင္းမွာ သူ႕ဘဝကို လုံေလာက္ေအာင္ ျမႇင့္တင္ခဲ့ၿပီးၿပီ ။ သူ႕အားသူကိုးၿပီး စုေဆာင္းထားတာေတြရယ္ ၊ အေတြ႕အႀကဳံရယ္ ၊ လုပ္နိုင္စြမ္းရယ္ ၊ အေျခခိုင္ေနၿပီျဖစ္တဲ့ လုပ္ငန္းရင္းျမစ္ေတြရယ္ ။ လုမိသားစုမပါဘဲ ဘဝကို ေအးေအးေဆးေဆး ေရွ႕ဆက္နိုင္တယ္ ။
လုအိမ္ေတာ္ကထြက္လာခဲ့ၿပီး သူ႕ရဲ႕ စစ္မွန္တဲ့ အိမ္ေလး တစ္နည္းေျပာရရင္ ေမတၱာရိပ္ၿမဳံေလးကို ဦးတည္လိုက္တယ္ ။
ႏြေးေထြးတဲ့ ေမတၱာရိပ္ၿမဳံေလးမွာ သူ႕ကိုေစာင့္ေမွ်ာ္ေနတဲ့ လုရန္လက္ကို ယုံယုံၾကည္ၾကည္နဲ႕ ၿမဲၿမဲတြဲထားမယ္ ။ ခက္ခဲတဲ့အလုပ္ေတြ လုပ္ရလည္း မမႈဘူး ။ ခ်စ္ျခင္းေမတၱာေတြလႊမ္းၿခဳံၿပီး အခက္အခဲေတြကို ႏွစ္ေယာက္အတူ ရင္ဆိုင္ၾကမယ္ ။ ဘဝကို စိတ္ခ်မ္းေျမ့စြာနဲ႕ ေျဖးေျဖးခ်င္းပဲ ေရွ႕ဆက္ၾကမယ္ ။
ဒီ ခံစားခ်က္ေလးက ဘယ္ေလာက္ေကာင္းလဲ ?!