Chapter - 1998

3.1K 587 36
                                    

[Zawgyi]

{မင်းသားက ဆေးပညာတတ်လို့လား?}

နဉ်ရှု အိပ်ယာပေါ်မှာထိုင်နေတဲ့စုန့်သခင်မကိုကြည့်လိုက်သည်။ စုန့်သခင်မက လွန်စွာမသက်မသာဖြစ်နေဟန်နဲ့ နဖူးကိုပွတ်နေလေ၏။

ဆေးပညာကို နည်းနည်းပါးပါးသိထားသောနဉ်ရှုမှာ စုန့်သခင်မ မသက်မသာခံစားနေရတာက သည်အခြေအနေထိမရောက်နိုင်ဟုခံစားလိုက်ရသည်။ ကိုယ်ဝန်ဆောင်ခဲ့ရပြီးချိန်မှ မနက်ပိုင်းဖျားနာနေချိန်အထိဆိုလျှင် ခဏသာရှိသေးသည်။

စုန့်သခင်မက သူမရဲ့ကျန်းမာရေးကို ပိုဂရုစိုက်သင့်ပြီး မနက်ခင်းပိုင်းမဖျားနာသေးခင်အချိန်တွင် ပိုပြီးအစာကြေလွယ်တာတွေကိုစားသင့်သည်။ သူမ မနက်ပိုင်းဖျားနာချိန်ကျရင် ပိုပြီးနာကျင်ရပေလိမ့်မည်။

"မြန်မြန်သွားပြီး မင်းသားကိုသွားခေါ်။ သခင်မ နေမကောင်းဘူး။"

နဉ်ရှု မလှုပ်တာကိုမြင်တဲ့ဟုန်မေ့က နဉ်ရှုကိုလောဆော်သည်။

နဉ်ရှု :…

သူတို့က ဘာလို့ သူမကိုပဲ ဒီလိုကိစ္စမျိုးတွေခိုင်းနေရတာလဲ?

ပြီးတော့ ရင်ကျန်းက သမားတော်မှမဟုတ်တာ။ သူ့ကိုခေါ်လို့ ဘာအသုံးဝင်မှာလဲ? ကိုယ်ဝန်ရှိနေတဲ့အချက်ကိုအသုံးချပြီး ဒီလိုမျိုးမျက်နှာသာပေးဖို့တောင်းဆိုဆနတာက ရင်ကျန်းရဲ့စိတ်ရှည်မှုနဲ့သနားမှုတွေကို ကုန်ဆုံးသွားစေလိမ့်မည်သာ။

"မြန်မြန်သွားလေ၊ ဒီမှာ ဘာလို့ရပ်နေသေးတာလဲ? သခင်မနေမကောင်းတာကို နင်မမြင်ဘူးလား?"

ဟုန်မေ့ရဲ့အမူအရာက လွန်စွာမှပင်ပြတ်သားနေ၏။

နဉ်ရှု နားလည်ကြောင်းပြကာ ရင်ကျန်းကိုရှာရန်ထွက်သွားလိုက်သည်။ တကယ်တော့ မဟုတ်ဘူး၊ သမားတော်ကိုရှာဖို့။

နဉ်ရှုက ရင်ကျန်းကိုလုံးဝသွားမရှာဘဲ ပထမအဆင့်ကြင်ယာတော်ကိုသာ စုန့်သခင်မ နေမကောင်းတဲ့အကြောင်း သွားလျှောက်တင်လိုက်သည်။

ဒီလိုအတွင်းနန်းဆောင်ကိစ္စမျိုးတွေအတွက်ဆို အဓိကဇနီးဆီကိုသာသွားသင့်သည်လေ။ သူမက ပထမအဆင့်ကြင်ယာတော်ကိုလျစ်လျူ ရှုပြီး ရင်ကျန်းကိုသွားရှာလိုက်ပါက ဒါက ဝူလနာလသခင်မရဲ့အာဏာကို စိန်ခေါ်လိုက်ခြင်းဖြစ်သွားပေမည်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Opowieści tętniące życiem. Odkryj je teraz