Chapter - 1222

2.6K 490 3
                                    

[Unicode]

{သွားရမလား မသွားရဘူးလား}

သူမထင်ထားသည့်အတိုင်း ထိုအစေခံက သူမဆီလျှောက်လာကာ သူမနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး သူမကို စားပွဲအောက်မှနေ၍ စာရွက်တစ်ရွက်ကမ်းပေးသည်။ နဉ်ရှု စာရွက်ကိုလက်ခံကာ သိမ်းထားလိုက်သည်။

ညစာစားပြီးနောက် နဉ်ရှု သူမအခန်းကိုပြန်လာကာ စာရွက်ခေါက်ကို ဖွင့်ဖတ်လိုက်သည်။ စာရွက်ထဲတွင် 'ညသန်း‌ခေါင်ကျရင် ငါ့ကို ကျောက်တုံးဥယျာဉ်မှာ လာတွေ့'ဟု ရေးထားသည်။

နဉ်ရှု စာရွက်ကို မီးရှို့ပစ်လိုက်သည်။ သူမ သွားသင့်လား,?

ထားလိုက်တော့၊ မသွားတာ ပိုကောင်းတယ်။ ဒိအိမ်တော်ရဲ့ လျှို့ဝှက်တိုက်ပွဲတွေကြား သူမဝင်ပတ်သက်မိသွားရင် သူမ သတိမထားမိတဲ့အချိန်မှာ သေသွားနိုင်တယ်။

နဉ်ရှုသည် သည်အိမ်တော်အတွင်းမှာ တာဝန်ပြီးဆုံးသည်အထိ အသက်ရှင်ချင်ရုံသာဖြစ်၏။

နောက်တစ်ရက် နဉ်ရှုကိုတွေ့ချိန်၌ ထိုအစေခံ၏မျက်လုံးများမှာ ဒေါသနှင့်စိတ်ရှုပ်ထွေးမှုများရှိနေသည်။ သုမသည် မနေ့ညက နဥ်ရှု ချိန်းဆိုသောနေရာသို့မသွားသဖြင့် ဒေါသထွက်နေခြင်းဖြစ်သည်။

အစေခံက သူမ၏စားစရာပန်းကန်ကိုသယ်ကာ နဉ်ရှုအပေါ်မှောက်ကျအောင်လုပ်ရန်ရည်ရွယ်လျက် နဉ်ရှုကိုဝင်တိုက်သည်။ သို့သော်လည်း နဉ်ရှုက လွယ်ကူစွာပင်ရှောင်လိုက်နိုင်သည်မို့ အစေခံကို လှေကားထစ်မှချော်ကျသွားစေကာ စားစရာတွေက သူမကိုယ်ပေါ်ကိုယ်ပင် ပြန်ကျသွားသည်။

အစေခံက အော်ဟစ်ကာ နဉ်ရှုကိုစိုက်ကြည့်၏။ သို့သော်လည်း ထို့နောက်တွင်တော့ သူမက သူမအမူအရာကို ချက်ချင်းပြင်ကာ နဉ်ရှုကို‌ပြောသည်။

"နင် ငါ့ကို ကူညီနိုင်မလား? ငါ အခန်းပြန်ပြီး အဝတ်လဲချင်တာ၊ ဒါပေမယ့် ငါ့လက်က မှန်ကွဲစစိုက်မိလို့ ဒဏ်ရာရသွားတယ်။ နင်က ဆေးပညာနည်းနည်းပါးသိတယ်လို့ ငါကြားထားတယ်။ နင် ငါ့ဒဏ်ရာကို ကုပေးနိုင်မလား?"

အစေခံက သနားဖို့ကောင်းနေပြီး သူမရဲ့လက်ကလည်း မှန်ကွဲစရှလို့ သွေးတွေထွက်နေတာကို ဘေးကလူတွေမြင်တဲ့အခါ သူတို့က နဉ်ရှုကို‌ပြောလာကြသည်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now