Chapter - 1206

2.7K 511 3
                                    

[Zawgyi]

{အလုပ်သစ်}

"ဒါက နင် ဘယ်တာဝန်ကိုလွှဲယူရမလဲဆိုတာနဲ့သက်ဆိုင်တယ်။"

အစေခံက ခပ်ပေါ့ပေါ့ဆိုသည်။

နျိုဟုလုသခင်မ၏ခြံဝင်းရှိလူတိုင်းသည် သူမအပေါ် အနည်းငယ်အေးစက်နေကြသလို နဉ်ရှုခံစားလိုက်ရသည်။ သူတို့သည် အပြင်လူသူမကို သတိထားနေကြခြင်းပါပေ။

လုပ်စရာအထွေအထူးမရှိလေရာ သူမမှာ အလွန်ပင်အားလပ်လို့နေ၏။ ရေဇလုံသယာပေးခြင်း၊ အခန်းကိုသန့်ရှင်းပေးခြင်းစသည်တို့ကို  ရှာဖွေလုပ်ဆောင်ပေးဖို့မှတစ်ပါး သူမတွင်ရွေးချယ်စရာမရှိပေ။

ဒါက သူတို့ကြားထဲကလူတစ်ယောက်ဖြစ်ခြင်းနှင့် သူတို့ကြားကလူတစ်ယောက်မဖြစ်ခြင်းတို့၏ကွာခြားမှုပင်တည်း။

သူမသည် စုန့်သခင်မ၏အစေခံဖြစ်ခဲ့ပေရာ နျိုဟုလုသခင်မက သူမကိုယုံကြည်ပါလျှင် ဒါက နျိုဟုလုသခင်မ၏ဦးနှောက်သည် ပျက်စီးနေခြင်းကြောင့်ပင်ဖြစ်ရပေမည်။

နျိုဟုလုသခင်မ၏ခြံဝင်း၌နေထိုင်ရခြင်းက နဉ်ရှုအတွက် အတော်လေးသက်တောင့်သက်သာရှိလှပေ၏။ သည်တာဝန်အတွက်ကတော့ သူမအနေဖြင့် တစ်ကြိမ်ကို ခြေတစ်လှမ်းမျှသာလှမ်းနိုင်ပေမည်။

"မြောင်လင်း၊ သခင်မက နင့်ကိုရှာနေတယ်။"

အစေခံတစ်ယောက်က နဉ်ရှုကိုပြောလာသည်။

နဉ်ရှုသည် သူမ၏အဝတ်များကို အနည်းငယ်သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီးနောက် နျိုဟုလုသခင်မကိုသွားတွေ့၏။

ထိုအချိန်တွင် နျိုဟုလုသခင်မသည် မျက်နှာသစ်နေ၏။ သူမသည် မကြာမီအချိန်တွင် ပထမအဆင့်ကြင်ရာတော်အား အရိုအသေသွားပေးမည်ဖြစ်၏။ သူမက နဉ်ရှုကိုမြင်သည်၌ ပြောလာသည်။

"မြောင်လင်း၊ ဒီနေ့ မင်းက တို့နဲ့အတူ ပထမအဆင့်ကြင်ရာတော်ကိုအရိုအသေပေးတဲ့ဆီလိုက်ခဲ့ရမယ်။"

နဉ်ရှုသည် အနည်းငယ်အံ့သြသွား၏။ ထို့နောက် သူမသည် အရိုအသေပေးကာ နားလ်ာကြောင်းပြ၏။

သူမသည် နျိုဟုလုသခင်မနှင့်အတူ အဓိကခြံဝင်းဆီလိုက်သွား၏။ ဝူလနာလသခင်မက နဉ်ရှုကိုမြင်သည်၌ အပြုံးလေးဖြင့်မေးသည်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now