Chapter - 1190

4.7K 636 10
                                    

[Zawgyi]

{ငါ အရောင်ကိုမကြိုက်ဘူး}

စုန့်သခင်မရဲ့မျက်နှာကိုသစ်ပေးပြီးနောက် လက်တွေကိုသုတ်ပေးကာ သူမ ရေဇလုံကိုယူပြီးထွက်သွားရန်ပြင်လိုက်သည်။

စုန့်သခင်မက နဉ်ရှုကို ရုတ်တရက်ခေါ်လေ၏။ နဉ်ရှု နောက်ပြန်လှည့်ကည စုန့်သခင်မကိုမေးလိုက်သည်။

"တစ်ခုခုလိုပါသလား သခင်မ?"

"မင်းပန်ထားတဲ့ ပန်းပုတီးကတော်တော်လှတယ်နော်။"

နဉ်ရှု ခဏမျှအံ့အားသင့်သွားသည်။ ဒီပန်းပုတီးဝတ်မိတာကြောင့် သူမ စည်းကမ်းဖောက်ရာကျသွားပြီလား?

မဖြစ်နိုင်ပါဘူး။ မြောင်လင်းရဲ့သေတ္တာထဲမှာ သူမရဲ့အဆင့်အတန်းထက်ပိုတဲ့ဘယ်လိုပစ္စည်းမျိုးမှ ရှိမှာမဟုတ်ဘူး။

"ချီးကျူးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် သခင်မ။"

နဉ်ရှု ရွေးချယ်စရာမရှိတော့ဘဲ ထိုအတိုင်းသာပြန်ဖြေလိုက်ရ၏။

ထို့နောက် စုန့်သခင်မက ပြောလာသည်။

"အဲ့ဒါကို ထပ်မဝတ်နဲ့။ ငါ အရောင်ကိုမကြိုက်ဘူး။"

သူမက စကားပြောရင်းဖြင့် သူမရဲ့နားသယ်ရှိဆံစများကို သစ်ခွဟန်လက်ဖြင့်ပွတ်သပ်နေ၏။

နဉ်ရှု ပုတီးပန်းများကို ချက်ချင်းချွတ်လိုက်သည်။ စုန့်သခင်မက နဉ်ရှုကို ဘာမှမပြောဘဲ ကြည့်ရုံသာကြည့်နေခဲ့သည်။

နဉ်ရှု အခန်းထဲမှလှည့်ထွက်လာခဲ့သည်။ ဒီသေးငယ်တဲ့ဆက်ဆံမှုက သူမအတွက်တော့ စုန့်သခင်မရဲ့စိတ်သဘောထားကို အကြမ်းဖျင်းနားလည်ဖို့လုံလောက်သည်။ သူမက သူမရဲ့အစေခံတွေ သူမရဲ့ထိန်းချုပ်မှုအောက်က လွတ်ထွက်သွားတာကိုမကြိုက်။ သူမက ပုတီးပန်းရဲ့အရောင်ကိုမကြိုက်ဘူးလို့ပြောပေမယ့် အမှန်တကယ်ကတော့ သူမအစေခံတွေ လှလှပပဝတ်စားထားတာကိုမကြိုက်ခြင်းဖြစ်၏။

သူမရဲ့အစေခံတွေက ရင်ကျန်းကိုခိုးယူသွားမည်ကို စိုးရိမ်နေခြင်းကြောင့်ဖြစ်မည်။

စုန့်သခင်မက သူမရဲ့ကိုယ်ပိုင်အစေခံကိုခေါ်ကာ ပထမအဆင့်ကြင်ယာတော်ကို နှုတ်ဆက်ရန်သွားသဖြင့် နဉ်ရှု မနက်စာသွားစားပြီးနောက် သူမအခန်းကိုပြန်လာလိုက်သည်။ သူမက ပုတီးပန်းကို သူမအိပ်ယာဘေးကသေတ္တာထဲပြန်ထည့်လိုက်ပြီး သူမရဲ့ဆံပင်ထဲ ငွေဆံထိုးတစ်ချောင်းကိုသာ ရိုးစင်းစွာထိုးစိုက်လိုက်သည်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now