Chapter - 1243

4.6K 407 27
                                    

[Unicode]

{အဆင့်မြင့်တာဝန်ထမ်းဆောင်သူ?}

"ဒါက စမ်းသပ်စစ်ဆေးတဲ့တာဝန်ဆိုမှတော့ အကဲဖြတ်ထားတာလည်း ရှိမှာပေါ့၊ ဟုတ်တယ်မလား? ဒီတစ်ခေါက် ငါ့တာဝန်အကဲဖြတ်မှုက ဘာတဲ့လဲ?"

နဉ်ရှုက မေးသည်။

2333က ပြောသည်။

"ဒီတစ်ခေါက် မင်း အတော်လေးကောင်းကောင်းမွန်မွန်လုပ်ခဲ့တယ်။ လုပ်တာ ပြောင်မြောက်တယ်။ အကဲဖြတ်တာက ထူးချွန်တယ်။"

"အကဲဖြတ်တာက ဘယ်အပေါ်မူတည်တာလဲ?"

နဉ်ရှုက အံ့အားသင့်ကာမေးသည်။

သူမ အကဲဖြတ်မှုမှာ ထူးချွန်အဆင့်ရမယ်လို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးပေ။

2333ကပြောသည်။

"စစ်ဆေးတဲ့နယ်ပယ်မှာ တာဝန်ထမ်းဆောင်ချိန်မှာ မင်းလုပ်ခဲ့တာတွေအကုန်လုံးရှိတယ်။ မင်းရဲ့စိတ်ဆန္ဒ၊ အလိုက်သင့်နေထိုင်နိုင်တဲ့စွမ်းရည်၊ ပြီးတော့ လူသားတစ်ယောက်အနေနဲ့ မင်းရဲ့သည်းခံနိုင်တဲ့အတိုင်းအတာ။ မင်းလုပ်လိုက်တဲ့အပြုအမူတိုင်းက အကဲဖြတ်တဲ့အခါမှာ အမှတ်တိုးစေနိုင်သလို၊ အမှတ်လည်းလျော့စေနိုင်တယ်။"

"အိုး၊ ဆိုတော့ အဲ့လိုပေါ့။"

ထို့နောက် နဉ်ရှုကမေးသည်။

"ဒီတော့ အကဲဖြတ်ထားတာတွေက ဘာအသုံးဝင်လဲ?"

"အသုံးဝင်ချင်ဝင်မယ်၊ အသုံးမဝင်ချင်မဝင်ဘူး။ နောက်တစ်နည်းပြောရမယ်ဆို နောက်ဆုံးရလဒ်က အချက်အလက်အတွဲ‌လေးတစ်ခုပဲ၊ ရှင်သန်နိုင်တာက အရေးအကြီးဆုံးကိစ္စပါ။ မင်းရဲ့ ပထမဆုံးစမ်းသပ်စစ်ဆေးခံရတဲ့တာဝန်လိုပေါ့။ မင်းရဲ့ရလဒ်တွေအကုန်လုံးက တော်တော်လေးဆိုးရွားနေပေမယ့် မင်း အသက်ရှင်နိုင်ခဲ့တယ်လေ။"

2333က ပြောသည်။

"အခုတော့ ငါတို့ခရီးစဉ်က ကြယ်ပင်လယ်ဆီကိုပဲ။"

နဉ်ရှုက 2333ရဲ့ ပျော်ရွှင်နေတဲ့စကားတွေကို အမူအရာကင်းမဲ့စွာဖြင့် နားထောင်နေလေ၏။ သူမရဲ့အမူအရာက လုံးဝ‌ပြောင်းလဲမသွားချေ။

"ပျင်းစရာကောင်းလိုက်တာ။"

2333က သရော်သည်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now