Chapter - 1207

2.6K 523 25
                                    

[Zawgyi]

{နောက်ဆုံးတော့မွေးကာနီးလာပြီ}

နဉ်ရှုသည် နျိုဟုလုသခင်မ၏ခြံဝင်းအတွင်းတွင် ရှိနေမှန်းပင်မသိသာလောက်အောင်ဖြစ်နေ၏။ သို့သော်လည်း တစ်စုံတစ်ယောက်သည် သူမကိုစောင့်ကြည့်နေသည်ဟု နဉ်ရှု ခံစားနေရသည်။

မဟုတ်သေး၊ အတိအကျပြောရမည်ဆိုလျှင် သူတို့က သူမကို လေ့လာအကဲခတ်နေသည်နှင့်ပိုတူ၏။ သူတို့သည် သူမက ရိုးသားရဲ့လားဆိုသည်ကို အကဲခတ်လေ့လာနေကြခြင်းဖြစ်နိုင်သည်။

နဉ်ရှုသည် ထိုကိစ္စအား အာရုံမထားတော့ဘဲ သူမလုပ်စရာရှိသည်တို့ကိုသာ လုပ်နေလိုက်၏။

အခုလောလောဆယ်တော့ သူမ ဘာကိုမှလုပ်ဖို့ကြံစည်မနေပါဘူးနော်။

စုန့်သခင်မသည် အချိန်အတော်ကြာအောင် ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သည်။ နောက်ဆုံးတွင်တော့ သူမသည် မွေးဖွားကာနီးလာခဲ့ပြီး ညသန်းခေါင်တွင် မွေးလေ၏။ သူမရဲ့စူးစူးဝါးဝါးအော်သံက အရမ်းကိုကျယ်လောင်လွန်းတာကြောင့် အိမ်တော်တစ်ခုလုံးပင်ကြားနိုင်လောက်၏။

နျိုဟုလုသခင်မသည် အိပ်ရာမှထကာ စုန့်သခင်မ၏ခြံဝင်းဆီသွား၏။ အတွင်းနန်းဆောင်က သခင်မအားလုံးလည်း စုန့်သခင်မ၏ခြံဝင်းတွင်ရှိနေကြကာ ရင်ကျန်းနှင့်ဝူလနာလသခင်မတို့သည်ပင် ရောက်နေ၏။

ရင်ကျန်းသည် အနည်းငယ်စိုးရိမ်နေပုံရကာ သူ့ရဲ့အမြဲလိုအေးစက်နေတတ်သည့်အမူအရာတို့မှာ ပို၍ပင်အေးစက်တည်တင်းနေ၏။ ဝူလနာလသခင်မသည် ရင်ကျန်းကို "မင်းသား၊ စုန့်သခင်မက ကျိန်းသေအဆင်ပြေမှာပါ။ သူက မင်းသားရဲ့ရင်သွေးကို ဘာပြသနာမှမရှိဘဲ သေချာပေါက်မွေးပေးနိုင်မှာပါ"ဟုဆိုကာ ဖြောင်းဖြနေခဲ့၏။

ရင်ကျန်းသည် ဝူလနာလသခင်မ၏လက်ကိုယူကာ နွေးထွေးစွာဆို၏။

"မင်း ပြန်အိပ်သင့်တယ်။ ကိုယ်တော် စောင့်နေတာကပဲ လုံလောက်ပါပြီ။"

"ကျွန်မ မင်းသားနဲ့အတူစောင့်ပေးပါ့မယ်။"

ဝူလနာလသခင်မသည် ဣနြေ္ဒရစွာပြုံးပြီးနောက် စုန့်သခင်မ၏အစေခံကိုလှမ်းပြောသည်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Onde histórias criam vida. Descubra agora