Chapter - 1210

2.6K 544 8
                                    

[Zawgyi]

{တို့သွေးကြောကိုစမ်းပေး}

ကလေးကို သုတ်သင်သန့်ရှင်းပေးပြီးနောက် နဉ်ရှုသည် ကလေး၏ကိုယ်ပေါ်တွင် နံ့သာမှုန့်အချို့ကိုလိမ်းပေး၏။ အပူဖုတွေက အရမ်းကိုယားတာကြောင့် သူမသာဒီလိုမလုပ်ပေးပါက ကလေးသည် တော်တော်လေးပင်နေလို့ကောင်းမည်မဟုတ်ပေ။ ထို့နောက်တွင်တော့ သူမသည် ကလေးကို ဆိတ်နို့တိုက်ရန်အတွက် ဇွန်းသေးသေးလေးကိုယူ၏။ ဆိတ်နို့သည်  အင်မတန်အာဟာရပြည့်ဝပြီး ကလေး၏ခန္ဓာကိုယ်ကလိုအပ်သည့်အားအင်တို့ကို ဖြည့်တင်းပေးနိုင်လောက်သည်။

ကလေးမွေးလာပြီးသည်မှာ ကြာပြီဖြစ်သော်ငြား သူမသည် အရမ်းပိန်ကာအားနည်းနေဆဲဖြစ်၏။ နဉ်ရှုမှာ သက်ပြင်းသာချလိုက်နိုင်သည်။ သူမကတော့ နို့ထိန်းတစ်ယောကဖြစ်လာချေပြီတည်း။

ကလေးကို ဆိတ်နို့တိုက်ပြီးနောက်တွင် သူမသည် ကဆလးကိုပွေ့ချီကာ ဆိတ်နို့တွေပြန်ထွက်လာခြင်းမှကာကွယ်ရန် သူမလေး၏ကျောကိုပုတ်ပေး၏။

ကလေးအိပ်ပျော်သွားသည့်အခါတွင် နဉ်ရှုသည် ကလေးကို ပုခက်ထဲပြန်ချထားလိုက်၏။

ဒါတွေအားလုံးပြီးဖို့ သူမအတွက် အချိန်ခဏကြာသော်ငြား နို့ထိန်းသည်တော့ ကလေးကိုကြည့်ဖို့အတွက် တစ်ကြိမ်လေးပင်နိုးမလာခဲ့ချေ။

ဒီကလေး သေသွားရသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ အစတုန်းတည်းက စုန့်သခင်မသည် ကိုယ်ဝန်ရှိနေချိန်မှာ မနက်ပိုင်းဆိုအပြင်းဖျားတတ်၏။ သူမက သိပ်မစားတာကြောင့် ကလေးသည်လည်း အာဟာရသိပ်မရ။ ဒါ့အပြင် ကလေးမွေးလာဖို့ကလည်း ခက်နေသေးလေရာ  ကလေးရဲ့ခန္ဓာကိုယ်က အရမ်းကိုအားနည်းနေခဲ့သည်။

နို့ထိန်းသည်လည်း ကလေးကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ခြင်းမရှိပေ။

ဒါတွေအကုန်လုပ်ပြီးသွားမှသာ နဉ်ရှု ပြန်လာခဲ့ရသည်။ သူမနဲ့တစ်ခန်းတည်းအတူနေတဲ့အစေခံက အိပ်ပျော်နေဆဲဖြစ်ရာ သူမသည် အိပ်ရာဆီတိတ်ဆိတ်စွာလျှောက်သွားလိုက်ပြီး လှဲချလိုက်၏။

နောက်တစ်နေ့မနက်ခင်းအစောမှာတော့ သူမသည် အလုပ်လုပ်ရန် အိပ်ရာထရပြန်၏။ သူမရဲ့နေ့ရက်တွေက အလုပ်တာဝန်တွေအရမ်းကိုပြည့်ကျပ်နေသည်ဟု နဉ်ရှုခံစားလိုက်ရသည်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now