Chapter - 1205

2.9K 566 28
                                    

[Zawgyi]

{ဥာဏ်ထက်သည့်အမျိုးသမီး}

"စိတ်မပါလက်မပါဖြစ်တတ်တဲ့သူတွေကို တို့သဘောမကျဘူး။ အခုကစပြီး မင်းကိုတို့ပိုင်တာမို့ တို့က မင်းကိုကောင်းကောင်းဂရုစိုက်မှာပါ။"

နျိုဟုလုသခင်မက ပေါ့ပါးစွာဆိုသည်။

နျိုဟုလုသခင်မက သူမကိုသတိပေးနေခြင်းဆိုသည်အား နဉ်ရှုသိပေရာ သူမသည် အရိုအသေပေးကာပြောလိုက်၏။

"ဒီအစေခံ နားလည်ပါပြီ။"

နျိုဟုလုသခင်မသည် ပြုံးလိုက်ပြီးနောပ် သူမလက်မှကျောက်စိမ်းလက်ကောက်ကိုချွတ်ကာ နဉ်ရှု၏လက်ထဲထည့်ပေးလိုက်၏။ သူမက ပြောသည်။

"ဒါက တို့ရဲ့မင်းကိုကြိုဆိုတဲ့လက်ဆောင်ပဲ။"

နဉ်ရှု လက်ကောက်ကိုကြည့်လိုက်သည်။ လက်ကောက်သည် နူးညက်လှပသည့် တော်ဝင်ကြင်ရာလက်ကောက်ဖြစ်ပေ၏။ တစ်ချက်ကြည့်ရုံနှင့်ပင် တန်ဖိုးမြင့်သည်မှာသိသာသည်။ နဉ်ရှုသည် အလျင်စလိုပင်ဆို၏။

"ဒီအစေခံ လက်မခံပါဝံ့ပါဘူး။"

"ယူထားလိုက်။"

နျိုဟုလုသခင်မက တည်ငြိမ်စွာဆိုသည်။

သည်မျှတန်ဖိုးကြီးသောလက်ကောက်က သူမလိုအဆင့်အတန်းမျိုးနဲ့ ဝတ်ဆင်၍ရသောအရာမဟုတ်ပေ။

"ဒီအစေခံရဲ့အတင့်အတန်းက နိမ့်ပါးတာမို့ ဒီလိုတန်ဖိုးကြီးတဲ့ဆုလက်ဆောင်ကို မယူဝံ့ပါဘူး။"

နဉ်ရှု လက်ကောက်ကိုမယူချင်ပေ။

နျိုဟုလုသခင်မသည် မကျေမနပ်ဖြစ်လို့သွား၏။

"အခု တို့က မင်းသခင်ပဲ။ တို့က မင်းကို ဒီဟာပေးမှတော့ စိတ်ချလက်ချယူလိုက်ပါ။"

"လက်ဆောင်အတွက် ဒီအစေခံက သခင်မကို ကျေးဇူးတင်ပါတယ်။"

နဉ်ရှုသည် လက်ကောက်ကိုလက်ခံလိုက်၏။

နောက်ဆုံး၌မူ နျိုဟုလုသခင်မသည် ပြုံးရွှင်သွားကာ လှည့်ထွက်သွားချေ၏။

သူမလက်ထဲမှလက်ကောက်ကိုကြည့်ရင်း နဉ်ရှုသည် လေးစားမှုတို့ဖြင့် သက်ပြင်းမချဘဲမနေနိုင်ခဲ့။ မင်းဆက်သုံးဆက်တိုင် ထင်ရှားခဲ့သည့် အမျိုးသမီးပီသလှပါပေ၏။ သူမသည် အိမ်တော်ငယ်လေးတစ်ခု၏သခင်မမှသည် တော်ဝင်ကြင်ရာတော်အဖြစ်၊ ထို့နောက် ဧကရီအဖြစ်၊ နောက်ဆုံး ဧကရီမယ်တော်ကြီးအဖြစ်ပါတက်လှမ်းနိုင်ခဲ့သည်။ သူမသည် မကွယ်လွန်ခင် ၈၆နှစ်ထိတိုင်နေထိုင်ခဲ့၏။ သူမသည် အဓိကဇနီးကွယ်လွန်သွားသည့်တိုင်နေထိုင်ခဲ့ပြီး မိဖုရားကြီးဖြစ်လာခဲ့သည်။ သူမသည် ရင်ကျန်းအလွန်ချစ်မြတ်နိုးရသည့် နျန်သခင်မသေဆုံးသည့်တိုင်အသက်ရှည်နေသေးကာ ရင်ကျန်းအတွက် အရေးအကြီးဆုံးသောသူဖြစ်လာခဲ့၏။ နောက်ဆုံးတွင်တော့ သူမသည် ရင်ကျန်းသေဆုံးသွားသည့်တိုင် ဆက်လက်အသက်ရှင်နေဆဲဖြစ်ကာ ဧကရီမယ်တော်ကြီးဖြစ်လာခဲ့သည်။ သူမ၏ဘဝကိုအခြေခံကာ ဥာဏ်ထက်သည့်အမျိုးသမီးတစ်ဦး၏ဘဝဇာတ်ကြောင်းကိုပင်ရေးသားနိုင်လောက်သည်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now