Chapter - 1225

2.6K 489 2
                                    

[Unicode]

{ဘယ်သူက လေးယောက်မြောက်ဖြစ်မလဲ?}

နဉ်ရှုက နျိုဟုလုသခင်မငယ် သူမကိုလုပ်ခိုင်းသည့်ကိစ္စကို နျိုဟုလုသခင်မအား ပွင့်ပွင့်လင်းလင်းပင်ပြောပြလိုက်သည်။ သူမ ဒါကို ဖုံးကွယ်ထားလိုစိတ်မရှိ‌ပေ။ နျိုဟုလုသခင်မက သည်အကြောင်းကို သူမဘာသာစိုးရိမ်နိုင်၏။

နျိုဟုလုသခင်မငယ်က သူမ နျိုဟုလုသခင်မကို ဒီအကြောင်းမပြောဘူးဆိုတာ ဘယ်လိုလုပ် အရမ်းသေချာနေရတာလဲ? ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းပြောလိုက်တာက ပြသနာကိုတောင် ဖြေရှင်းနိုင်တဲ့ဟာကို။

ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီကိစ္စက သူမနဲ့ဘာမှမသက်ဆိုင်တော့။

သည်အဖြစ်အပျက်ကြောင့်လို့ဆိုရမလား၊ နျိုဟုလုသခင်မက နဉ်ရှုကို သိပ်မယုံကြည်တော့ပေ။ သူမက နဉ်ရှုကို သူမအနားကပ်ဖို့ ခွင့်ပြုခဲလှသည်။ သူမ နေလို့မကောင်းသလိုခံစားနေရပါက အိမ်တော်ရှိသမားတော်ကိုသာပင့်ဖိတ်၏။ နဉ်ရှုကလည်း ဒါတွေကို တကယ်ကိုဂရုမစိုက်ပါဘဲ သူမလုပ်စရာရှိသည်ကိုသာလုပ်နေလေ၏။

ဘယ်လိုပဲဖြစ်ဖြစ် သူမ နျိုဟုလုသခင်မ၏ယုံကြည်မှုကို ဘယ်တုန်းကမှမလိုချင်ခဲ့။

နျိုဟုလုသခင်မငယ် ဘာလုပ်ဖို့ကြံနေတယ်ဆိုတာကို နဉ်ရှုနည်းနည်းတော့ရိပ်မိသလိုရှိသည်။ သူမက နျိုဟုလာသခင်မရဲ့ဗိုက်ထဲက ကလေးကိုသတ်ချင်တာက ဒီလိုမှသာ ဟုန်လီလောင်းလေးက သူမဗိုက်ထဲကသူဖြစ်မှာမို့ပင်။

ဟုန်လီက လေးယောက်မြောက်ကလေးဖြစ်သည်။ ဝူလနာလသခင်မက ပထမဆုံးသားတော်ကလေးမွေးခဲ့၏။ သည်အချိန်တွင် လီသခင်မသည်လည်း ယောက်ျားလေးတစ်ယောက်ကိုလွယ်ထားရပြီဖြစ်ပြီး ကန်းသခင်မရဲ့ကလေးကတော့ မသိရသေးပေ။ အခု နျိုဟုလုသခင်မနဲ့ နျိုဟုလုသခင်မငယ်က တစ်ပြိုင်တည်းကိုယ်ဝန်ရှိနေ၏။ သူတို့ထဲက ဘယ်သူအရင်မွေးမယ်ဆိုတာ ဘယ်သူသိမှာလဲ?

ဒီကိစ္စတွေထဲ ဝင်ပတ်သက်ဖို့က သူမကိစ္စမဟုတ်သလို သူမ ဝင်ပတ်သက်ချင်တောင် ပတ်သက်နိုင်စွမ်းမရှိပေ။ ဒါကြောင့် အခုအချိန်မှာ သူမ ဒီကမ္ဘာကနေ ဘယ်အချိန်ထွက်သွားလို့ရမလဲဆိုတာကိုပဲ သူမသိချင်မိသည်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Unde poveștirile trăiesc. Descoperă acum